Thursday, April 25, 2024

ပြင်ဦးလွင်မြို့ ကလေးငယ် ၂ ဦး အပါအဝင် ၅ လောင်းပြိုင် လူသတ်မှုဖြစ်

Must read

ပြင်ဦးလွင်မြို့ အနီးစခန်း စည်ကားကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၁၈) ရက်မှာ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် (၅) ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ အသတ်ခံရသူများသည် ပြင်ဦးလွင် အနီးစခန်း စည်ကားကျေးရွာရှိ ကြက်ခြံတွင် နေထိုင်ကြသည့်သူများဖြစ်ကြောင်း ၊ သတ်ခံရချိန်တွင် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး နှင့် ကလေး (၂) ဦးတို့ ပါဝင်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အသတ်ခံရသည့် မိသားစု

“ကြက်ခြံပေါ်မှာ လည်ပင်းတွေမှာ ဓားဒဏ်ရာနဲ့ သေနေကြတာ။ အဲ့ထဲက ကလေး ၁ ဦး ကတော့ ဆေးရုံရောက်မှ သေသွားတာ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားက ပြောပြသည်။

အဆိုပါ သတ်ခံရသည့် မိသားစုများသည် အလွန်အနေအေးသည့် သူများဖြစ်ပြီး၊ မည်သည့်အရေးကိစ္စကြောင့် လာရောက်သတ်သည်ကို မသိရှိရသေးပေ။

အသတ်ခံရသည့် ကလေး (၂) ဦးသည် အသက် ၁၃ နှစ် အရွယ်သာရှိသေးသည့် မိန်းကလေးများဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ သတ်ခံရသည့် မိသားစုဝင် (၅) ဦး၏ ရုပ်အလောင်းကို ပြင်ဦးလွင်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article