ထိုင်းအစိုးရဝန်ထမ်းများ အိမ်မှအလုပ်လုပ်ရန်နှင့် ပြည်ပခရီးစဉ် ရပ်ဆိုင်းထားရန် အမိန့်ထုတ်

လက်ရှိဖြစ်ပွားနေသည့် အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံကြား ပဋိပက္ခများကြောင့် စွမ်းအင်သုံးစွဲမှု လျော့ချရန်အတွက် အစိုးရဝန်ထမ်းများ Work from Home အိမ်မှအလုပ်လုပ်ရန် ထိုင်းအစိုးရမှ အမိန့်ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့စွမ်းအင် အရင်းအမြစ်ဖြစ်သော အရှေ့အလယ်ပိုင်း နိုင်ငံများတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး ရေနံနှင့် စွမ်းအင်ဈေးနှုန်းများ မတည်ငြိမ်ခြင်းကြောင့် အစိုးရအေဂျင်စီများ၊ နိုင်ငံပိုင်လုပ်ငန်းများအတွက် အိမ်မှအလုပ်လုပ်ရန် Work from Home အစီအမံများကို ထိုင်းအစိုးရမှ ယနေ့ (မတ်လ ၁၀ ရက်) တွင် ထုတ်ပြန်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ဒုတိယပြောရေးဆိုခွင့်ရှိသူမှ ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ အိမ်မှအလုပ်လုပ်ရန် စီမံချက်ကို ချက်ချင်း အကောင်အထည်ဖော်ရန်၊ ပြည်ပ လေ့လာရေးခရီးစဉ်များနှင့် လေ့ကျင့်ရေးများကိုလည်း ရပ်ဆိုင်းပြီး စွမ်းအင်သုံးစွဲမှု လျော့ချရာတွင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။

အလားတူ ပုဂ္ဂလိကနှင့် အခြားကဏ္ဍများတွင်လည်း ရုံးအဆောက်အဦးများထဲ လျှပ်စစ်ဓာတ်အား သုံးစွဲမှု လျော့ချခြင်း၊ ဥပမာ – မလိုအပ်သော လျှပ်စစ်ပစ္စည်းများ ပိတ်ခြင်း၊ ဓာတ်လှေကား အသုံးပြုမှု လျှော့ချခြင်း၊ လေအေးပေးစက် Air-con ကို အပူချိန် ၂၆-၂၇ ဒီဂရီခန့်သာ ချိန်ညှိ အသုံးပြုခြင်း စသည့် အစီအမံများ လုပ်ဆောင်ကြရန် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနမှ အဆိုပြုထားသည်။

ထို့အပြင် လောင်စာဆီ ချွေတာရေး အစီအမံများကိုလည်း မြှင့်တင်ပြီး ပုံမှန်ယာဉ်စစ်ဆေးခြင်း၊ သင့်လျော်သည့် အမြန်နှုန်းဖြင့် မောင်းနှင်ခြင်း၊ ကားအတူစီးနင်းခြင်း၊ အွန်လိုင်းအစည်းအဝေးနှင့် သင့်လျော်သလို အိမ်မှ အလုပ်လုပ်သည့် အစီအစဉ်များကို အားပေးကြောင်း ဆိုထားသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် စက်သုံးဆီ (၆၅) ရက်စာ သိုလှောင်ထားပြီး အရှေ့အလယ်ပိုင်း ပြင်ပမှ ထပ်မံရရှိမည့် (၃၀) ရက်စာ လောင်စာဆီများ စုပေါင်းလျှင် (၉၅) ရက်စာအထိ ဖူလုံမှုရှိကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးမှ မတ်လ (၆) ရက်တွင် ပြောဆိုထားသည်။

ထိုင်းပြည်တွင်း စက်သုံးဆီ လိုအပ်ချက်ကို ထိန်းသိမ်းထားရန် ပြည်ပသို့ ရေနံတင်ပို့မှုကို ဆိုင်းငံ့ထားသော်လည်း စွမ်းအင်အရ အပြန်အလှန် မှီခိုနေရသည့် မြန်မာနှင့် လာအိုနိုင်ငံသို့ ချွင်းချက်အဖြစ် ဆက်လက်တင်ပို့နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းအစိုးရမှ ကျောင်းသားဗီဇာကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် တင်းကြပ်မည်

0
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်မည့် ကျောင်းသားများ၏ ဗီဇာအမျိုးအစားများကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် စစ်ဆေးပြီးမှသာ ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ကျောင်းသားဗီဇာနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှုကို တားဆီးရန် ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဗီဇာအမျိုးအစားများကို စိစစ်ပြီးနောက်...

လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

0
မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။ အဆိုပါ သတင်းအမှားကို MT...

စစ်ကောင်စီဘက်ကတောင်းဆိုမှုကြောင့် (CI)စင်တာ အားလုံး အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကြေညာ

0
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို အပြီးပိတ်သိမ်းတော့မည်ဟု ထိုင်းအလုပ်သမားဝန်းကြီးဌာနကကြေညာလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင် ကြေညာခဲ့ပြီး စီအိုင်စတင်အားလုံးကို လာမည့် ဇူလိုင် ၇ ရက်မှာ အပြီးပိတ်သိမ်းတော့မည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ “ဟုတ်တယ်။ စီအိုင်စင်တာတွေက ပိတ်တော့မယ်။ ဒီတစ်ပတ်သောကြာနေ့အထိဘဲ ဖွင့်တော့မယ်။ ဘာလို့ဆို...

ထိုင်းအစိုးရကို NUG ချဉ်းကပ်ဖို့ လိုပြီ

0
နိဒါန်း တစ်ချိန်က ယိုးဒယားခေါ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်မြေထိစပ်မှုရှိသည့်အလျောက် မြန်မာနိုင်ငံသားများအတွက် အားကိုးအားထားရာ ရွှေ့ပြောင်းနိုင်ငံတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအတွက်မူ လုံလောက် သည့် လုံခြုံမှုနှင့် အကာအကွယ်ပေးမှုများ ရရှိနေသလားဆိုသည်က မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။ အထူးသဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက်လုံးတွင်...

ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်

0
ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀...