ပင်လုံစာချုပ် အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မည်ဟု RCSS/SSA ပြော

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို ၁၉၄၇ ပင်လုံစာချုပ် အကောင်အထည် ဖော်နိုင်မှ ဖြေရှင်းနိုင် ဖြစ်မည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဌာနချုပ်လွယ်တိုင်းလျန်းရှိ RCSS/SSA တပ်သားများ

အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည် ဖောင်ဆောင်ပြီး နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန် အချက် အပါအဝင် အချက် ပေါင်း ၄ ချက်ပါရှိသည့် ထုတ်ပြန်ချက်ကို ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်ပြီး လက်ရှိ နိုင်ငံရေးပြဿနာများသည် ပင်လုံစာချုပ် ကတိ ကဝတ်လမ်းစဥ်များနှင့် သွေဖီနေသည့် လုပ်ဆောင်ချက်များကြောင့်ဖြစ်ရကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကြပ်အတည်းတွေကို ဘက်စုံတောင့်စုံ စဥ်းစားကြည့်လိုက်ရင် အစောကတည်း ပင်လုံစာချုပ်ကို လျစ်လျူရှုထားလို့၊ ခေတ်အဆက်ဆက်က ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အားလုံးဟာ ပင်လုံစာချုပ် ပင်လုံကတိကဝတ်တွေနဲ့ သွေဖီနေလို့ အခုချိန်ထိ နိုင်ငံရေးပြဿနာတွေနဲ့ မဖြေရှင်းနိုင်ပဲဖြစ်နေတာ” ဟု ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လက်ရှိ နိုင်ငံရေးပြဿနာ၊ ပြည်တွင်း ပဋိပက္ခများသည် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် ဖြေရှင်းရန် မဖြစ်နိုင်ကြောင်းနှင့် အရင်းခံ နိုင်ငံရေးပြဿနာများကိုသာ ဖြေရှင်းသင့်ကြောင်း RCSS/ SSA က ဆက်လက် ပြောဆိုထားသည်။

“လက်ရှိ နိုင်ငံရေး ပြဿနာတွေက ၂၀၂၀ ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေတယ် ဆိုတဲ့ဟာကို RCSS/SSA တစ်ဖွဲ့ တည်း အမြင်ပြောရရင် အကျယ်တဝင့်တော့ မှတ်ချက်မပြောလိုဘူး၊ အဓိကကတော့ SAC နဲ့ နိုင်ငံရေးပါတီတွေ၊ တတ်သိ ပညာရှင်တွေ၊ ဘက်ပေါင်းစုံက ပါဝင်ဆွေးနွေးညှိနှိုင်းမှသာလျှင် လက်ရှိနိုင်ငံရေးကို ဖြေရှင်းနိုင်မှာပါ ” ဟု ဗိုလ်မှူးကြီး အုမ်ခေးက ဆက်ပြောသည်။

လက်ရှိ အချိန်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် RCSS/SSA တပ်ဖွဲ့ အနေဖြင့်လည်း တိုင်းရင်းသားလက်နက်ကိုင်များ ၊ အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးအဖြေရှာရန် အတွက် လက်ကမ်းကြိုဆိုကြောင်း ထုတ်ပြန်ကြေညာထားသည့် ကာလလည်းဖြစ်သည်။

ထို့ပြင်အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလည်း နှစ်ကြိမ်တိုင် တက်ရောက်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

သျှမ်းပြည် ၁၅ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ရက် ၉၀ ထပ်မံတိုးမြှင့်

0
သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ သက်တမ်းတိုးရန်...

မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းခန့် ဝင်ငွေမရှိကြောင်း UNDP နှင့် UN Women ထုတ်ပြန်

0
မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ စီးပွားရေးပြိုလဲမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုများကြောင့် မြန်မာအမျိုးသမီး ၄၂ ရာခိုင်နှုန်းသည် မည်သည့်ဝင်ငွေမျှ မရှိကြောင်း UNDP နှင့် UN Women တို့၏ ပူးတွဲ အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင်လ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

“ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်”

0
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး...