တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။

ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ ရဲတပ်ဖွဲ့များ နှင့် ယာဉ်ထိန်းရဲများက အသိပညာပေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လာမည့် (မတ်လ ၁၄ ရက်)မှ စပြီး လစဉ် မ ရက်တွင် မ နံပါတ် ကိုယ်ပိုင် ယာဉ်များသုံးပြီး၊စုံ ရက်တွင် စုံ ရက်နံပါတ် ကိုယ်ပိုင်ယာဉ်များကိုသာ အသုံးပြုရမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများက ပြောကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ကို ပြောသည်။

“မနေ့ကတော့ လမ်းပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေကို ရဲတွေ၊ယာဉ်ထိန်းရဲတွေက တားပြီးတော့ ရှင်းပြနေတာရှိတယ်။ သူတို့ (မတ်လ ၁၄ ရက်)ကစပြီး အဲ့လိုမောင်းရမယ်ပြောတယ်။ စည်းမျဉ်တွေအရ တကယ်လို့ ယာဉ်ထိန်းရဲတွေ စစ်မိလို့ စည်းမျဉ်ချိုးဖောက်ရင် ဒဏ်အနေနဲ့ ‌ထောင်ဒဏ်၊ငွေဒဏ်လို့ သတိပေးပြောထားတယ်။”ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုယာဉ်မောင်းနှင်ရမည့် အချက်များကို မလိုက်နာသည့် ပြည်သူများသည် ရာဇသတ်ကြီးပုဒ်မ ၁၈၈ အရ ပြစ်ဒဏ်အနေဖြင့် အလုပ်မဲ့ထောင်ဒဏ် ၁ လ၊ငွေဒဏ် ၂သောင်း ကျပ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ကျခံရမယ်ဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်မှ ချပြလိုက်သည့် စုံရက်၊မရက် မော်တော်ယာဉ် မောင်းနှင် အသုံးပြုမှုသည် ပြည်သူများအတွက် အဆင်မပြေနိုင်သည့်အပြင် ထိုထုတ်ပြန်ချက်ကြောင့် အခက်အခဲများနှင့် အချိန်မျာကို နှောက်နှေးစေကြောင်း တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

“ခုချိန်ထိ စဉ်းစားလို့မရဘူး။ဘယ်နိုင်ငံတွေ ဒီလိုဥပဒေကို ထုတ်လဲ။မြန်မာတစ်နိုင်ငံပဲ ရှိမယ် ထင်တယ်။ လုပ်လိုက်ရင် မကြုံဖူးတာတွေချည်းဘဲ။အချို့ကိစ္စရှိလာရင် မထွက်လို့မှ မရတာ။ ကလေးကျောင်းကြိုကျောင်းပို့ ၊ဈေးသွား အဲ့တာတွေလည်းရှိသေးတယ်။သူတို့ ပြောသလိုလုပ်ဖို့ ဘယ်လို အဆင်ပြေမှာလဲ”ဟု ၎င်းက ပြောသည်။

သို့သော် ထုတ်ပြန်ချက်တွင် EV ကား၊ ဆိုင်ကယ်၊ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်၊ အငှားယာဉ်တွေ(TAXI) ၊ စက်သုံးဆီသယ်ယူပို့ဆောင်ရေးယာဉ်၊ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည်ပို့ဆောင်ရေးသုံးယာဉ်နှင့် လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သုံးယာဉ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံရေးအခြေအနေ နှင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများ သယ်ယူပို့ဆောင်ရာတွင် ရေလမ်းကြောင်း တလျှောက် အတားအဆီး အဟန့်အတား ဖြစ်ပေါ်နေခြင်းကြောင့် စစ်ကော်မရှင်တပ်က အကြောင်းပြထုတ်ပြန်ထားသည်။

အလားတူ ကျိုင်းတုံ ၊ တောင်ကြီးမြို့နယ်တို့တွင်လည်း စုံရက်၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို စစ်ကော်မရှင်တပ် ၎င်းလက်အောင်ခံတာဝန်ရှိ ရဲတပ်ဖွဲ့များ နှင့် ယာဉ်ထိန်းရဲများက အသိပညာ ပေးဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...