ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုနဲ့ ပိုကျပ်တည်းလာကြတဲ့ နယ်ခံပြည်သူများ

စစ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်ကာလအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းနဲ့ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် ကြီးမြင့်မှုဒဏ်ကို မြို့နေလူတန်းစားသာမက နယ်မြို့ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ အခြေခံပြည်သူတွေလည်း ရင်ဆိုင်တွေ့ကြုံနေရပါတယ်။

တောင်ကြီး စျေးသည်ပုံ

စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ စက်သုံးဆီ၊ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှု၊ ဝင်ငွေရရှိမှု လျော့ပါ့မှု အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု စတဲ့ လူမှုစီးပွားဘဝ အကျပ်အတည်းများကို အသက်အရွယ်မရွေး လူတန်းစားပေါင်းစုံမရွေး ရင်ဆိုင်နေရပါတယ်။

စစ်အာဏာမသိမ်းခင် ယခင်ကုန်ဈေးနှုန်းနဲ့ လက်ရှိကုန်ဈေးနှုန်းကို နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း အထက် မြင့်တက်လာနေတယ်လို့ စားသုံးပြည်သူတွေက ပြောပါတယ်။

အရင် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကာလက ကြက်ဥ ၁၀ လုံးကို ကျပ် ၈၀၀ ကနေ ကျပ် ၁,၀၀၀ သာ ပေးဝယ်ခဲ့ရပြီး စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် လက်ရှိအချိန်မှာတော့ ကြက်ဥတစ်လုံးကို ကျပ် ၂၅၀ ပေးဝယ်စားနေရပါတယ်လို့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မှာနေထိုင်တဲ့ ဒေါ်လှယဉ်က ပြောပြပါတယ်။

“အခုကတော့ အကုန်ဈေးတက်တယ်။ တစ်ခုမကျန် တက်တာ။ မီးဖိုချောင်သုံးပစ္စည်းတွေ အကုန်လုံးတက်တယ်။ ဈေးတွေကလည်း အရင်ကထက် တစ်ဝက်ထက်ပိုပြီး မြင့်တက်လာတယ်။ ကြက်ဥတစ်လုံးဆိုရင် ၂၅၀ ကျပ် ဖြစ်နေပြီ။ ၁၀ လုံး ဆိုရင် ၂,၅၀၀ ပေးရတယ်။ အရင်က ၁၀ လုံးကို ၉၀၀ လောက်ပဲ ပေးရတာ” ဟု ဒေါ်လှယဉ်က ပြောပါတယ်။

တောင်ကြီး စျေး

ယခင်က ရရှိတဲ့ တနေ့တာလုပ်အားခနဲ့ တစ်ရက်ကို ထမင်း ၃ နပ် စားသောက်နိုင်ခဲ့ပေမယ့် အခုကာလမှာ ရရှိတဲ့ဝင်ငွေနဲ့ အဆင်ပြေအောင် တစ်နေ့တာကို ဖြတ်သန်းနေရတော့တယ်လို့ ဒေါ်လှယဉ်က ဆိုပါတယ်။

“ အခုတော့ဖြစ်သလိုပဲ စားကြတာပေါ့။ ဟင်းလည်း ခြံထဲရှိတဲ့ အရွက်တွေအသီးတွေခူးပြီး ချက်စားရတာပေါ့။ အသားဟင်းဆို မစားရတာ ကြာပြီ။ ထမင်းဝိုင်းလည်း ဟိုအရင်တုန်းကလို ဟင်းခွက်စုံစုံနဲ့ မစားရတော့ဘူး။ အကုန်က ဈေးတက်လာတော့ အရမ်းကို ခက်ခဲလာတယ်” ဟု ဒေါ်လှယဉ်က ရင်မောစွာနဲ့ ပြောပါတယ်။

ကုန်ဈေးနှုန်းတွေ တစ်ရိပ်ရိပ်မြင့်တက်လာပေမယ့် ဒေါ်လှယဉ်တို့ အခြေခံနေ့စား အလုပ်သမားတွေ ရရှိတဲ့ လုပ်အားခတော့ ယခင်ပုံမှန်အတိုင်းသာ ရရှိပြီး ဝင်ငွေအပို ရရှိတာမျိုး မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပြီး အလုပ်ကိုင်ကလည်း ရှားပါးလာတာကြောင့် နောင်ရှေ့ရေး စားဝတ်နေရေးအတွက်က မတွေးဝံ့စရာပဲလို့ ဒေါ်လှယဉ်က အခုလိုပြောဆိုပါတယ်။

“ရှေ့ရေးဆိုတာကို မတွေးရဲဘူး။ ဘယ်လိုဆက်ပြီး အသက်ရှင်ရမလဲတောင် မတွေးရဲတော့ဘူး။ အရင်ကဆိုရင်တော့ ရှေ့ဆက်ဘာလုပ်မယ်ဆိုတာ စဉ်းစားလို့ ရသေးတယ်။ အခုတော့ ဘာမှ မစဉ်စားလို့ မရတော့ဘူး။ စဉ်းစားလည်း ဘာလမ်းမှ မတွေ့တော့ဘူး” လို့ သူက ညည်းတွားပြောဆိုပါတယ်။

ဒေါ်လှယဉ်ရဲ့အမျိုးသားက အသက် ၆၀ နီးပါးရှိပြီး ကျန်းမာရေးလည်းမကောင်းသလို အလုပ်လည်း မလုပ်ကိုင်နိုင်တာကြောင့် သူဟာ ကျောက်မဲမြို့က နေ့စားစိုက်ပျိုးရေးခြံတွေမှာ အလုပ်လုပ်ပြီး တစ်နေ့တာ စားဝတ်နေရေးကို ဖြေရှင်းနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်လည်း ဖြစ်ပါတယ်။

“ကျမက တစ်ရက်ကို ၆၀၀၀ လောက်ပဲ ရတယ်။ ရှိသလို ဖြစ်သလိုပဲ စားရတာပေါ့။ စုဖို့ဆိုရင်လည်း မစုနိုင်တော့ဘူး။ တစ်နေ့တာစားဖို့တောင် မလုံလောက်တော့ဘူး” ဟု ဒေါ်လှယဉ်က ဆိုပါတယ်။

အလုပ်လုပ်ကိုင်နိုင်စွမ်းလည်းကျဆင်း အသက်အရွယ်လည်းကြီးသူ ဖြစ်တာကြောင့် လုပ်ငန်းရှင်ဘက်က အလုပ်ခေါ်ယူ ငှားရမ်းတာတွေ နည်းပါးလို့ အခုလို တရိပ်ရိပ် မြင့်တက်လာတဲ့ ကုန်ဈေးကြားမှာ တစ်နေ့တာ ဖြတ်သန်းကျော်လွှားနိုင်ဖို့ မသေရုံ ရုန်းကန်ရှာဖွေ စားသောက်နေကြရတယ်လို့ ဒေါ်လှယဉ်က ဆက်ပြောပါတယ်။

တောင်ကြီး စျေး

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ “မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်ကြောင့် ၂၀၂၀ ခုနှစ် မတ်လတွင်ရှိခဲ့သည့် ဆင်းရဲမွဲတေမှုနှုန်းထက် နှစ်ဆမြင့်တက်လာခြင်းဖြစ်ကြောင့် နိုင်ငံအတွင်းရှိ အခြေခံလူတန်းစား၊ ဆင်းရဲနွမ်းပါးသူများဟာ ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိပြီး မညီမျှမှုများ ပိုဆိုးရွားလာမည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

ဒါ့အပြင် “ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ရောက်ရှိလာနေသဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်က ဆင်းရဲနွမ်းပါးမှုအဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်တယ်” ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဆက်ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စီးပွားရေးဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုအဖြစ် ကုန်သွယ်မှုနဲ့ နိုင်ငံခြားငွေကြေး လဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ချမှတ်လိုက်တာဟာလည်း မြန်မာကျပ်ငွေကြေး ဖောင်းပွမှုပိုတိုးစေပြီး စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ၊ ကုန်စည်ဝန်ဆောင်ခများ မြင့်တက်လာရခြင်း ဖြစ်သည်ဟု မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူများက ပြောဆိုပါတယ်။

တောင်ကြီးစျေး

အခြေခံစားသောက်ကုန်များမှာလည်း ယခင်နှစ်ဈေးနှုန်းများထက် ယခုနှစ်အတွင်း ၄ ဆ လောက် ဈေးနှုန်း မြင့်တက်လာပြီး အလုပ်အကိုင်အခွင့်လမ်းများလည်း နည်းပါးလာတာကြောင့် အခြေခံပြည်သူများဟာ လူမှုစီးပွားရေး အကျပ်တည်းတွေနဲ့ ရင်ဆိုင်နေရလို့ လေ့လာစောင့်ကြည့်သူများက ပြောပါတယ်။

မိခင်တစ်ဉီးလည်းဖြစ် နေ့စားအလုပ်သမားတစ်ဉီးလည်းဖြစ်တဲ့ ကျောက်မဲမြို့ခံ ဒေါ်အေး (အမည်လွဲ) က ဝင်ငွေနဲ့ ထွက်ငွေမမျှလို့ နေ့စဉ်စားဝတ်နေရေး အတွက် အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

“ကျမက နေ့စားလိုက်လုပ်တယ်လေ။ တစ်ရက်ကို အများဆုံးရတာဆို ၁ သောင်းပေါ့။ အခုက ၅ ထောင်လောက်ပဲ ရတယ်။ ကုန်ဈေးနှုန်းကလည်းတက်တော့ ရရှိတဲ့ လုပ်အားခနဲ့ တစ်ရက်စာ စားရိက္ခာအတွက် လုံလောက်မှုတောင် မရှိတော့ဘူး” သူက ပြောပါတယ်။

ထမင်းတစ်နပ်စာအတွက် ခြံထွက်ဟင်းသီးဟင်းရွက်နဲ့ ဗလာခြောင်တွေနဲ့ပဲ ထမင်းဝိုင်းကို ပြင်ဆင်ပြီး စားသောက်နေရတယ်လို့ ဒေါ်အေးက သူမိသားစုထမင်းဝိုင်းအကြောင်း အခုလို ပြောပြပါတယ်။

“အသား၊ ငါး ဟင်းဆိုတာ စားရဖို့ဆို ဝေးပြီး။ ရတဲ့လုပ်အားခနဲ့ မဝယ်စားနိင်ဘူး။ ခြံထွက်ဟင်းသီးဟင်းရွက်နဲ့ ဗလာခြောင်နဲ့ပဲ စားရတယ်။ ရှိတာနဲ့ပဲ စားရတော့တာပေါ့” ဟု သူက ဆိုပါတယ်။

Myanmar Independent Researches က ပြီးခဲ့တဲ့ ဩဂုတ်လက ထုတ်ပြန်ခဲ့တဲ့ အွန်လိုင်းစစ်တမ်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ရရှိတဲ့ဝင်ငွေလစာနဲ့ စားဝတ်နေရေးအတွက်ကို လုံလောက်မှုမရှိတဲ့ ပြည်သူတွေ များလာတယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ယခုကာလတွင်း လူတစ်ယောက်ရဲ့ စားဝတ်နေရေး ရပ်တည်နိုင်ဖို့အတွက် တစ်ဦးကို တစ်လလျှင် လုပ်အားခလစာ ကျပ် ၄ သိန်း မှ ကျပ် ၆ သိန်းကြား ရှိရန်လိုအပ်နေတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဆက်ဖော်ပြထားပါတယ်။

လုပ်အားခလစာ ပိုတိုးမြှင့်ရလာတာမရှိဘဲ ကုန်ဈေးနှုန်းတွေသာ တစ်ရိပ်ရိပ် ကြီးမြင့်လာတဲ့ဒဏ်ကို လူငယ်အရွယ် အခြေခံအလုပ်သမားများလည်း ထိခိုက်ခံစားရပါတယ်။

လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်မသွားမီ အရင်ပုံမှန်စားသုံးနေကျ မနက်ခင်းစာ လက်ဖက်ရည်ဆိုင် ပုံမှန် မထိုင်စားနိုင်တာ၊ စားနေကျ အစားအစာတွေကို အကြိမ်အရေအတွက် လျော့စားလာရတာအပြင် စက်သုံးဆီဈေးပါ အဆမတန်ကြီးမြင့်နေလို့ မရှိမဖြစ်အသုံးပြုနေရတဲ့ ဆိုင်ကယ်ကိုပါ ချွေတာမောင်းနင် သွားလာနေရတယ်လို့ အခြေခံလုပ်သား လူငယ်အချို့က ပြောပြလာကြပါတယ်။

တောင်ကြီးမြို့က အသက် ၂၄ အရွယ် ဆေးကုမ္ပဏီမှာ အလုပ်လုပ်တဲ့ မောင်မျိုးက “ ကျနော်အရင်က မနက်ခင်းဆို လက်ဖက်ရည်ဆိုင်မှာ စားပြီး အလုပ်သွားတာ၊ အခုတော့ မနက်စာဆိုရင် လက်ဖက်ရည်တောင် မသောက်နိုင်တော့ဘူး။ လက်ဖက်ရည်က တစ်ခွက်ကို ၈၀၀ ဖြစ်နေပြီလေ။ အိမ်မှာရှိတာနဲ့စားပြီး အလုပ်သွားရတယ်။ တစ်ချို့ရက်ဆိုရင် မနက်စာတောင် မစားရဘူး” ဟု ပြောပါတယ်။

နိုင်ငံခြားငွေ (ဒေါ်လာ) ဈေးလဲလှယ်နှုန်း ဂယက်ကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်းပြီး နေ့စဉ်အလိုက် ပြောင်းလဲနေတဲ့ ကုန်ဈေးနှုန်းဒဏ်ကြောင့် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်အရောင်းဆိုင်တချို့လည်း အမြတ်မကျန် အရင်းနှီးကြီးပြီး ဖြည့်စိုက်ထည့်ရတာ များလာလို့ မိမိတို့အရောင်းဆိုင်ကို ခေတ္တပိတ် ရပ်နားရတဲ့အထိ အခက်အခဲကြုံရတယ်လို့ ဆိုင်ရှင်တချို့က ပြောလာပါတယ်။

“ရောင်းလည်း မမြတ်ဘူးလေ။ အမြတ်ထဲကတောင် ပြန်စိုက်ထုတ်ပြီး ရောင်းနေရတာ၊ အရင်းလည်း ပြုတ်တယ်။ အဲ့ကြောင့်မလို့ ပိတ်ထားလိုက်တာ။ ငွေဈေးတည်ငြိမ်မှပဲ ဆိုင်ပြန်ဖွင့်တော့မယ်” လို့ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက ပြောပါတယ်။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု၊ ဝင်ငွေရှားပါးမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိတဲ့ နယ်မြို့ခံ လူငယ်အများစုဟာ မိမိဒေသအတွင်း အလုပ်လက်မဲ့ ဖြစ်လာကြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အစီရင်ခံစာမှာလည်း စစ်တပ်အာဏာသိမ်းပြီး ၁၈ လ အကြာမှာ အလုပ်သမား ၁ သန်းကျော်ဟာအလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေကြောင့် လူငယ်အများစုဟာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကဆင့်ဖြစ်စေ၊ အလုပ်အကိုင်ပွဲစားများက တဆင့်ဖြစ်စေ ချိတ်ဆက်ပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အာရပ်အလယ်ပိုင်း စတဲ့ ပြည်ပနိုင်ငံများကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေကြသူဉီး‌ရေဟာ သိန်း၊ သောင်းချီရှိလာတာကို သိရပါတယ်.။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ လူငယ်တစ်ယောက်က “ ကျနော်တို့နိုင်ငံမှာနေလည်း ဘာလုပ်စားရမလဲ မသိဘူး။ ကျောင်းသွားတက်လည်း မရဘူး။ ကုန်ဈေးနှုန်းလည်း တက်တယ်။ အလုပ်ကလည်း မရှိဘူး။ ဘာမှလုပ်စားလို့ မရတော့လို့ ကျနော် ဒီထိုင်းနိုင်ငံဘက်ကို ဝင်လာခဲ့တာ” လို့ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...