ကျောက်မဲမြို့နယ် TNLA တပ်သားသစ်စုဆောင်းနေ လူငယ်များ ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့မှ တပ်သားသစ်အတွက် ဖမ်းဆီးမှုများကြောင့် ဒေသခံ လူငယ်များက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်တွင် တောင်ပေါ် ကျေးရွာများမှ မြို့အနီး ၂ မိုင်ကုန်း တွင် လာရောက်နေထိုင်သည့် ၈ တန်းကျောင်းသား တစ်ဦးကို TNLA တပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သူတို့က အစပိုင်းမှာ တောင်ပေါ်ရွာမှာ နေကြတာပေါ့၊ သူတို့သား ကျောင်းတက်ဖို့အတွက်ဆိုပြီး ၂ မိုင်ကုန်းမှာ အိမ်ငှားပြီးနေကြတာ။ ကြာသပတေးနေ့ (စက်တင်ဘာလ ၁၅ ရက်) ည ၈ နာရီလောက်မှာ TNLA တွေက လာဖမ်းသွားတယ်။ တပ်သားသစ် စာရင်းထဲပါလို့တဲ့၊ အခုဆို မြို့ထဲ ရပ်ကွက်ထဲမှာ ဘာလူငယ်မှ မကျန်သလောက် ဖြစ်နေပြီ” ဟု ကျောက်မဲမြို့မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်သား

ဖမ်းဆီးခံရသည့် အဆိုပါ ကျောင်းသားသည် အခြေခံပညာမူလွန်ကျောင်းအမှတ် (၃) တွင် ပညာသင်ယူနေသည့် ကျောင်းသားဖြစ်သည့်အတွက် လက်ရှိတွင် ဆရာ/မများနှင့် မိဘများက ပြန်လွတ်ပေးရန် သက်ဆိုင်ရာများထံသို့ တောင်းဆိုထားကြောင်းလည်း သိရသည်။

ယခု ရက်ပိုင်းအတွင်းတွင် ကျောက်မဲကြီးကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက် နှင့် အမှတ် ၉ ရပ်ကွက် (တောင်နောက်) တို့တွင် TNLA တပ်ဖွဲ့၏ စစ်သားသစ်အကြောင်းပြ ဖမ်းဆီးမှုများ ညတိုင်းနီးပါး ရှိနေသည့်အတွက် လူငယ်လူရွယ်များက နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

“တအာင်း (ပလောင်) လူငယ်တွေ သိပ်မရှိတော့ဘူး၊ နိုင်ငံခြားထွက်တဲ့သူကထွက်၊ တခြားနေရာသွားတိမ်းရှာင်တဲ့ သူကသွားနဲ့ ရပ်ရွာထဲမှာ အဖိုးအရွယ်တွေပဲကျန်တယ်၊ ဒါတောင် အသက် ၇၀ ကျော် အဖိုးလည်း သူတို့ (TNLA) က ဖမ်းသွားသေးတယ်၊ သူ့သားက ရှောင်တိမ်းနေလို့ဆိုပြီး ရိုက်နက် နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာ၊ ၂ ရက်ကြာ တော့ ဆုံးသွားတယ်” ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူ အသက် ၇၀ အဖိုးသည် သားဖြစ်သူကို TNLA တပ်ဖွဲ့မှ ဖမ်းရန်လာစဥ်တွင် မတွေ့သဖြင့် ၎င်းကို ၃ ရက် ဖမ်းဆီးခံရပြီး ခန္ဓာကိုယ်အနှံ့ ညိုမဲဒဏ်ရာနှင့် အတွင်းကြေ ဒဏ်ရာတို့ကြောင့် ပြန်လွတ်လာပြီး ၂ ရက် အကြာ ဆေးရုံတွင် ကုသမှုခံယူစဥ် သေဆုံးသွားခဲ့ရကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဖြစ်စဥ်ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးကြောင်း ကျောက်မဲမြို့နယ်မှ TNLA တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသေးစိတ်ကို ကျနော်တို့ ပြောလို့ မရသေးဘူး၊ ဆက်လက်စုံစမ်းဖို့ လိုသေးတယ်၊ တပ်သားသစ်ကောက်တာ တော့ မူဝါဒ ရှိတဲ့အတိုင်းပဲ လုပ်ဆောင်ကြပါတယ်၊ ကျန်တာတော့ မသိရဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ကျောက်မဲမြို့သည် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ တပ်ဖွဲ့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...