Tuesday, January 27, 2026

မိုးမိတ်မြို့နယ် (SSPP/SSA) နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် စစ်ကောင်စီဘက် ၃ ဦးသေ ၊ ၅ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာရှိ ဟွေခမ်းတောင်ကြောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု သိရှိရပါသည်။

ယမန်နေ့ (စက်တင်ဘာ ၁၇) ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီတပ် ခမရ (၃၄၈) ၊ ခလရ (၂၇၆) တို့ ပူးပေါင်းစစ်ကြောင်း အင်အား ၆၀ ဝန်းကျင်ခန့်က မိုးမိတ်မြို့ထဲမှ ဝမ်အုံကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိလာပြီး SSPP/SSA တပ်ဖွဲ့တို့ အခြေချ လှုပ်ရှားနေသည့် ဟွေခမ်းတောင်ကြောဘက်ကို ချီတက်လာရာ ညနေ ၃ နာရီ ၃၈ မိနစ် မှ ၄ နာရီ ၈ မိနစ်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

Photo: Credit (စစ်ကောင်စီ တပ်သားများ လက်နက်အပြည့်ဖြင့် မြင်တွေ့ရစဥ်)

စက်တင်ဘာ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီဖက်ကနေ မိုးမိတ်မြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့တွေကို မိုးမိတ်ထဲကနေ နုတ်ထွက်ပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ တစ်ဆင့် မိုးမိတ်အတွင်းရှိ SSPP/SSA တာဝန်ခံများထံ အကြောင်းကြားခိုင်းလိုက်ပြီး SSPP/SSA ဘက်က နုတ်ထွက်မသွားပဲ ဆက်လက် အခြေချ လှုပ်ရှားရာကနေ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာသည်ဟု SSPP ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာ နှင့် ဝမ်အုံကျေးရွာကြားတွင် (SSPP/SSA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပါသည်။

ယနေ့ စက်တင်ဘာ ၁၈ ရက် ယခုချိန်ထိ ထိတွေ့တိုက်ပွဲမဖြစ်သေးပေမယ့် စစ်ကောက်စီဘက်က စစ်အင်အား ထပ်ဖြည့်ထားသဖြင့် နှစ်ဖက်စစ်ရေးတင်းမာ နေရခြင်းဖြစ်ပါသည်။

လက်ရှိမှာ SSPP ထိပ်ပိုင်းခေါင်းဆောင်များသည် “ဝ” ဒေသ ပန်ဆန်း ဒေသကို စက်တင်ဘာ ၁၆ ရက်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

မိုးကုတ်ရဲစခန်း တိုက်ခိုက်ခံရ၊ မိုးမိတ်တွင် စစ်ကော်မရှင် အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေး

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် ရဲစခန်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၅ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်တပ်စွဲထားသည့် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရဲစခန်းထဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း မိုးကုတ်ဒေသခံများက ပြောသည်။ “ခုနကတော့...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...