ကျိုင်းတုံက အကျဥ်းသား ၄၃ ဦးလွှတ်သည့်ထဲ CDM ဆရာမ မီဆော မပါလာ

သျှမ်းသံပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ အကျဉ်းထောင်မှ အကျဥ်းကျနေသူများအနက် ၄၃ ဦးလွှတ်မြောက်လာ သော်လည်း ပထမဆုံး ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာမ မီဆော မပါလာကြောင်း စုံစမ်းသိရသည်။

ဆရာမ မီဆော

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မ နှင့် တခြားသော ပုဒ်မများဖြင့် ပြစ်ဒဏ် ၂ နှစ်ထက် မပိုသော အကျဉ်းသားများကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများ အနက် ကျိုင်းတုံအကျဥ်းထောင်က ၄၃ ဦးလွတ်လာသော်လည်း CDM ကျောင်းဆရာမ မီဆောက လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“မနေ့က ကျိုင်းတုံမှာ စုစုပေါင်း ၄၃ ယောက်လွတ်ပေးတယ်၊ ဒါပေမဲ့ CDM ကျောင်းဆရာမ မီဆော ကတော့ မလွတ်လာသေးဘူး၊ ၂ နှစ်သမားတွေကို ဦးစားပေးလွတ်လို့ ဆရာမ မပါတာထင်တယ်၊ သူမက ၃ နှစ် ပြစ်ဒဏ်ချခံ ထားရတာ။” ဟု အသက် ၄၀ ဝန်းကျင် အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆရာမ မီဆော

ထို့အပြင် သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှ တောင်လေးလုံး အကျဉ်းထောင်တွင် အကျဥ်းကျနေသူများ များအနက် အမျိုးသမီးများ ၂၉ ဦးပါဝင်သည့် အကျဥ်းသားများစုစုပေါင်း ၅၇ ဦး လွတ်မြောက်လာကြောင်း သတင်း သိရသည်။

အဆိုပါ လွတ်မြောက်လာသူများတွင် သံလွင်သွေးချင်း အယ်ဒီတာ မမြဝန်းရံ အပါအဝင် ၅၀၅ ပုဒ်မ နှင့် တခြား သော ပုဒ်မဖြင့် အကျဥ်းကျနေသူများလည်း ပါဝင်ကြောင်း ရှေ့နေများထံမှ သိရသည်။

“မနေ့က တောင်လေးလုံးမှာ အမျိုးသမီး ၂၉ ဦးကို အရင်လွတ်ပေးပြီး၊ နောက် အမျိုးသားတွေကိုလည်း ထပ်လွတ် ပေးတယ်၊ စုစုပေါင်း ၅၇ ဦးဖြစ်တယ်၊ သျှမ်းမြောက်လားရှိုး ထောင်ကလည်း ၁၀ ဦးထက် မနည်းလွတ်လာ တယ်” ဟု အမည်မဖော်လိုသူ ရှေ့နေ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ ရှိ ပြည်နယ် အကျဥ်းထောင်မှလည်း အကျဥ်းသား ၁၃ ဦးထက်မနည်း ထွက်လာကြောင်းနီးစပ်သည့် ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် သျှမ်းပြည် အတွင်းရှိ အကျဥ်းထောင်များမှ ၂ နှစ်ထက်မပိုသည့် ပစ်ဒဏ်ကျခံရသူများ စုစုပေါင်း ၁၀၀ ကျော် ပြန်လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဥ်းသား အနည်းစုသာပါဝင်ပြီး အများစုမှာ ခိုး၊ ဆိုး၊ လုယက်သူများ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိထားကြရန်လည်း ရှေ့နေများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...