Monday, May 6, 2024

CATEGORY

သတင်း

ကွတ်ခိုင်မြို့နယ်တွင် ကြိုတင်မဲရေတွက်မှု လက်ရှိအချိန်ထိမပြီးစီးနိုင်သေး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လက်ရှိ ညသန်းခေါင်ချိန်ထိ ကြိုတင်မဲ ရေတွက်မှု မပြီးသေးကြောင်း စုံစမ်းသိရသည်။ ကြိုတင်မဲများတွင် အသက် ၆၀နှစ်အထက် သက်ကြီးရွယ်အိုမဲများသာမက အသက် ၁၈နှစ်အရွယ်များပါနေကြောင်း၊ ကြိုတင်မဲအရေအတွက်သည် သာမန်မဲထက်ပိုများနေကြောင်း ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းပြည့်ဖြိုးကျော် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကြိုတင်မဲတွေ အခုချိန်ထိ မပြီးသေးဘူး။...

မူဆယ်တွင် မဲဆန္ဒရှင် စာရင်းမပါဝင်သည့် (၁၀)ဦး မဲပေးခွင့်ပြု

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ ဟိုမွန်ရပ်ကွက် မဲရုံ အမှတ်(၁)မှာ မဲစာရင်းမပါသည့် (၁၀)ဦးကို မဲပေးခွင့်ပြုခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် တွင် မဲရုံပိတ်ခါနီးအချိန်တွင် မဲပေးရန် စာရင်းထဲမပါဝင်သည့် ဟိုမွန်ရပ်ကွက်နေထိုင်သည့် (၁၀)ဦးကို မဲပေးခွင့်ပြုခဲ့ကြောင်း မူဆယ်ရွေးကောက်ပွဲစောင့်ကြည့်နေသည့် သူများထံသိရသည်။ “ မဲရုံ ပိတ်သိမ်းချိန်မဲရုံမှူးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ နားလည်မှုလွှဲပြီး မဲဆန္ဒရှင်စာရင်းမှာ...

မိုင်းရှူးမြို့နယ်အတွင်း ရွေးကောက်ပွဲ မဲရုံအချို့ အမှန်ခြစ် UEC အမှတ်တံဆိပ်တုံးများတွင် ရာဘာပြားမပါ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်း  မဲရုံအချို့၌ ရွေးကောက်ပွဲ ကော်မရှင် အသိ အမှတ်ပြု တံဆိပ်တုံးတွင် UEC နှင့် အမှန်ခြစ် အမှတ်အသား ရာဘာတုံး မပါရှိကြောင်း ကြားသိရသည်။ နို၀င်ဘာ ၈ ရက် ယနေ့ ကျင်းပသော ရွေးကောက်ပွဲတွင် မိုင်းရှူးမြို့ မိုင်းအောတ်ကျေးရွာအုပ်စုအတွင်းရှိမဲရုံ၌...

တာချီလိတ် မဲဆန္ဒရှင် (၁၀၀)ဦး၊ သျှမ်းတောင် ဖယ်ခုံ မဲစာရွက် မှားယွင်းပေးခဲ့ရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ မဲဆန္ဒရှင် (၁၀၀)ဦးသည် သျှမ်းတောင် ဖယ်ခုံမြို့နယ် မဲစာရွက်ဖြင့် မှားယွင်းမဲပေးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၈)ရက် ကျင်းပသည့် ရွေးကောက်ပွဲတွင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မဲရုံအမှတ်(၁) တွင် မဲစာရွက်မှားယွင်းမှုရှိ သဖြင့် မဲဆန္ဒရှင်များအား မဲပြန်လာပေး ခွင့်ပြုထားကြောင်း သိရသည်။ “...

မူဆယ်တွင် မဲကိုယ်စား လာရောက်ထည့်သူရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံကျေးရွာတွင် ယနေ့ (နိုဝင်ဘာ၈)ရက် ရွေးကောက်ပွဲနေ့၌ လူစားထိုးပြီး မဲလာပေးမှုများရှိနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မူဆယ်မြို့နယ် တိန်းလုံကျေးရွာရှိ မဲရုံအမှတ်(၁)တွင် အမျိုးသမီးတဦးသည် သူငယ်ချင်းအစား မဲလာပေးပြီး၊ ပြည်သူ့လွှတ်တော် ပုံး တပုံးကိုထည့်ခဲ့ကြောင်း တိန်းလုံ မဲရုံကို စောင့်ကြည့်နေသည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...

မဲရုံ ပိတ်ရန် တစ်နာရီအလို မဲပေးရမည့် ပြည်သူများထောင်ချီကျန်ရှိနေသေး

တောင်ကြီးမြို့ ၊ သစ်တောရပ်ကွက် တွင် ဆန္ဒမဲထည့်ရန် လူဦးရေ တစ်ထောင်ကျော် ကျန်ရှိနေသေးသည့် အတွက် ရပ်ကွက်အတွင်း ကားများဖြင့် လည့်လည်ဆော်ဪ နေကြောင်းသိရသည် ။ “ မနက် ၅ နာရီကတည်းက ပြည်သူလူထုတွေက စိတ်ဝင်တစားနဲ့ မဲပေးဖို့ မဲရုံမှာ လာ စောင့် နေကြပါတယ်။...

သျှမ်းရှေ့ မိုင်းယောင်း တွင် တံဆိပ်တုံးအတု ယူလာသည့်အမျိုးသားတစ်ဦး ထိန်းသိမ်းခံရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဟောင်ကြန့် ကျေးရွာ မဲရုံတွင် တံဆိပ်တုံးအတု ယူဆောင်လာသူ ရှိကြောင်း စုံစမ်းသိရသည်။ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာ အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း မဲရုံ (၃)တွင် မဲဆန်ဒရှင် အမျိုးသားတဦးသည် UEC တံဆိပ်မပါသည့် တံဆိပ်တုံးတခုယူဆောင်လာသည်ကို တွေ့ရှိသဖြင့် ၎င်းအမျိုးသားကို ထိန်းသိမ်းစစ်ဆေးနေကြောင်း...

သီပေါကျေးလက်တချို့တွင် မဲဆန္ဒရှင်များ Social Distancing မလုပ်နိုင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျေးလက်တချို့ ရှိ မဲရုံများ ၌ မဲဆန္ဒရှင်ကျေးလက်လူထု ပြည့်ကျပ်တို၀ှေ့ကာ  ၃ ပေ ၆ပေအကွာ မခြားနိုင်ခဲ့ကြကြောင်းသိရသည်။ သီပေါမြို့နယ် နားမခေါ်အုပ်စုရှိ နားမခေါ်ရွာ မဲရုံ ၁၀၁၊ ၁၀၂ နှင့် နမ့်လန် ကောင်းလန်းရွာ မဲရုံအမှတ် ၇ တို့တွင် မဲဆန္ဒရှင်များ...

မန္တလေးတိုင်းအတွင်းနေထိုင်သည့် သျှမ်းလူမျိုးများ တိုင်းရင်းသားရေးရာမဲပေးခွင့် ဆုံးရှုံးနေရ

မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် သျှမ်းလူမျိုးများသည် ယနေ့ ( နိုဝင်ဘာ ၈) ရက် တွင်ကျင်းပသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ သျှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း မဲ မပေးခဲ့ရသူ အများအပြားရှိနေသည်ဟု စုံစမ်းသိရှိရသည်။ မန္တလေးမြို့တွင် နေထိုင်ပြီး မိဘ နှစ်ပါးစလုံး သျှမ်းလူမျိုး စစ်စစ်များဖြစ်ကာ မှတ်ပုံတင်တွင်လည်း...

မိုင်းတုံမြို့နယ်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ တိုကင်ဖြင့်မဲလာထည့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့ တွင် အသက် (၁၈) နှစ် မပြည့်သေးသည့်ကလေးငယ်များ တိုကင်ဖြင့် မဲလာထည့် ကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့နယ် အတွင်းရှိ ဝမ်မိုင်ကျေးရွာ စာသင်ကျောင်း၊ နမ့်ယွန်းကျေးရွာ စာသင်ကျောင်းနှင့် နမ့်ဖိုင်ကျေးရွာ စာသင်ကျောင်း တွင် အသက်မပြည့်သေးသည့် ကလေးငယ် ၈၀ရာခိုင်နှုန်းခန့် တိုကင်ကိုင်ဆောင်ပြီး...

Latest news