တာချီလိတ် – မယ်ဆိုင် ချောင်းဘေး အမျိုးသားတစ်ဦး ငါးမျှားရင်း ပျောက်ဆုံးနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ အသက် (၄၄) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မယ်ဆိုင်ချောင်းဘေးတွင် ငါးမျှားနေရင်း မတော်တဆ ချောင်းထဲချော်ကျသွားပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၁၇ ) ရက် ညနေ (၄) နာရီကျော်တွင် အသက် (၄၄) နှစ်ရှိ ကိုထွန်းထွန်းဝင်း ဆိုသူသည် ဆိုင်ဆန်း (ခ) ရပ်ကွက်အတွင်း 1G1 ဟိုတယ်နောက်ရှိ မယ်ဆိုင် ချောင်းဘေးတွင် ငါးမျှား လိုက်ရှာရင်း ချောင်းထဲသို့ ချော်ကျသွားကာ ပျောက်ဆုံးနေကြောင်း တာချီလိတ် ဦးလှမိုး ပရဟိတ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုချောင်းထဲ ချော်ကျသွားပြီး ပျောက်ဆုံးနေသည့် ကိုထွန်းထွန်းဝင်းကို ယနေ့ အချိန်ထိ အလောင်းရှာမတွေ့ သေးပေ။

ပျောက်ဆုံးနေသူကို ရှာဖွေနေခြင်း

“မနေ့က ညနေပိုင်းမှာ ငါးမျှားလိုက်ရင်း ချောင်းထဲကို ချော်ကျသွားတာ။ ချောင်းက ရေကြီးရေလျှံဖြစ်တော့ ချောင်းကမ်းဘေးနားမှာ ရွံ့၊ နွံ တွေ ကျန်ရစ်တာရယ်။ အဲ့ကြောင့် သူက ချောင်းထဲကို ချော်ကျသွားတယ်။ အခုချိန်က မိုးရာသီ မယ်ဆိုင် ချောင်းရေလည်း ရေစီးသန်တယ်။ ဒီနေ့ မနက်ပိုင်းထိ အလောင်းရှာလို့ မတွေ့သေးဘူး “ ဟု ၎င်း ကပြောသည်။

အဆိုပါ အသက် (၄၄) နှစ်ရှိ ကိုထွန်းထွန်းဝင်းသည် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက် အတွင်း ပါလျှံ (၂) တွင် နေထိုင်သူဖြစ်ကြောင်း ထို ချောင်းဘေးတစ်လျောက် အလောင်းကို တွေ့ရှိပါက တာချီလိတ် ဦးလှမိုး လူမှုကူညီရေး အသင်းထံသို့ အကြောင်းစေလိုကြောင်း သိရသည်။

ယခုကာလတွင် တာချီလိတ် – မယ်ဆိုင် ချောင်းရေသည် တောင်ပေါ်မှ စီးဆင်းထားသော မိုးရေကြောင့် ရေစီးသန်ပြီး ချောင်း၏ ကမ်းဘေးနှစ်ဖက်တွင်လည်း ရေကြီးရေလျှံဖြစ်ပွား၍ ရွံ့၊ နွံ များလည်း ကျန်ရစ်နေသေးသဖြင့် မယ်ဆိုင် ချောင်းနှဘေးမှ ငါးမျှားလိုက်ခြင်း မပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...