လားရှိုးမြို့ ကိုဗစ် အတည်ပြုလူနာတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ (စက်တင်ဘာ ၁၆ ) ရက် ကိုဗစ် – ၁၉ အတည်ပြု လူနာတစ်ဦးသည် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (စက်တင်ဘာ ၁၆ ) ရက် နေ့လည်ပိုင်းတွင် လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ် – ၁၉ ကူးစက်ခံ ရသော အသက် (၅၈) နှစ်ရှိ အမျိုးသားတစ်ဦးက ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ကမ္ဘောဇ နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကိုဗစ် ကတော့ သြဂုတ်လကုန်ပိုင်းမှာ ပြန်ပြီးဖြစ်လာတာ။ လားရှိုးမှာ ကိုဗစ် ရောဂါ ကူးစက်ခံရတဲ့သူတွေက ပြန်များလာပါတယ်။ ပြည်သူဘယ်နှစ်ယောက် ကူးစက်ခံရတယ်ဆိုတာတော့ ကျနော်တို့က သေချာမသိရ သေးဘူး။ ကြိုတင်ကာကွယ်ဖို့ နှာခေါင်းစည်း တပ်ပေးဖို့ လိုတယ် “ ဟု ၎င်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပုံ/ ဟောင်း ( ကိုဗစ် လူနာ တင်ဆောင်လာသည့် လားရှိုးမြို့)

ယခုလက်ရှိ ကိုဗစ်ရောဂါ ကူးစက်ခံရသော သူများသည် မည်သည့်ရောဂါအမည်ဖြင့် ကူးစက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံက ထုတ်ပြန်ပေးခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ်မှာ ကိုဗစ်ရောဂါ တကြော့ပြန်ဖြစ်ပွားလာသဖြင့် ပြည်သူများ အနေဖြင့် ကြိုတင်ကာကွယ် ရန် နှနှာခေါင်းစည်းတပ်ဆင်ပေးခြင်းများ ပြုလုပ်စေလိုကြောင်း ကမ္ဘောဇ လူမှုကူညီရေးအသင်းမှ တိုက်တွန်းထားသည်။

“ဒီနေ့ ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ စည်ပင်ကတော့ လားရှိုးမိုတယ်ရှေ့မှာ mask တွေလိုက်ဝေနေတယ်။ အခုတော့ ကိုဗစ် ရောဂါ ကြိုတင်ကာကွယ်ဖို့တော့ လိုတယ်။ mask တပ်ပေးဖို့ နဲ့ လက်ကိုသေချာစွာ ဆေးကြောပေးဖို့ပဲ လိုပါတယ်။ အခု ကိုဗစ်က ကူးစက်မြန်တယ်လို့ ပြောကြတယ်။ ပြည်သူအနေနဲ့ မပေါ့ဆဖို့လိုတယ် “ ဟု ၎င်းက ဆိုသည်။

အလားတူ လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလမှ စတင်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံ၍ သေဆုံးသူ (၃) ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...