Friday, April 19, 2024

ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်ကို စစ်ကောင်စီ နှင့် PNO စစ်ဆေးမှုကြမ်းနေ

Must read

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာဘက်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO/PNA) တပ်ဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်နေပြီး စစ်ဆေးမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီ တပ်စခန်းကို ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် PNO တို့က စစ်ဆေးမှုလုပ်နေပြီး ဒေသတွင်း လက်နက်သံ မကြားစေရဟု ဒေသခံများကို ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“PNO နဲ့ စစ်ကောင်စီတို့ နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ တိုက်ပွဲဖြစ်သွားတဲ့နေရာ ကျနော်တို့လာခဲ့တဲ့နေရာ ဖြတ်သွားတဲ့နေရာတွေကို PNO နဲ့ စစ်တပ်က ပေါင်းပြီး စစ်နေကြတာဖြစ်ပါတယ်။ အခုလည်း အဲ့ဖက် တစ်ဝိုက် အစစ်ဆေးတွေလုပ်နေတယ်” ဟု ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

(Pa-O NDF)

တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါက ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မည်ဖြစ်ကြောင်း ၊ လက်ရှိမှာ နောင်ထော်ကျေးရွာဘက်တွင် တိုက်ပွဲငြိမ်နေကြောင်း သိရသည်။

“ကျနော်တို့က PNO တွေနဲ့ တိုက်ပွဲမဖြစ်ချင်လို့ ခနငြိမ်နေတာ။ အခုလောလောဆယ်တော့ ငြိမ်နေတယ်။ ပြီးတော့ ရွာတွေမှာ ပစ်ခတ်တာတွေ ထပ်ဖြစ်ရင် လေယာဉ် နဲ့ ရွာထဲပါမကျန် ပစ်မယ်လို့ ပြောလာခဲ့တယ်။ အခြေနေကို စောင့်ကြည်နေတယ်ဟု” အထက်ပါ တာဝန်ရှိသူက ပြောသည်။

နောင်ထော်ကျေးရွာတွင် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်း စစ်ကောင်စီ နှင့် ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ် တပ်ပေါင်းစု USSFU တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုနောက်ပိုင်း စက်တင်ဘာ ၁၄ ရက်တွင်လည်း PNO တပ်ဖွဲ့မှ PNLO တပ်သား (၅) ဦးကို လည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article