Thursday, December 1, 2022

ပင်လုံမြို့ အသက်(၆၈) အရွယ် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရ

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ယနေ့ (စက်တင်ဘာ ၁၉) ရက် မွန်လွဲပိုင်း ၂ နာရီခွဲကျော်တွင် အသက် (၆၈) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲ ကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၄) တွံမိုလမ်း မှာ အသက် (၆၈) နှစ်အရွယ်ရှိ ပါဂူ ထံ ဆိုင်ကယ်စီးလာသည့် အမျိုးသား (၁) ဦးက နောက်မှနေပြီး ၄င်း၏ ပိုက်ဆံအိတ် ကို လုယူသွားကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပင်လုံမြို့

“အဘွားက ဝမ်ယိမ်းက ဆွမ်းပြင်သွားလာပြီး ကားဆင်းပြီးတော့ လမ်းလျောက်ပြန်ချိန်မှာ လုယက်ခံရတာ။ ငွေသား တစ်သိန်းငါးသောင်း (150,000) နဲ့ ဖုန်းတစ်လုံး ပါသွားတယ်။ ဖုန်းတန်ဖိုးက (၅) သိန်းလောက်ရှိမယ်။ အဲ့ဖုန်းက သူ့သမီး အသစ်ပဲ ဝယ်ပေးထားသေးတယ်။ အဲ့ဒီအိတ်ထဲမှာ မှတ်ပုံတင် နဲ့ အိမ်သော့တွေလည်း အကုန်ပါသွားတယ်”ဟု ပင်လုံမြို့ ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုလုယက်ခံရချိန်တွင် ၄င်း အမျိုးသမီးသည် မှတ်ပုံတင် ပါရှိသွားသည့်အတွက် ပြန်လာပေးရန် ဓားပြနောက်လိုက် အော်ပြောခဲ့ပေမယ့် ဓားပြမှ ဆိုင်ကယ်စီးပြေးသွားခဲ့ကြောင်း သိရှိရသည်။

“အန်တီကတော့ ဘာမှ ထိခိုက်ဒဏ်ရာမရှိခဲ့ဘူး။ သူ့ အဲ့ဓားပြနောက်ကို သူ့မှတ်ပုံတင် ပြန်လာပေးဖို့ အော်ပြောခဲ့တယ်။ အဲ့လူကလည်း ဆိုင်ကယ်စီးပြေးသွားတယ်”ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပင်လုံမြို့ အပါအဝင် သျှမ်းပြည်တွင်းရှိ မြို့နယ်များတွင်လည်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးသုံးစွဲသူများ များပြားလာသဖြင့် ခိုးယူ လုယက်မှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article