ရွာငံမြို့နယ် မီတာခမဆောင်သည့် အိမ်များမီတာဘောက်ဖြုတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့တွင် မီတာခ မဆောင်သည့် အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်းထမ်းများ က  မီတာဘောက် လာရောက်ဖြုတ်ယူသွားကြောင်း စုံစမ်းသိရှိရသည်။ 

ရွာငံမြို့

ယခု နိုဝင်ဘာလတွင်  ရွာငံမြို့အတွင်း မီတာခ မဆောင်သည့်အိမ်များ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန မှဝန်ထမ်းများက  မီတာဘောက်ဖြုတ်ယူသည့်အပြင် လမ်းပေါ်က မီးတိုင်များကိုလည်း ဖြုတ်ယူသွားကြောင်း သိရသည်။ 

“ မီတာခ မဆောင်နိုင်တဲ့အိမ်တွေကို မီတာဘောက်တွေလာဖြုတ်သွားပါတယ်။ ပြီးတော့ အခုကလည်း မီးတွေက ပုံမှန်မလာဘူး။ အိမ်ထဲက မီးသီးလုံးတွေလည်း လာဖြုတ်သွားတယ်။ လမ်းဘေးကို ဓာတ်တိုင်မီးတွေတောင် ဖြုတ်သွားတယ်” ဟု ရွာငံမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ထိုအပြင် မီတာခကို ယခင်က ထမင်းချက် ၊ ရေမော်တာတင်သုံးရာတွင် တစ်လကို ၅ ထောင်သာကုန်ကျပြီး လက်ရှိမှာ တစ်လကို ၃ သောင်းထိ ပေးဆောင်ရကြောင်းသိရသည်။  

မီတာပေါက်ကို မြို့ထဲတွင် ဖြုတ်ယူသည့်အပြင်  ကျေးရွာဘက်က မီတာခမဆောင်သည့် အိမ်များကိုလည်း စစ်ကောင်စီက ကျေးရွာတွင်း တာဝန်ရှိသူများကို မီတာပေါက်ကိလိုက်ဖြုတ်ယူခိုင်းကြောင်းသိရသည်။ 

“ မြို့ထဲမှာလည်းဖြုတ်တယ်။ ကျေးရွာတွေဘက်မှာလည်း လာဖြုတ်တယ်။ ကျေးရွာထဲက တာဝန်ရှိတဲ့သူတွေကို သူတို့က လှမ်းဖြုတ်ခိုင်းတာ။ မဆောင်တဲ့အိမ်တွေကို အကုန်လိုက်ဖြုတ်ခိုင်းတာ။ ပြီးတော့ အရင်ကထက်လည်း မီတာခက ဈေးကြီးလာတယ်” ဟု ရွာငံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်သူအများစုသည် စစ်အာဏသိမ်းအုပ်ချုပ်နေသည်ကို ကန့်ကွက်သည့်အနေဖြင့် မီတာခ အပါအဝင် အစိုးရကို ပေးဆောင်ရသည့် ဝန်ဆောင်ခများကို မပေးဆောင်ခဲကြပေ။ 

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီများသည် လျှပ်စစ်မီးကို မကြာခဏဖြတ်တောက်သည့်အပြင်  မီတာခများကိုလည်း ယခင်ကထက် အဆပေါင်းများစွာ ကောက်ယူမှုများရှိလာကြသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...