နောင်ချို အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ဒုတိယပတ်အတွင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ လာရောက် ခြိမ်းခြောက်မှုပြုလုပ်သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စစ်ရှောင်ကူညီပေးနေသည့် သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ခြိမ်းခြောက်လို့ပဲ ပြန်သွားတဲ့ သဘောပါပဲ။ သူတို့က စစ်ရှောင်တွေရဲ့ အဆောက်အအုံတွေကို ဖျက်ပြီးတော့ ပြန်ခိုင်းတာ။ အခုက တစ်ချို့ ပြန်သွားကုန်ပြီ။ စစ်ရှောင်တွေ သိပ်မကျန်တော့ဘူး။ အကုန်နီးပါး ပြန်သွားပြီ” ဟု ၎င်းက ပြောသည်။

နောင်ချိုစစ်ရှောင်များ

ထိုအပြင် နေရပ်ရောက်နေသည့် စစ်ဘေးရှောင်များ အနေဖြင့် လာရောက်လှူပေးသော အလှူကိုလည်း လက်မခံရန် အုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားထားကြောင်း သိရသည်။

လက်ရှိမှာ စစ်ဘေးရှောင်များ နေရပ်ပြန်သွားသော်လည်း ခြံမသွားရဲသေးကြောင်း၊ ညဘက်တွင်လည်း ဒေသခံများက ကျေးရွာထဲ မနေရဲသဖြင့် စစ်ရှောင်စခန်းသို့ ပြန်လာအိပ်သည့်သူများလည်းရှိနေကြောင်း ဒိုးပင်ကျေးရွာမှ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ချို့က ညဆိုရင် ကျေးရွာထဲ မနေရဲလို့ ညဆို ပြန်လာအိပ်တာရှိတယ်။ သူတို့တွေက ခြံတွေလည်း သိပ်မသွားရဲကြဘူး။ ပြီးတော့ သူများတွေ လာလှူတဲ့ အလှူတွေလည်း လက်မခံနဲ့လို့လည်း သူတို့က ခြိမ်းခြောက်ပြီး ပြောထားတယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီသည် လက်ရှိမှာ နောင်ချိုမြို့နယ် တိုက်ပွဲဖြစ်ပွားသည့်နေရာ ဒိုးပင်ကျေးရွာတို့ဘက်တွင် စစ်အင်အား အများအပြား ဖြည့်နေကြောင်း သိရသည်။

“အခုရက်ပိုင်း စစ်တပ်က အင်အားတွေ အများကြီး ဖြည့်နေတယ်။ ဒိုးပင်ကျေးရွာက ရဲစခန်းမှာလည်း ရဲတွေမရှိဘဲ စစ်တပ်တွေပဲနေနေတာ။ အရင်ကထပ် အင်အား ၄ ၊ ၅ ဆ လောက်ဖြည့်လာတယ်” ဟု စစ်ဘေးရှောင် ကူညီပေးသည့် အမျိုးသားက ပြောသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ ဩဂုတ် ၂၄ ရက်မှစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒိုးပင်ကျေးရွာ၊ ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာမှ ပြည်သူများ စစ်ဘေးတိမ်းရှောင် လာခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...