CATEGORY

သတင်း

မိုးမိတ်မြို့တွင်း စာသင်ကျောင်းများ သုံးလကျော်ကြာထိ ပြန်မဖွင့်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ရေးတင်းမာမှု အကြောင်းပြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ပိတ်ခိုင်းထားသည့် စာသင်ကျောင်းများသည် သုံးလကျော်ကြာသည်အထိ ပြန်မဖွင့်နိုင်သေးကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့နယ်ရှိ အထက်ညောင်နီရွာ၊ အောက်ညောင်နီရွာ၊ သရက်ချိုရွာ၊ စင့်ကင်ကျေးရွာ၊ ပန်ဆားကျေးရွာတို့မှ စာသင်ကျောင်းများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ပိတ်ခဲ့ရပြီး ယနေ့...

သျှမ်းပြည် COVID -19 ရောဂါကူးစက်မှုမြင့်တက် သေဆုံးသူ (၂) ဦးရှိ

သျှမ်းပြည်အတွင်းမှာ စက်တင်ဘာ (၁) ရက်နေ့မှ စပြီး ယနေ့ စက်တင်ဘာ (၂၀) ရက်နေ့ထိ COVID-19 ကူးစက်မှုနှုန်းမြင့်တက်လာသလို ကူးစက်ခံရ၍ သေဆုံးသူ (၂) ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁) ရက်နေ့မှစပြီး ယနေ့အထိ လာရှိုးမြို့နယ် ပြည်သူ့ဆေးရုံမှ COVID-19...

မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ နေရာများ ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဌာန ဖြစ်ကြသည့် ခရိုင်ရုံးနှင့် မြို့နယ် ထွေအုပ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက် ညနေ ၃ နာရီခွဲကျော်တွင် မိုးမိတ်မြို့ရှိ ခရိုင်ရုံးဝန်းအနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်...

မိုးဗြဲမြို့ စစ်ကောင်စီမှ ပြည်သူကို ဒိုင်းကာအဖြစ် အသုံးပြုပြီး တိုက်ခိုက် PDF တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ယမန်နေ့ စက်တင်ဘာ ၁၉ ရက် တွင် စစ်ကောင်စီက ပြည်သူများကို ဒိုင်းကာအဖြစ်အသုံးပြုပြီး တိုက်ခိုက်ခဲ့သဖြင့် မိုးဗြဲ PDF တပ်ဖွဲ့ ဝင် (၂) ဦး ကျဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက်...

ကျောက်မဲမြို့နယ် TNLA တပ်သားသစ်စုဆောင်းနေ လူငယ်များ ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့မှ တပ်သားသစ်အတွက် ဖမ်းဆီးမှုများကြောင့် ဒေသခံ လူငယ်များက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်တွင် တောင်ပေါ် ကျေးရွာများမှ မြို့အနီး ၂...

ပင်လုံမြို့ အသက်(၆၈) အရွယ် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ယနေ့ (စက်တင်ဘာ ၁၉) ရက် မွန်လွဲပိုင်း ၂ နာရီခွဲကျော်တွင် အသက် (၆၈) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲ ကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၄)...

လားရှိုးမြို့နယ် ဓားပြ သောင်းကျန်းမှု နေ့စဥ်နီးပါး ရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ သေနတ်ကိုင်ဆောင်ထားသည့် သူခိုး၊ဓားပြများ နေ့စဥ် သောင်းကျန်းနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လမှ လက်ရှိ စက်တင်ဘာလ အထိ နှစ်လတာ ကာလအတွင်းတွင် သေနတ်ကိုင်ဆောင်သည့် သူခိုး၊ ဓားပြများက နေ့စဥ်နီးပါး သောင်းကျန်းနေသည့်အတွက် လားရှိုးဒေသခံ ပြည်သူများက လုံခြုံရေးအတွက် အထူးသတိထားနေရကြောင်း သိရသည်။ ပြီးခဲ့သည့်...

နောင်ချို အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ လာရောက် ခြိမ်းခြောက်မှုပြုလုပ်သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စစ်ရှောင်ကူညီပေးနေသည့် သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ ခြိမ်းခြောက်လို့ပဲ...

ပင်လောင်း – လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော်ထပ်မံရောက်ရှိ စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုပ်ကျေးရွာအုပ်စု လွယ်ကြိန်းကျေးရွာတွင် မိုးဗြဲတိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယအပတ်ထဲတွင် လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး အဝတ်တစ်ထည် ကိုယ်တစ်ထည်ဖြင့် တိုက်ပွဲရှောင်လာရာ ယခုတွင် စားနပ်ရိက္ခာအတွက်...

မိုးမိတ်မြို့တွင်းရှိ စာသင်ကျောင်းအချို့ကို စစ်ကောင်စီမှ ပိတ်ရန် ညွှန်ကြား

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ အချို့ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ပိတ်ရန် ညွှန်ကြားကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့နယ်အတွင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ဝမ်ဘုံကန် (မိုးဘုံကျေးရွာ) မှ အလယ်တန်းကျောင်း နှင့်...

Latest news