လားဟူပြည်သူ့စစ် ခေါင်းဆောင် ဦးယီဆေး ကွယ်လွန်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဆတ်မြို့နယ်အတွင်း လှုပ်ရှားသည့် လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးယီဆေးသည် စက်တင်ဘာ ၁၄ ရက်၌ ကွယ်လွန်သွားကြောင်း သိရသည်။

ဦးယီဆေးသည် နေမကောင်းသဖြင့် မိုင်းဆတ်မြို့ မှ တာချီလိတ်မြို့သို့ ဆေးကုသရန်သွားချိန်မှာ လမ်းတစ်ဝက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

“သူနေမကောင်းတာက ကြာနေပြီ။ အခြေနေဆိုးလာလို့ သူ့ကို တာချီလိတ်ဆေးရုံကို ခေါ်သွားတာ။ လမ်း တစ်ဝက်ဆုံး သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လားဟူပြည်သူ့စစ်ခေါင်းဆောင် ဦးယီဆေး

ဦးယီဆေး ကွယ်လွန်ချိန်တွင် အသက် (၇၇) နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဦးယီဆေး ရုပ်အလောင်းကို တာချီလိတ်မြို့နယ် ရေပူစံပြကျေးရွာ ခရစ်ယာန်ကျောင်းတွင်ထားပြီး စက်တင်ဘာ ၁၇ ရက်တွင် မီးသင်္ဂြိုလ်မည်ဟု သိရသည်။

“MTA ခေတ်က သူက ဒေသန္တရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူတယ်။ ၁၉၉၆ ခွန်ဆာလက်နက်ချပြီးတော့ သူလဲ နမ့်ပုံ တာချီလိတ်မှာ ပြည်သူ့စစ် ခေါင်းဆောင်သွားလုပ်လိုက်တာ။ ထိုင်းတွေကတော့ သူ့ကို မူးယစ်ဆေးနဲ့ ပတ်သက်သူလို့ စွပ်စွဲပြီး လိုက်ဖမ်းတယ် ။ သူလဲ ထိုင်းမှာမနေနိုင်တော့ဘဲ တာချီလိတ်ဘက်ကိုသွားနေနေရတာပေါ့” ဟု ပြည်ထောင်စု အင်စတီကျူ့ ဒါရိုက်တာ ဦးခွန်စိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဦးယီဆေး ကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ နှင့် ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် ၂၀၁၃ ခုနှစ်တွင် ထိုင်းအစိုးရ က သူ့ကိုဖမ်းမိပါက ဘတ်ငွေ ၅ သန်း ဆုငွေထုတ်မည် ဟု သတင်းထွက်ပေါ်ခဲ့ဖူးသည်။

ထို့အပြင် ဦးယီဆေး ၏ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆန်းဆိုင်မြို့နယ်ရှိ နေအိမ်ကိုလည်း ထိုင်းအစိုးရ က ပြည်သူပိုင်သိမ်းဆည်းလိုက်သည်။

ဦးယီဆေးသည် ယခင်က ခွန်ဆာခေါင်းဆောင်သည့် MTA တပ်ဖွဲ့ပါဝင်ခဲ့ပြီး ခွန်ဆာလက်နက်ချပြီးနောက် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များက ပြည်သူ့စစ်အသွင်ဖြင့် လှုပ်ရှားကာ ဗိုလ်မှူးယီဆေးသည် လားဟူပြည်သူ့ စစ်ခေါင်းဆောင် ဖြစ်လာခဲ့ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...