Saturday, December 3, 2022

မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦး ခြံသွားရင် မြေမြှုပ်မိုင်းနင်းမိ

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းယွမ်းကျေးရွာအုပ်စု နောင်ပတ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦး ခြံသွားရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်ဒေသခံ မိုင်းနင်းမိ

မိုင်းကိုင်မြို့နယ် နောင်ပတ်ကျေးရွာတွင် စက်တင်ဘာ ၁၃ နေ့လည် ၃ နာရီဝန်းကျင်၌ အသက် (၂၆)နှစ် အရွယ်ရှိ စိုင်းကုဆလ သည် ခြံသို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ပြီး ခြေထောက်တစ်ဖက် ပျက်စီးသွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာတွေအများကြီးရတယ်။ လက်တွေမှာကော၊ ခန္ဓာမှာကော ဒဏ်ရာတွေပြည့်နေတယ်။ ပြီးတော့ ခြေထောက်တစ်ဘက်လည်း ကျိုးသွားတယ်။ သူက ခြံသွားတုန်းက တစ်ယောက်ပဲသွားတာ။ မိုင်းနင်းမိပြီးတော့ သူများလာတွေ့လို့ ခေါ်လာလိုက်တာ” ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းနင်းမိသည့် စိုင်းကုဆလ ကို လက်ရှိမှာ လားရှိုးဆေးရုံသို့ပို့ဆောင်ထားပေးကြောင်း သိရသည်။

မိုင်းကိုင်ဒေသခံ မိုင်းနင်းမိ

“ အစတော့ သူကို နမ့်လန်ဆေးရုံကို ပို့ထားပေးလိုက်တာဖြစ်တယ်။ သူတို့ရွာကနေဆိုရင် နမ့်လန်က ပိုနီးလို့ အဲနားပို့လိုက်တာ။ နမ့်လန်က ဆေးရုံကို မနိုင်လို့တဲ့ ။ အခုတော့ သူကို လားရှိုးဆေးရုံကို ပို့ထားလိုက်ပြီ” ဟု အထက်ပါ ဒေသခံ က ဆိုသည်။

စိုင်းကုဆလ သည် ကလေးငယ် (၂) ဦး၏ ဖခင်ဖြစ်ပြီး၊ မိသားစုဝင်များအတွက် ဝင်ငွေ ရှာဖွေပေးနေသည့် သူဖြစ်ပြီး၊ လက်ရှိမှာ ဆေးကုသရန်ခက်ခဲနေကြောင်း သိရသည်။

“ သူက ကလေးငယ် (၂) ယောက်ရှိထားတယ်။ တစ်ယောက်က ၆ နှစ်လောက်ပဲရှိထားတယ်။ အိမ်ကိုလည်းရှာကျွေးနေတော့ အခုက သူဆေးကုသဖို့ အခက်ခဲဖြစ်နေတယ်” ဟု စိုင်းကုဆလ နှင့် နီးစပ်သူက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်း လက်ရှိမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article