မိုးမိတ်မြို့နယ်အတွင်း SSPP နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် အကျအဆုံးများရှိကြောင်း သတင်းသိရသည်။ ယနေ့ (စက်တင်ဘာ ၁၇) ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှ စတင်ကာ မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာအုပ်စု အတွင်းရှိ...
ကိုဗစ် – ၁၉ ကူးစက်မှု ပြန်ရှိလာသည့် အတွက် နယ်စပ်ဂိတ်များ ပြန်ပိတ်
SHAN -
မြန်မာ - တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့ အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ပြန်ရှိလာသည့် နယ်စပ်ဂိတ်သည် ပြန်လည်ပိတ်လိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၆ ရက်၊ ည ၁၂ နာရီမှ စတင်ပြီး ရွှေလီမြို့တွင်း Lockdown ချထားပြီး...
ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်ကို စစ်ကောင်စီ နှင့် PNO စစ်ဆေးမှုကြမ်းနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO/PNA) တပ်ဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်နေပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီ တပ်စခန်းကို ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် PNO တို့က...
လားဟူပြည်သူ့စစ် ခေါင်းဆောင် ဦးယီဆေး ကွယ်လွန်
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဆတ်မြို့နယ်အတွင်း လှုပ်ရှားသည့် လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးယီဆေးသည် စက်တင်ဘာ ၁၄ ရက်၌ ကွယ်လွန်သွားကြောင်း သိရသည်။ ဦးယီဆေးသည် နေမကောင်းသဖြင့် မိုင်းဆတ်မြို့ မှ တာချီလိတ်မြို့သို့ ဆေးကုသရန်သွားချိန်မှာ လမ်းတစ်ဝက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ “သူနေမကောင်းတာက ကြာနေပြီ။ အခြေနေဆိုးလာလို့ သူ့ကို တာချီလိတ်ဆေးရုံကို...
လားရှိုးမြို့ ကိုဗစ် အတည်ပြုလူနာတစ်ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ (စက်တင်ဘာ ၁၆ ) ရက် ကိုဗစ် - ၁၉ အတည်ပြု လူနာတစ်ဦးသည် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (စက်တင်ဘာ ၁၆ ) ရက် နေ့လည်ပိုင်းတွင် လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်...
နောင်ချို အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ သေဆုံး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ်မှ အမျိုးသားတစ်ဦးသည် တောထဲတစ်ခုတွင် ချိပ်ဆေးသွားရှာရင်း စက်တင်ဘာလ ၁၃ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်း ၁၀ နာရီတွင် နောင်ချိုမြို့နယ် ပိန်းအွေကျေးရွာမှ အသက် (၄၅) နှစ်ရှိ အမျိုးသားတစ်ဦးသည်...
ကွတ်ခိုင်မှာ ဗုံးတစ်လုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးရ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေအနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲပြီး အမျိုးသား တစ်ဦး ထိခိုက် သေဆုံးရကြောင်း သတင်းသိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လွိုင်ဆမ်ဆစ်တောင်ခြေဘက် ဦးတည်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားရကြောင်း ဖြစ်စဥ်ကို သိသည့် ဒေသခံအမျိုးသား...
မိုးဗြဲမြို့ စစ်ရှောင်စခန်း လက်နက်ကြီးကျ ကလေး(၂) ဦးအပါဝင် (၄) ဦးသေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (စက်တင်ဘာ ၁၆) ရက် နံနက်ပိုင်းတွင် စစ်ရှောင်များနေထိုင်သည့် မွေတော်ကျောင်းထဲသို့ လက်နက်ကြီးကျကာ ကလေး (၂) ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၅) ရက် ညပိုင်းမှ စပြီး...
တန့်ယန်းမြို့ရပ်ကွက် အချို့ ရေကြီးရေလျှံဖြစ်ပွား
SHAN -
သျှမ်းမြောက် တန့်ယန်းမြို့ နမ့်ဟောင်းချောင်း အနီးရှိ ရပ်ကွက်များ ယနေ့ (စက်တင်ဘာ ၁၅)ရက် နံနက်ပိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာ ၁၄)ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နမ့်ဟောင်းချောင်း အနီးရှိ ရပ်ကွက်များ ယနေ့ နံနက်ပိုင်းမှာ ရေကြီးရေလျှံမှု ဖြစ်လာကြောင်း တန့်ယန်းဒေသခံ...
မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦး ခြံသွားရင် မြေမြှုပ်မိုင်းနင်းမိ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းယွမ်းကျေးရွာအုပ်စု နောင်ပတ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦး ခြံသွားရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် နောင်ပတ်ကျေးရွာတွင် စက်တင်ဘာ ၁၃ နေ့လည် ၃ နာရီဝန်းကျင်၌ အသက် (၂၆)နှစ် အရွယ်ရှိ စိုင်းကုဆလ သည် ခြံသို့သွားစဉ်...





