တာချီလိတ် ကျောက်မီးသွေးသုံး ထုံးစက်ရုံ သွားသည့်လမ်းကို ပြန်ပြင်ပေးရန် ရွာသားများတောင်းဆို

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဝလုံးကျေးရွာအုပ်စု လွယ်သထုံကျေးရွာက ကျောက်မီးသွေးသုံး ထုံးစက်ရုံသွားလမ်းမှ ပျက်စီးနေသော လမ်းကြောင်းများကို ပြန်ပြင်ပေးရန် ရွာသားများက တောင်းဆိုကြောင်း သတင်းသိရသည်။

တာချီလိတ် ထုံးဖိုစက်ရုံသွားလမ်း ပြန်ပြင်ရန် ဒေသခံများတောင်းဆို

အနံ့ဆိုးထွက်သည့် လွယ်သထုံကျေးရွာအနီးမှ ကျောက်မီးသွေးသုံး ထုံးစက်ရုံကုမ္မဏီမှ ကားကြီးများအပါအဝင် အုတ်ဖိုကျင်း နှင့် ကျောက်ကျင်းမှ ကားကြီးများကြောင့် လွယ်သထုံကျေးရွာ နှင့် မိုင်းဟဲကျေးရွာအုပ်စု လမ်းပိုင်း သည် ချိုင့်ခွက်များသဖြင့် ဖုန်ထူထပ်ကာ သွားလာရန်နှင့် နေထိုင်မှုများ ခက်ခဲနေကြောင်းသိရသည်။

“မိုးရာသီဆို ပိုဆိုးတယ်၊ ရွံ့ဗွက်တွေနဲ့ အဆင်မပြေလည်း ကြိတ်ပြီး အဆင်ပြေအောင်နေခဲ့ရတာ၊ နွေရာသီဆို တော့လည်း ဖုန်တွေတအားထူပြီး အခုလမ်းဘေးက အိမ်တွေဆို ဖုံတွေချည်း ဖုံးနေတာ၊ ကုမ္မဏီက ကားကြီးတွေ ကြောင့် လမ်းက ပိုပျက်ပြီး ကျနော်တို့မှာ ဒီဒဏ်တွေကို ခံနေရတာ” ဟု လွယ်သထုံရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဝလုံးကျေးရွာအနီးတွင် အနံ့ဆိုးထွက်သည့် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံအပြင်၊ အုတ်ကျင်း နှင့် ကျောက်ကျင်းတို့မှ ကုမ္မဏီကားကြီးများ နေ့စဥ် ၃ ခေါက်ထက်မနည်း ဖြတ်သန်းသွားလည်သည့်အတွက် လမ်းများက ပျက်စီးနေကြောင်း ၎င်းက ပြောဆိုထားသည်။

ယင်းကဲ့သို့ ချိုင့်ခွက်များဖြင့် ပျက်စီးနေသောလမ်းပိုင်းသည် မိုင်ပေါင်း ၂၀ ခန့်ရှိပြီး ဝလုံးကျေးရွာအုပ်စု၊ မိုင်ဟဲ ကျေးရွာအုပ်စုတို့မှ တာချီလိတ် _ မိုင်းဆတ် အထိ သွားလာရန် အသုံးပြုသည့်လမ်းဖြစ်သည်။

တာချီလိတ် ထုံးဖိုစက်ရုံသွားလမ်း ပြန်ပြင်ရန် ဒေသခံများတောင်းဆို

“ဖုန်တွေထူပြီး ချိုင့်ခွက်တွေလည်း အရမ်းများနေလို့ ရွာသားဘက်က ဌာနဆိုင်ရာကို တိုင်တာ၊ ကုမ္မဏီက ပြင်ပေး မယ်တဲ့၊ အခုလည်းအိမ်တွေက ဖုန်ဖုံးပြီး၊ လမ်းက ကျောက်ခင်းလမ်းပဲ ဖြစ်တော့ အဲ့ဒါတွေက ကျွံကျပြီး ချိုင့်ခွက် တွေ ဖြစ်တာ၊ ဒါကြောင့် ကားငယ်တွေ၊ အနိမ့်ကားတွေ ဆိုင်ကယ်တွေဆိုသွားလာလို့ အဆင်မပြေဘူး” ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်တွင် ရွာသားများဘက်မှ ရပ်ရွာလူကြီးများနှင့်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တွေ့ဆုံကာ အဆိုပါ လမ်းကြောင်း ပြန်ပြင်ရန်အတွက် ဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆက်ပြောသည်။

တာချီလိတ်မြို့နယ်ရှိ ဝလုံးကျေးရွာ အုပ်စု လွယ်သထုံကျေးရွာ အနီးမှ အနံ့ဆိုးများထွက်သည့် ကျောက်မီးသွေးသုံး ထုံးဖိုစက်ရုံသည် ယာယီရပ်နားရန် ညွှန်ကြားခြင်း ခံရသော်လည်း အနီးပတ်ဝန်းကျင်ရှိ ရွာများက အနံ့ဆိုးများကို ဆက်လက်ရရှိနေသေးကြောင်းလည်း သိရသည်။
အဆိုပါ ကျောက်မီးသွေးသုံးထုံးဖိုစက်ရုံကြောင့် တာချီလိတ်မြို့နယ် ကျေးရွာ (၇)ရွာသာမက မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း ၎င်းစက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးကို ခံစားနေရသဖြင့် မြန်မာအစိုးရအနေဖြင့် သွားရောက်စစ်ဆေးပေးရန်လည်း ထိုင်းဘက်ခြမ်းက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...