Thursday, January 29, 2026

လားဟူပြည်သူ့စစ် ခေါင်းဆောင် ဦးယီဆေး ကွယ်လွန်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဆတ်မြို့နယ်အတွင်း လှုပ်ရှားသည့် လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးယီဆေးသည် စက်တင်ဘာ ၁၄ ရက်၌ ကွယ်လွန်သွားကြောင်း သိရသည်။

ဦးယီဆေးသည် နေမကောင်းသဖြင့် မိုင်းဆတ်မြို့ မှ တာချီလိတ်မြို့သို့ ဆေးကုသရန်သွားချိန်မှာ လမ်းတစ်ဝက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

“သူနေမကောင်းတာက ကြာနေပြီ။ အခြေနေဆိုးလာလို့ သူ့ကို တာချီလိတ်ဆေးရုံကို ခေါ်သွားတာ။ လမ်း တစ်ဝက်ဆုံး သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးယီဆေး

ဦးယီဆေး ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဦးယီဆေး ရုပ်အလောင်းကို တာချီလိတ်မြို့နယ် ရေပူစံပြကျေးရွာ ခရစ်ယာန်ကျောင်းတွင်ထားပြီး စက်တင်ဘာ ၁၇ ရက်တွင် မီးသင်္ဂြိုလ်မည်ဟု သိရသည်။

“MTA ခေတ်က သူက ဒေသန္တရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူတယ်။ ၁၉၉၆ ခွန်ဆာလက်နက်ချပြီးတော့ သူလဲ နမ့်ပုံ တာချီလိတ်မှာ ပြည်သူ့စစ် ခေါင်းဆောင်သွားလုပ်လိုက်တာ။ ထိုင်းတွေကတော့ သူ့ကို မူးယစ်ဆေးနဲ့ ပတ်သက်သူလို့ စွပ်စွဲပြီး လိုက်ဖမ်းတယ် ။ သူလဲ ထိုင်းမှာမနေနိုင်တော့ဘဲ တာချီလိတ်ဘက်ကိုသွားနေနေရတာပေါ့” ဟု ပြည်ထောင်စု အင်စတီကျူ့ ဒါရိုက်တာ ဦးခွန်စိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဦးယီဆေး ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ နှင့် ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၃ ခုနှစ်တွင် ထိုင်းအစိုးရ က သူ့ကိုဖမ်းမိပါက ဘတ်ငွေ ၅ သန်း ဆုငွေထုတ်မည် ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။

ထို့အပြင် ဦးယီဆေး ၏ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်းဆိုင်မြို့နယ်ရှိ နေအိမ်ကိုလည်း ထိုင်းအစိုးရ က ပြည်သူပိုင်သိမ်းဆည်းလိုက်သည်။

ဦးယီဆေးသည် ယခင်က ခွန်ဆာခေါင်းဆောင်သည့် MTA တပ်ဖွဲ့ပါဝင်ခဲ့ပြီး ခွန်ဆာလက်နက်ချပြီးနောက် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များက ပြည်သူ့စစ်အသွင်ဖြင့် လှုပ်ရှားကာ ဗိုလ်မှူးယီဆေးသည် လားဟူပြည်သူ့ စစ်ခေါင်းဆောင် ဖြစ်လာခဲ့ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...