လားရှိုးမြို့နယ် ဓားပြ သောင်းကျန်းမှု နေ့စဥ်နီးပါး ရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ သေနတ်ကိုင်ဆောင်ထားသည့် သူခိုး၊ဓားပြများ နေ့စဥ် သောင်းကျန်းနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လမှ လက်ရှိ စက်တင်ဘာလ အထိ နှစ်လတာ ကာလအတွင်းတွင် သေနတ်ကိုင်ဆောင်သည့် သူခိုး၊ ဓားပြများက နေ့စဥ်နီးပါး သောင်းကျန်းနေသည့်အတွက် လားရှိုးဒေသခံ ပြည်သူများက လုံခြုံရေးအတွက် အထူးသတိထားနေရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင် အချိန်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ လားရှိုးမြို့ အမှတ် ၅ ရပ်ကွက် နယ်မြေ ၁၃ ဘက်ရှိ အလှပြင်ဆိုင်အတွင်း ဝင်ရောက်ဓားပြ တိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သူခိုး/ဓားပြ မှ နေအိမ်တွင်းဝင်ရောက် မွှေနှောက်

“ဆိုင်ရှင်တော့ ဘာမှမဖြစ်ခဲ့လိုက်ဘူး၊ ဆိုင်ထဲက တန်ဖိုးရှိတဲ့ ပစ္စည်း နဲ့ ငွေကြေးတော်တော်များများ ပါသွားတယ်၊ အတိအကျတော့ မသိရဘူး၊ ဘယ်မှာမှ မသွားပြောဖို့ ဓါးပြအဖွဲ့က ဆိုင်ရှင်ကို ခြိမ်းခြောက်သွားတယ်၊ သေနတ်တွေ လည်း ပါကြတယ်ဆိုတော့ အရမ်းကြောက်ဖို့ကောင်းတယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ဒုတိယပတ်တွင်လည်း လားရှိုးမြို့ မန်အိုင်ရွာတွင် လက်နက်ကိုင် ဓါးပြအဖွဲ့တစ်ဖွဲ့မှ တရုတ်ငွေ လှဲလှယ်သည့် နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်သွားပြီး တရုတ်ငွေ ၁ သိန်းကျော် ပါသွားကြောင်း သိရသည်။

“အဲ့ဒီ မန်အိုင်က ဓားပြတိုက်မှုမှာကျတော့ တရုတ်ငွေ ၁ သိန်းကျော် ဆုံးရှုံးလိုက်ရတယ်၊ ဓားပြတိုက်အဖွဲ့က သေနတ်တွေ ဓားတွေ ပါတယ်၊ လက်ရှိ လားရှိုးမြို့ရဲ့ အခြေအနေက အရမ်းကို ကြောက်ရတယ်၊ ဘာလုံခြုံမှုမှ မရှိတော့ဘူး” ဟု လားရှိုးမြို့မှ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းတွင်လည်း ကားတစ်စီးဖြင့်ရောက်လာသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့သည် ခရီးသွား ပြည်သူတစ်ဦး၏ ကားရှေ့ ပိတ်ရပ်ကာ ၎င်းတို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း နှင့် စစ်ဆေးမေးမြန်းရန်ရှိသည်ဟု ဆိုကာ အဆိုပါ ပြည်သူကားကို မောင်းနှင်ထွက်ပြေးရာ ကားပေါ်ရှိသည့် ငွေကြေးအားလုံးလည်း ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

ထို့အပြင် လက်ရှိ လားရှိုးမြို့နယ် အတွင်း၌ အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေး တန်ဖိုး ကျဆင်းမှု၊ လောင်းကစားများ ပေါများမှုတို့ကြောင့် သူခိုး ဓါးပြ များကလည်း သူဌေးအိမ်ရာများနှင့် တရုတ်အိမ်များတွင် ဦးတည် ဓါးပြတိုက်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...