Wednesday, January 28, 2026

ကျောက်မဲ ကားလမ်းမကြီးဘေး ပျားမွေးမြူရေးကြောင့် ခရီးသွားများ အန္တရာယ်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ကားလမ်းမကြီးဘေးတွင် မွေးမြူရေးပျားအုံ ထားရှိမှုကြောင့် ခရီးသွားများ အန္တရာယ်ရှိနေကြောင်း သတင်းသိရသည်။

ကျောက်မဲ ပျားမွေးမြူရေး

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်တွင် ကျောက်မဲ့မြို့ အမှတ် ၁ရပ်ကွက် ချယ်ရီမြို့ပတ်လမ်းမကြီးဘေးတွင် မွေးမြူရေး ပျားအုံပုံးများကို ၁၂ ဘီးကားတစ်စီးဖြင့် လာရောက်ချထားပြီးနောက် ခရီးသွားများကို ပျားတုပ်မှုဖြစ်စဥ် မကြာခဏ ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့လာချတဲ့နေ့ကတည်း အုပ်ချုပ်ရေးမှူးကိုရော နယ်မြေမှူးကိုရော ပြောထားပြီ၊ လာကြည့်ပေးမယ်လို့ ပြော ပြီး အခုထိ ဘာမှမလုပ်ပေးသေးဘူး၊ ပျားအုံပုံးတွေက လမ်းနဲ့ အရမ်းနီးနေတော့ ပျားတုပ်ပြီး ဆိုင်ကယ်လဲတဲ့ ပြည်သူတွေ ၃ ယောက်ရှိနေပြီ” ဟု ၎င်း အမျိုးသားက ပြောသည်။

အဆိုပါ မွေးမြူရေး ပျားအုံပုံးများကြောင့် ဆိုင်က​​ယ်မောင်းနှင်သည့် အမျိုးသား ၃ ဦး ပျားတုပ်ခံရပြီး ဆိုင်ကယ် မှောက်ကာ ပွန်းပဲ့ဒဏ်ရာများ ရရှိသွားခဲ့ရကြောင်း၊ ကားမှန် ချထားသည့် လမ်းသွားလမ်းလာကားသမားများလည်း ပျားတုပ်ခံရမှုမကြာခဏ ကြုံတွေ့ ရကြောင် ၎င်းလမ်းကိုအသုံးပြုသည့် အမျိုးသားတစ်ဦးက ပြောသည်။

“အခုချိန်က ရဲစခန်းရှေ့လမ်းက ပိတ်ထားတော့ မနက်ကနေ ညနေအထိ ပြည်သူတွေက ဒီလမ်းကိုပဲ အသုံးပြုတာ များတယ်၊ ကားသမားတွေလည်း ပျားတုပ်ခံရတော့ အက်စီးဒန့်ဖြစ်မှာကို ကြောက်တယ်” ဟု ၎င်းက ဆိုသည်။

ယင်းပျားမွေးမြူရေး လုပ်ဆောင်သည့် မြေနေရာသည် အစိုးရပိုင်မြေ အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ပြီး အုတ်ကျင်း – ပြိန်းနင် လမ်းကြောင်းဖြစ်ကြောင်းလည်း သတင်းသိရသည်။

ယခင် ကျောက်မဲမြို့ မြို့ပြင်ရှိ လားရှိုး – မန္တလေး လမ်းမကြီးဘေးတစ်လျှောက်မှာလည်း ပျားမွေး လေ့ရှိကြောင်း ဒေသခံ တစ်ဦးထံမှ သတင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းမှာလည်း နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် ပျားအုံပေါင်း ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...