မိုးဗြဲမြို့ စစ်ကောင်စီမှ ပြည်သူကို ဒိုင်းကာအဖြစ် အသုံးပြုပြီး တိုက်ခိုက် PDF တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ယမန်နေ့ စက်တင်ဘာ ၁၉ ရက် တွင် စစ်ကောင်စီက ပြည်သူများကို ဒိုင်းကာအဖြစ်အသုံးပြုပြီး တိုက်ခိုက်ခဲ့သဖြင့် မိုးဗြဲ PDF တပ်ဖွဲ့ ဝင် (၂) ဦး ကျဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၉ ) ရက် တွင် စစ်ကောင်စီက မွေတော်ဘုန်းကြီးကျောင်း၊ ပွဲကုန်းရပ်ကွက် ၂ ၊ ၃ ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တင့်ကား၊ လက်နက်ကြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသည့် မိုးဗြဲ PDF မှ တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျဆုံးသွားသည့် PDF တပ်သား

“မိုးဗြဲ PDF တပ်ဖွဲ့ထဲက ၂ ယောက် ကျဆုံးသွားတယ်။ သူတို့ဘက်တော့ ဘယ်လောက်သေလဲမသိဘူး။ သူတို့က လက်နက်ကြီးတွေ၊ တင့်ကား နဲ့ ဝင်ရောက်တိုက်ခိုက်လာတာ။ သူတို့ဘက်က လက်နက်ကြီးတွေပဲ အများဆုံးသုံးတာ။ ပြီးတော့ ပြည်သူ ၁၀၀ နီးပါးကိုလည်း ဒိုင်းကာလုပ်ပြီးတော့ တိုက်ခိုက်လာကြတာ” ဟု အမည်မဖော်လိုသည့် PDF တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

ထိုအပြင် တိုက်ပွဲတွင် လက်နက် အင်အား မလုံလောက်သောကြောင့် တပ်ဆုတ်ခွာခဲ့ရကြောင်း၊ လက်ရှိမှာ မိုးဗြဲမြို့အတွင်း ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ဒီနေ့တော့ တိုက်ပွဲမဖြစ်သေးဘူး။ ငြိမ်နေတယ်။ မိုးဗြဲမြို့ထဲမှာ အခုက စစ်ကောင်စီ တွေပဲနေနေတာ။ ပြည်သူတွေ၊ ကျနော်တို့ PDF တွေလည်း တပ်ဆုတ်လာခဲ့ရတယ်။ ကျနော်တို့အတွက် လက်နက်အင်အား မလုံလောက်လို့ တပ်ဆုတ်လာခဲ့ရတာပါ” ဟု ၎င်း က ပြောသည်။

ကျဆုံးသွားသည့် PDF တပ်သား

အလားတူ ယမန်နေ့ တွင် ဖယ်ခုံမြို့ စစ်ကောင်စီ၏ ရဲစခန်း နှင့် ထွေအုပ်ရုံးကိုလည်း ဖယ်ခုံမြို့ PDF တပ်ရင်း ၂ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ ဖယ်ခုံက ရဲစခန်း နဲ့ ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ၁၅ မိနစ်လောက်ပဲကြာတယ်။ ထိခိုက်မှု ဘယ်လောက်ရှိလဲတော့ ကျနော်တို့လည်း မသိရဘူး” ဟု ဖယ်ခုံမြို့ PDF တပ်ရင်း ၂ က တာဝန်ရှိသူ တစ်ဦးကပြောသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ ရက်နေ့ကစပြီး ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် လက်နက်ကြီးများကို အသုံးချ တိုက်ခိုက်လာသောကြောင့် ကားသမားများအနေဖြင့် မိုးဗြဲမြို့ထဲသို့ အသွားအလာ သတိထားသွားလာကြပါရန် PDF တပ်ဖွဲ့များက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...