မိုးမိတ်မြို့တွင်းရှိ စာသင်ကျောင်းအချို့ကို စစ်ကောင်စီမှ ပိတ်ရန် ညွှန်ကြား

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ အချို့ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ပိတ်ရန် ညွှန်ကြားကြောင်း သတင်းသိရသည်။

မိုးမိတ်မြို့နယ်အတွင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ဝမ်ဘုံကန် (မိုးဘုံကျေးရွာ) မှ အလယ်တန်းကျောင်း နှင့် ဝမ်အုမ်ကျေးရွာမှ မူလတန်းကျောင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့မှ ပိတ်ခိုင်းကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စာသင်ကျောင်းနှစ်ကျောင်းကို ပိတ်ခိုင်းလို့ ပိတ်လိုက်ရတယ်၊ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) ဟွေခမ်းတောင်ဘက် သွားတဲ့ ၁၇ ရက်နေ့ ညနေပိုင်းကတည်းက ကျောင်းသားတွေကို ကျောင်းဆင်းခိုင်းတာ၊ အခုချိန်ထိ စာသင်ကျောင်း ပြန်မဖွင့်ခိုင်း သေးဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွား

အဆိုပါ ဝမ်ဘုံကန် ကျေးရွာ နှင့် ဝမ်အုံကျေးရွာတို့သည် ဟွေခမ်းတောင်ခြေ အနီးတွင် တည်ရှိသည့်အတွက် စစ်ကောင်စီ တပ်သားတို့က ပိတ်ခိုင်းကြောင်း ဒေသခံများက ပြောသည်။

ဟွေခမ်းတောင်ကြောဘက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တို့သည် အဆိုပါ နေရာအနီးတစ်ဝိုက်တွင် စစ်အင်အား ထပ်မံဖြည့်တင်းပြီး SSPP/SSA နှင့် စစ်ရေးတင်းမာမှုများ ရှိနေကြောင်း သတင်းသိရသည်။

“မနေ့က သူတို့ စစ်အင်အား ကားနှစ်စီးက အဲ့တောဘက် ထပ်သွားတာတွေ့ရတယ်၊ SSPP/SSA က အဲ့တောထဲမှာ နေရာယူထားတာ၊ အခုမြေပြင် အနေအထားတော့ နှစ်ဘက်စလုံး စစ်ရေးတွေ တင်းမာနေဆဲပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်ကဆက်ပြောသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ နယ်ကျွံခြင်းပြုပါက တိုက်ပွဲ ထပ်မံဖြစ်ပွားနိုင်ကြောင်းလည်း မိုးမိတ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့က ဒီနေရာမှာ ရှိတယ်ဆိုတာ ဒေသခံ ပြည်သူတွေရော ၊ သူတို့(စကစ)တွေရောသိတယ်၊ ရွာသားတွေက ဒီဘက်ကို မလာကြဘူး၊ အခု စစ်ကောင်စီတွေဘက်က စစ်အင်အား ထပ်ဖြည့်နေတယ်လို့ သတင်းသိရတယ်၊ သူတို့ဘက်က ကျနော်တို့ ဆီကို ထပ်တိုးလာမယ် ကျနော်တို့ နယ်ထဲ ရောက်လာမယ်ဆိုရင်တော့ ပစ်ရမှာပဲ” ဟု SSPP/SSA မြေပြင်အရာရှိက ပြောသည်။

စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီဘက်မှ မိုးမိတ်မြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် SSPP/SSA တပ်ဖွဲ့များ နုတ်ထွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး မှ တစ်ဆင့် SSPP/SSA တာဝန်ခံများထံ အကြောင်းကြား သော်လည်း SSPP/SSA ဘက်မှ နုတ်ထွက်ခြင်းမပြုသည့်အတွက် စက်တင်ဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီ ဘက်က ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း SSPP ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင်လည်း မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာ နှင့် ဝမ်အုံကျေးရွာကြားမှာ (SSPP/SSA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...