အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မနှင့် တခြားပုဒ်မ အကျဥ်းသားများကို စစ်ကောင်စီမှ လွတ်ပေး

အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီမှ အကျဥ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဥ်းသားအများအပြားလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးထောင်ရှေ့

အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျည်းသား(၆၀၀၀)နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့သည်။

ထိုထဲတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရွှေညဝါဆရာတော်၊ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာ မောင်သာချိုတို့ လွတ်မြောက်လာခဲ့သည်။

ထိုနည်းတူ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံးအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားများ နှင့် အကျဥ်းကျနေသူ အမျိုးသမီးများ စုစုပေါင်း ၂၉ ဦး လွတ်မြောက်လာကြောင်း ကနဦး သိရသည်။

အဆိုပါ လွတ်မြောက်လာသူများတွင် သံလွင်သွေးချင်း အယ်ဒီတာ မမြဝန်းရံ အပါအဝင် ၅၀၅ ပုဒ်မ နှင့် တခြားသော အကျဥ်းသား အမျိုးသမီးများ စုစုပေါင်း ၂၉ လွတ်မြောက်လာကြောင်း အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်လေးလုံးအကျဥ်းထောင်

“အမျိုးသမီးတွေကို အရင်ဆုံးလွတ်ပေးတာတဲ့၊ အခု အမျိုးသမီးစုစုပေါင်း ၂၉ ဦး လွတ်လာပြီလို့ ကြားတယ်၊ အခုတော့ အမျိုးသားတွေကို လွတ်ဖို့ စာရင်းလုပ်နေတာတဲ့၊ စုစုပေါင်း အရေအတွက်တော့ မသိရသေးဘူး” ဟု အထက်ပါ ရှေ့နေက ပြောသည်။

အလားတူ သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ ရှိ ပြည်နယ် အကျဥ်းထောင်မှလည်း အကျဥ်းသား ၁၃ ဦးထွက်လာပြီ ဖြစ်ကြောင်း နီးစပ်သည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးထောင်ကနေ ကျားရော မရော ၁၃ ဦးကို ကားနဲ့ ရဲစခန်းဘက်ကို ခေါ်သွားတယ်၊ ခံဝန်ကတိတွေ ထိုးဖို့ ဆိုလားပဲ၊ ထပ်ထွက်လာဖို့လည်း ရှိတယ်လို့ သိတယ်၊ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် သျှမ်းပြည် အတွင်းမှ အကျဥ်းသားများ၏ အရေအတွက်ကိုလည်း ဆက်လက် စုံစမ်းနေလျက်ရှိပြီး ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

ယခု အချိန်ထိ စစ်ကောင်စီ၏လွတ်ငြိမ်းချမ်းသာပေးသည့် အကျဉ်းသား ထဲတွင် ဩစတေးလျစီးပွားရေး ပညာရှင် မစ္စတာရှောင်တာနယ် ၊ ဗြိတိန် သံအမတ်ဟာင် မစ္စဗစ်ကီဘိုမင်း၊ ဂျပန် ဒါရိုက်တာ မစ္စတာ တိုရိုကူဘိုတာ ၊ အမေရိကန် နိုင်ငံသား ကျော်ဌေးဦးနဲ့ မစ္စဗစ်ကီဘိုမင်း၏အမျိုးသား ပန်းချီထိန်လင်း တို့ကို ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ပုဒ်မ ၅၀၅(က) နှင့် တရားစွဲ ခံထားရသည့် အနုပညာရှင် ဘုန်းသိုက်၊ ဖွေးဖွေး၊ ဟေမာန် သူသူအောင်၊ မယ်မင်းဘုံ၊ စုမွန်၊ နီနီခင်ဇော်၊ သီဟဖြိုး၊ ယွန်းဝတီလွင်မိုး၊ သဇင်ထူးမြင့်၊ ထက်ထက်ထွန်း၊ နန်းခင်ဇေယျာ တို့ ၁၁ ဦးလည်း အမှုပိတ်ပေးထားသည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေငြာထားသည်။

ထိုသို့လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဥ်းသား အနည်းစုသာပါဝင်ပြီး အများစုမှာ ခိုး၊ ဆိုး၊ လုယက်သူများ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိထားကြရန်လည်း ရှေ့နေများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...