သျှမ်းတောင်စစ်ရှောင်ဦးရေ (၁) ထောင်ကျော် စားနပ်ရိက္ခာ စတင်ပြတ်လပ်လာ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကယားပြည် (ကရင်နီ)မှ စစ်ရှောင်လာသော စစ်ရှောင်များသည် ယခုရက်ပိုင်းတွင် အလှူမရှိတော့သဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ပြတ်လပ်လာကြောင်း စစ်ဘေးရှာင်ကူညီပေးနေသည့်သူများထံ စုံစမ်းသိရသည်။

ဆီဆိုင်စစ်ရှောင်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစပြီး စစ်ရှောင်လာရာ လက်ရှိတစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း အလှူရှင်များ မရှိသလောက် နည်းပါးလာသည့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်ခဲများ ရင်ဆိုင်လာ နေရကြောင်း သျှမ်းတောင် စစ်ရှောင်ကော်မတီဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလှူရှင်မရှိ၊ အလုပ်အကိုင် မရှိသော ကာလမှာ စစ်ရှောင်အချို့သည် စားနပ်ရိက္ခာ မလုံမလောက်မှုနှင့် တစ်နေ့ကို ဆန်ပြုတ်သာ စားသုံးခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ကရင်နီ (ကယား)ပြည်နှင့် သျှမ်းပြည်နယ်စပ်ဒေသ အနီးတဝိုက်ရှိ စစ်ရှောင်စခန်းတစ်နေရာတွင် ၄ လကြာပြီး အလှူရှင်မရှိသောကြောင့် နေ့စားအလုပ်ကို မျှော်နေရကြောင်း ဒီးမောဆို့မြို့မှစစ်ရှောင်လာသော အမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်စစ်ရှောင်

“ အခုတော့ ပြောင်းဖူးထွက်ချိန်ဆိုတော့ နည်းနည်း သက်သာသေးတယ်။ နေ့စားအလုပ်ရှိသေးတာပေါ့၊ အခု အလှူရှင် မလာတာ ၄ လရှိပြီ။ နေ့စားအလုပ်မရှိရင်တော့ ကျနော်တို့ အရမ်းခက်ခဲတယ်။ ဒီလတော့ ပြောင်းဖူးသွားချိုးရတယ် တစ်နေ့ကို (၆,၀၀၀) ရရ လိုက်သွားတယ်။ အလှူရှင်မရှိရင် နေ့စားအလုပ်ကိုပဲ မျော်နေရတယ် “ ဟု ၎င်းစစ်ရှောင်အမျိုးသား တစ်ဦးကပြောသည်။

နေ့စားအလုပ်သည် ပုံမှန်လတိုင်း မရှိသောကြောင့် ယခု (နိုဝင်ဘာလ) ပြောင်းဖူးထွက်ချိန်မှာသာလျှင် နေ့စားလိုက်ရပြီး ကျန်တဲ့လများတွင် အလုပ်ကိုင်မရှိပေ။

သျှမ်းပြည်တောင်ပိုင်းရောက်စစ်ဘေးရှောင်များသည် ပြည်တွင်းအလှူရှင်ကိုသာ အားထားလာခဲ့ရာ ယခုနှစ် သြဂုတ်လမှ စတင်ကာ အလှူရှင်လျော့ကျလာသည်။

“ အရင် စစ်ရှောင်စလာတဲ့ချိန်တုန်းက အလှူရှင်တွေများပါတယ်။ ကျမ အသိမိတ်ဆွေ၊ သူငယ်ချင်း တွေဆီက အကူညီတွေ တော်တော်ရပါတယ်။ အခုကြာလာတော့ အလှူရှင်တွေ အရမ်းရှားလာတယ်၊ အကူညီတောင်း ခံခဲ့ဖူးတဲ့သူတွေလည်း ခဏခဏ တောင်းတော့ သူတို့လည်း ခက်ခဲလာတယ်။ ဖြစ်နိုင်ရင်တော့ ကမ္ဘကုလသမ္မက ပြီးတော့ အရေးပေါ် သုံးစရိတ်လေးတွေ ထောက်ပံ့ပေးစေချင်တယ် “ ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များ ဦးရေ (တစ်ထောင်) ကျော်ရှိရာ ထိုထဲတွင် စစ်ရှောင်ဦးရေ (၃၀၀) ကျော်မှာ ပုံမှန် ဆေးဝါး သုံးစွဲနေရသော နာတာရှည် ရောဂါများနှင့် ဆေးဝါးကုသရန်လိုအပ်သော ဦးနှောက်အကြိတ်ရောဂါ၊ မျက်လုံးကွယ်နေတဲ့ ကလေးငယ်များလည်း ရှိနေကြောင်း ဆိုသည်။

“ ကလေးငယ်တစ်ယောက်က အသက် ၁၄ နှစ် သူကဦးနှောက်အကြိတ်ရောဂါနဲ့ အသားဝါရောဂါ ဖြစ်နေတယ်။ ပုံမှန်သူက တောင်ကြီးစဝ်စံထွန်း ဆေးရုံကို ဓာတ်မှန်သွားရိုက်ရတယ်။ ဆေးသောက်ရတယ်။ တစ်လတစ်လ ကလေးက ဆေးကုသနေရတာ (၁) သိန်းကျော် ကုန်ကျတယ်။ နောက်တစ်ယောက်က အသက် ၁၁ နှစ်ကလေး သူကမျက်လုံးလွှာပျက်ပြီး မျက်လုံးကကွယ်နေတယ်။ သူကတော့စရိတ်များတော့ အခုဘာမှမလုပ်ပေးရသေးဘူး “ ဟု ၎င်း စစ်ရှောင်အမျိုးသမီးက ထပ်လောင်းပြောသည်။

နာတာရှည် ရောဂါသည်များသည် ဆေးဝါး ပုံမှန်သောက်သုံးခြင်း မရသည့်အတွက် ယခုနှစ်ကာလ ပတ်လုံးတွင် ၈ ဦးခန့် သေဆုံးသွားကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ( နှစ်လ)ထဲတွင် ဆီဆိုင်မြို့နယ်ထဲရှိကရင်နီစစ်ရှောင် ဦးရေ စာရင်းများကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းမှ စာရင်းသွားရောက် ပြုစုခဲ့သော်လည်း စစ်ရှောင်များအတွက် အရေးပေါ်လိုအပ်သော ကုန်ကျစရိတ်များကို ယနေ့အချိန်ထိ ထောက်ပံ့ပေးခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...