တာချီလိတ် ကျောက်မီးသွေးသုံး ထုံးစက်ရုံ သွားသည့်လမ်းကို ပြန်ပြင်ပေးရန် ရွာသားများတောင်းဆို
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာက ကျောက်မီးသွေးသုံး ထုံးစက်ရုံသွားလမ်းမှ ပျက်စီးနေသော လမ်းကြောင်းများကို ပြန်ပြင်ပေးရန် ရွာသားများက တောင်းဆိုကြောင်း သတင်းသိရသည်။ အနံ့ဆိုးထွက်သည့် လွယ်သထုံကျေးရွာအနီးမှ ကျောက်မီးသွေးသုံး ထုံးစက်ရုံကုမ္မဏီမှ ကားကြီးများအပါအဝင် အုတ်ဖိုကျင်း နှင့် ကျောက်ကျင်းမှ ကားကြီးများကြောင့် လွယ်သထုံကျေးရွာ နှင့် မိုင်းဟဲကျေးရွာအုပ်စု...
သျှမ်းတောင်စစ်ရှောင်ဦးရေ (၁) ထောင်ကျော် စားနပ်ရိက္ခာ စတင်ပြတ်လပ်လာ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကယားပြည် (ကရင်နီ)မှ စစ်ရှောင်လာသော စစ်ရှောင်များသည် ယခုရက်ပိုင်းတွင် အလှူမရှိတော့သဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ပြတ်လပ်လာကြောင်း စစ်ဘေးရှာင်ကူညီပေးနေသည့်သူများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစပြီး စစ်ရှောင်လာရာ လက်ရှိတစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း အလှူရှင်များ မရှိသလောက် နည်းပါးလာသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်ခဲများ ရင်ဆိုင်လာ...
ရွာငံမြို့ အဝင်ဂိတ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ဆိုင်ကယ်ဆင်းတွန်းဖြတ်သွားနေရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ ဝင်၊ ထွက်များကို စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်နေပြီး ဆိုင်ကယ်သမားများ ကို လည်း ဆင်းတွန်းဖြတ်ခိုင်းကြောင်း သတင်းရရှိသည်။ စစ်ကောင်စီက ရွာငံမြို့နယ်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရှိသည်ဟုဆိုကာ အသွားလာတိုင်းကို စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာတစ်ချို့ထဲတွင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရသည်။ “ သူတို့စစ်ဆေးနေတာက ကြာပြီ။ အခုချိန်ထိပဲ စစ်ဆေးနေတယ်။ မြို့ဝင်၊...
ကျောက်မဲ ကားလမ်းမကြီးဘေး ပျားမွေးမြူရေးကြောင့် ခရီးသွားများ အန္တရာယ်ဖြစ်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ကားလမ်းမကြီးဘေးတွင် မွေးမြူရေးပျားအုံ ထားရှိမှုကြောင့် ခရီးသွားများ အန္တရာယ်ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်တွင် ကျောက်မဲ့မြို့ အမှတ် ၁ရပ်ကွက် ချယ်ရီမြို့ပတ်လမ်းမကြီးဘေးတွင် မွေးမြူရေး ပျားအုံပုံးများကို ၁၂ ဘီးကားတစ်စီးဖြင့် လာရောက်ချထားပြီးနောက် ခရီးသွားများကို ပျားတုပ်မှုဖြစ်စဥ် မကြာခဏ ဖြစ်ကြောင်း...
ကျိုင်းတုံက အကျဥ်းသား ၄၃ ဦးလွှတ်သည့်ထဲ CDM ဆရာမ မီဆော မပါလာ
သျှမ်းသံပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ အကျဉ်းထောင်မှ အကျဥ်းကျနေသူများအနက် ၄၃ ဦးလွှတ်မြောက်လာ သော်လည်း ပထမဆုံး ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာမ မီဆော မပါလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မ နှင့် တခြားသော...
ဆီဆိုင်မြို့နယ် စစ်ရှောင် နာတာရှည်ရောဂါသည်များ ဆေးဝါးကုသရန် အကူအညီလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ နာတာရှည်ရောဂါသည်များ ဆေးဝါးကုသခံ အကူအညီလိုအပ်နေကြောင်း သိရသည်။ နာတာရှည်ရောဂါဖြစ်သည့် ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် ကင်ဆာရောဂါ ခံစားနေရသူဆေးဝါးကုသခံရန် အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။ ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ(တစ်ထောင်) ဝန်းကျင်ရှိရာ...
နောင်ချိုမြို့နယ် မန္တလေးPDF နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေဆဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်- ပြင်ဦးလွင်မြို့ကြား မန္တလေး PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးတင်းမာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတို့ဘက် စစ်ဆေးထိုးဆင်လာပြီး ထိတွေ့မှုတွေရှိလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ အခုတော့ စစ်ရေးတင်းမာနေတယ်။ တိုက်ပွဲမဖြစ်တာ၂ ရက်ရှိနေပြီ။ တိုက်ပွဲဖြစ်ပွားတာက နောင်ချိုမြို့နယ် နဲ့ ပြင်ဦးလွင်ကြားမှာဖြစ်တာ။...
ရွာငံမြို့နယ် မီတာခမဆောင်သည့် အိမ်များမီတာဘောက်ဖြုတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့တွင် မီတာခ မဆောင်သည့် အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်းထမ်းများ က မီတာဘောက် လာရောက်ဖြုတ်ယူသွားကြောင်း စုံစမ်းသိရှိရသည်။ ယခု နိုဝင်ဘာလတွင် ရွာငံမြို့အတွင်း မီတာခ မဆောင်သည့်အိမ်များ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန မှဝန်ထမ်းများက မီတာဘောက်ဖြုတ်ယူသည့်အပြင် လမ်းပေါ်က မီးတိုင်များကိုလည်း ဖြုတ်ယူသွားကြောင်း သိရသည်။ “...
ပင်လုံစာချုပ် အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မည်ဟု RCSS/SSA ပြော
SHAN -
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို ၁၉၄၇ ပင်လုံစာချုပ် အကောင်အထည် ဖော်နိုင်မှ ဖြေရှင်းနိုင် ဖြစ်မည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည် ဖောင်ဆောင်ပြီး နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန်...
အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မနှင့် တခြားပုဒ်မ အကျဥ်းသားများကို စစ်ကောင်စီမှ လွတ်ပေး
အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီမှ အကျဥ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဥ်းသားအများအပြားလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျည်းသား(၆၀၀၀)နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့သည်။ ထိုထဲတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရွှေညဝါဆရာတော်၊ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာ မောင်သာချိုတို့ လွတ်မြောက်လာခဲ့သည်။ ထိုနည်းတူ...





