မိုးမိတ်မြို့နယ် အတွင်း စစ်ကောင်စီ လက်အောက်ခံ နေရာများ ဗုံးပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံဌာန ဖြစ်ကြသည့် ခရိုင်ရုံးနှင့် မြို့နယ် ထွေအုပ်ရုံးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက် ညနေ ၃ နာရီခွဲကျော်တွင် မိုးမိတ်မြို့ရှိ ခရိုင်ရုံးဝန်းအနီး ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် ည ၈ နာရီဝန်းကျင် အချိန်တွင်လည်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အနီး၌ ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ညနေပိုင်းမှာ ခရိုင်ရုံးမှာ ဗုံး ၂ လုံး ပေါက်ကွဲပြီးတဲ့နောက် လုံခြုံရေး အင်အားတွေက အဲ့နေရာကို ရောက်လာကြတယ်၊ ဒါမဲ့ ဘယ်သူလုပ်လိုက်မှန်းတော့ မသိလိုက်ဘူးလို့ပြောတယ်၊ အဲ့ကြောင့် သူတို့လည်း စစ်ဆေးပြီး ပြန်သွားတာ၊ ည ၈ နာရီရောက်တော့ မြို့နယ်ထွေအုပ်ရုံးမှာ နောက်တစ်လုံးထပ်ပေါက်တယ်” ဟု မိုးမိတ်မြို့မှ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မိုးမိတ်မြို့

အဆိုပါ ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုတွင် လူထိခိုက်မှု မရှိသော်လည်း ကားတစ်စီး ထိခိုက်ပျက်စီးရကြောင်းလည်း သတင်းသိရသည်။

လက်ရှိ မိုးမိတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီ နှင့် SSPP တို့ စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင် စစ်ကောင်စီဘက်မှ စစ်အင်အားထပ်မံ ဖြည့်တင်းကာ ဖြန့်ကျက်နေရာယူထားမှုများအကြား ဗုံးပေါက်ကွဲခြင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခု မိုးမိတ်မြို့တွင်းမှာ စစ်ကောင်စီ တပ်ရင်း ၃ ခုက ဖြန့်ကျက်ပြီး နေရာယူထားတယ်၊ ဒီကြားထဲ ဗုံးပေါက်ကွဲမှု ထပ်ဖြစ်တော့ ပြည်သူတွေကို စစ်ဆေးမှုက ပိုတင်းကြပ်လာတယ်၊ ပြည်သူအတွက် လုံခြုံရေးယူပေးတာလည်း မရှိဘူး” ဟု မိုးမိတ်မြို့ ဒေသခံအမျိုးသားက ပြောသည်။

စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီဘက်မှ မိုးမိတ်မြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် SSPP/ SSA တပ်ဖွဲ့များ နုတ်ထွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး မှ တစ်ဆင့် SSPP/SSA တာဝန်ခံများထံ အကြောင်း ကြားသော်လည်း SSPP/SSA ဘက်မှ နုတ်ထွက်ခြင်းမပြုသည့်အတွက် လက်ရှိတွင် စစ်ရေးတင်းမာမှု များရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာမှုများကြောင့် မိုးမိတ်မြို့နယ် အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ အချို့ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ပိတ်ရန် ညွှန်ကြားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...