ပုံးအင်းဒေသ မူးယစ်ဆေးဝါးသုံးစွဲသူပေါများလာ မော်တာ-ရေစုပ်စက်များ ခိုးခံလာရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများ ပေါများလာသဖြင့် လယ်၊ ခြံ ထဲရှိ မော်တာ – ရေစုပ်စက်များ မကြာခဏ ခိုးခံ နေရကြောင်း စုံစမ်း သိရှိရသည်။

သြဂုတ်လပိုင်း မှစတင်ပြီး ယခုလထိ ပုံးအင်းဒေသ နောင်စန့်ကျေးရွာမှာ လယ်၊ ခြံ ထဲရှိ မော်တာ – ရေစုပ်စက် (၃) ခု၊ ဆိုင်ကယ် (၂) စီး ခိုးခံနေရပြီး များသောအားဖြင့် သူခိုးမှာ ပုံးအင်းထဲမှ ငါးလာမျှားသူများ ဖြစ်ကြကြောင်း နောင်စန့်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံးအင်းဒေသ

“တချို့က ငါးလာမျှားတာ မဟုတ်ဘူး။ ချောင်းဘေးမှာရှိတဲ့ မော်တာ – ရေစုပ်စက်တွေ ခိုးသွားတာ။ မော်တာ – ရေစုပ်စက် တစ်လုံးကို (၂) သိန်း လောက်တန်ဖိုးရှိတယ်။ လယ်၊ ခြံထဲမှ ာဘာမှ ထားလို့မရတော့ဘူး။ ဆိုင်ကယ်ကတော့ ပွဲတွေမှာသွားရင် ခိုးခံရတာပေါ့ “ ဟု ၎င်း ဒေသခံ တစ်ဦးက ပြောသည်။

ယခင်တွင် လယ်၊ ခြံ ထဲရှိ မော်တာ – ရေစုပ်စက်များသည် ခိုးခံရခြင်းမရှိသော်လည်း စစ်အာဏာ သိမ်းပြီး (၁) နှစ်ခွဲကျော်ကာလမှာ ပုံးအင်းတွင် သူခိုး၊ ဓားပြများ ပေါများလာသဖြင့် မကြာခဏ ခိုးခံနေရ ခြင်းဖြစ်သည်။

ပုံးအင်းဒေသတွင် မူးယစ်ဆေးဝါး ပေါများလာသဖြင့် မူးယစ်သုံးစွဲသူလည်း ယခင်ထက် ပိုများလာကာ စပါးဈေးတက်လာသော ယခုကာလတွင် စပါးများ ခိုးခံရမည်ကို စိုးရိမ်နေကြောင်း ပုံးအင်းဒေသခံ အသက် (၄၀) ကျော်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု စပါးဈေးတွေရှိလာတော့ စပါးတွေ ခိုးခံရမှာကို စိုးရိမ်ရတယ်။ ကြက်သွန်ဖြူ စိုက်တဲ့အချိန်ဆိုရင်လည်း ကြက်သွန်တွေ ခိုးခံရတယ်။ အခုက ပိုဆိုးလာတယ်၊ မူးယစ်ဆေးသမားတွေက ပေါလာတော့ ဘာမှစိတ်မချရတေ့ာဘူး “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး (၁) နှစ်ခွဲကျော်ကာလတွင် သျှမ်းပြည်တပြည်လုံး သူခိုး၊ ဓားပြ များက ပြည်သူများ၏ နေအိမ်အတွင်း ဖောက်ခံထိသော်လည်း သက်ဆိုင်ရာ ရဲ နှင့် စစ်ကောင်စီများက ဖမ်းဆီးပေးခြင်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...