Thursday, January 29, 2026

လားရှိုးမြို့ ကိုဗစ် အတည်ပြုလူနာတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ (စက်တင်ဘာ ၁၆ ) ရက် ကိုဗစ် – ၁၉ အတည်ပြု လူနာတစ်ဦးသည် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (စက်တင်ဘာ ၁၆ ) ရက် နေ့လည်ပိုင်းတွင် လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ် – ၁၉ ကူးစက်ခံ ရသော အသက် (၅၈) နှစ်ရှိ အမျိုးသားတစ်ဦးက ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ကမ္ဘောဇ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကိုဗစ် ကတော့ သြဂုတ်လကုန်ပိုင်းမှာ ပြန်ပြီးဖြစ်လာတာ။ လားရှိုးမှာ ကိုဗစ် ရောဂါ ကူးစက်ခံရတဲ့သူတွေက ပြန်များလာပါတယ်။ ပြည်သူဘယ်နှစ်ယောက် ကူးစက်ခံရတယ်ဆိုတာတော့ ကျနော်တို့က သေချာမသိရ သေးဘူး။ ကြိုတင်ကာကွယ်ဖို့ နှာခေါင်းစည်း တပ်ပေးဖို့ လိုတယ် “ ဟု ၎င်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုံ/ ဟောင်း ( ကိုဗစ် လူနာ တင်ဆောင်လာသည့် လားရှိုးမြို့)

ယခုလက်ရှိ ကိုဗစ်ရောဂါ ကူးစက်ခံရသော သူများသည် မည်သည့်ရောဂါအမည်ဖြင့် ကူးစက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံက ထုတ်ပြန်ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ်မှာ ကိုဗစ်ရောဂါ တကြော့ပြန်ဖြစ်ပွားလာသဖြင့် ပြည်သူများ အနေဖြင့် ကြိုတင်ကာကွယ် ရန် နှနှာခေါင်းစည်းတပ်ဆင်ပေးခြင်းများ ပြုလုပ်စေလိုကြောင်း ကမ္ဘောဇ လူမှုကူညီရေးအသင်းမှ တိုက်တွန်းထားသည်။

“ဒီနေ့ ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ စည်ပင်ကတော့ လားရှိုးမိုတယ်ရှေ့မှာ mask တွေလိုက်ဝေနေတယ်။ အခုတော့ ကိုဗစ် ရောဂါ ကြိုတင်ကာကွယ်ဖို့တော့ လိုတယ်။ mask တပ်ပေးဖို့ နဲ့ လက်ကိုသေချာစွာ ဆေးကြောပေးဖို့ပဲ လိုပါတယ်။ အခု ကိုဗစ်က ကူးစက်မြန်တယ်လို့ ပြောကြတယ်။ ပြည်သူအနေနဲ့ မပေါ့ဆဖို့လိုတယ် “ ဟု ၎င်းက ဆိုသည်။

အလားတူ လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလမှ စတင်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံ၍ သေဆုံးသူ (၃) ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...