Tuesday, January 27, 2026

ကိုဗစ် – ၁၉ ကူးစက်မှု ပြန်ရှိလာသည့် အတွက် နယ်စပ်ဂိတ်များ ပြန်ပိတ်

မြန်မာ – တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့ အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ပြန်ရှိလာသည့် နယ်စပ်ဂိတ်သည် ပြန်လည်ပိတ်လိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်၊ ည ၁၂ နာရီမှ စတင်ပြီး ရွှေလီမြို့တွင်း Lockdown ချထားပြီး နယ်စပ်ဂိတ် များလည်း (၇) ရက် နှင့် (၁၀) ရက် ကြား ရက်အကန့်အသတ်ဖြင့် ပိတ်လိုက်ပြီဖြစ်ကြောင်း ရွှေလီမြို့ ဒေသခံ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မိုင်းမောဝ်မှာ လွန်ခဲ့တဲ့ ၅ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရတဲ့သူ ပိုများလာတယ်။ တမြို့လုံးကတော့ Lockdown ချထားပြီ။ နယ်စပ်ဂိတ်တွေလည်း ပြန်ပြီး ပိတ်ထားလိုက်တယ်။ အဝင်အထွက်ကတော့ မရှိတော့ဘူး“ ဟု ၎င်း ကုန်သည်တစ်ဦးက ပြောသည်။

ရွှေလီမြို့ Lockdown ချထား

အဆိုပါ တရုတ်နယ်စပ် ရွှေလီဂိတ် ပြန်လည်ပိတ်လိုက်ပြီ ဖြစ်သောကြောင့် နယ်စပ်တလျှောက်ရှိ ကုန်သည် နှင့် ပြည်သူများက အခက်ခဲ ကြုံတွေ့နေရပြီဖြစ်ကြောင်း ရွှေလီမြို့ဒေသခံတစ်ဦး ပြောသည်။

“အခု လက်ရှိမှာတော့ ကုန်သွင်း၊ ကုန်ထုတ် လို့မရတော့ဘူး။ နယ်စပ်တလျောက်ရှိ ဂိတ်တွေက အကုန်ပိတ် သွားပြီ။ ဒီချိန်မှာ ကုန်ပစ္စည်း ဈေတက်နေတာနဲ့လည်း ခက်ခဲပါတယ်။ တချို့တောင် ဒီကာလမှာ အသုဘရှိရင် တောင်လုပ်လို့မရတော့ဘူး “ ဟု ၎င်းဒေသခံ တစ်ဦး ကပြောသည်။

လက်ရှိ Lockdown ကာလအတွင်း ရွှေလီမြို့တွင်း နေထိုင်သည့် သူအားလုံးကို နေ့တိုင်း အာခေါင်ထိုး ပိုးစစ်ရမည်ဟု ကြေညာထားကြောင်း သိရသည်။

အဆိုပါ ကိုဗစ် – ၁၉ ကူးစက်ခံရသူ ပြန်လည်မြင့်တက်လာသဖြင့် ရွှေလီမြို့ ကုန်သည်များအားလုံးလည်း ထုတ်ကုန်၊ သွင်းကုန်များ ရပ်ဆိုင်းလိုက်ရကြောင်း ရွှေလီမြို့တွင် နေထိုင်သည့် မြန်မာကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အခုတော့ တမြို့လုံး Lockdown ချထားတော့ ကုန်သည်တွေလည်း အလုပ်နားထားရတယ်။ အဝင်အထွက်က အားလုံးပိတ်ထားပြီ။ ကျောင်းနေတဲ့ ကလေးတွေလည်း ကျောင်းမသွားရတော့ဘူး။ အခုကာလမှာ အားလုံးတော့ ခက်ခဲသွားပါတယ် “ ဟု ၎င်းကုန်သည်တစ်ဦးက ပြောသည်။

အဆိုပါ Lockdown ကာလ ကို ၅ ရက် သတ်မှတ်ထားပြီး ရွှေလီမြို့တွင် နေထိုင်သည့် သူအားလုံးကို နေ့တိုင်း အာခေါင်ထိုး ပိုးစစ်ရမည်ဟု ကြေညာထားသောကြောင့် ကိုဗစ်-၁၉ ကူးစက်မှု မကျဆင်းပါက Lockdown ကာလကို ထပ်မံကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...