သိန္နီမြို့နယ်ယာဉ်တိုက်မှုဖြစ် လူ ၃ ဦးသေဆုံး
သျှမ်းပြည်မြောက်ပိုင်းသိန္နီမြို့နယ် ချောင်းဆာကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၍ လူ ၃ ဦးသေဆုံး ကြောင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၆ ဝန်းကျင် ပြည်ထောင်စုလမ်းမကြီး ကားလမ်းပေါ်ရှိ ရေပူဂိတ် အကျော်တွင် ၆ ဘီးကားတစ်စီးက ၁၂ ဘီးကားတစ်စီးကို နောက်ကနေ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ...
ကျောက်မဲမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ခိုမုန်းကျေးရွာအုပ်စုရှိ စစ်ကောင်စီ စစ်ဆေးရေးစခန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် ညနေပိုင်း ၃ နာရီကျော်ဝန်းကျင်တွင် ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ရွာရှိ ငြိမ်းချမ်းရေး ဘုရာကုန်းအနီး ကျောက်မဲမြို့အဝင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုကို အမည်မသိ လက်နက်ကိုင်...
တောင်ကြီး အုပ်ချုပ်ရေးမှူးအသစ် တပ်ထွက်များဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာသစ်ကို စစ်ကောင်စီ တပ်ထွက်များ ခန့်အပ်လိုက်ကြောင်း သိရသည်။ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်နှင့် ရေးအေးကွင်းရပ်ကွက်များတွင် ယခုလ ( နိုဝင်ဘာလ) အတွင်းမှ စတင်ပြီး စစ်ကောင်စီ တပ်ထွက်များကို ရပ်ကွက် အုပ်ချုပ်ရေးမှုးအသစ်အနေဖြင့် ခန်ံအပ်လိုက်ကြောင်း တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့ပြင်...
မူဆယ် ကျင်ဆန်ကျော့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံး
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် စစ်ကောင်စီကား မိုင်းထောင်ဖောက်ခွဲခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နိုဝင်ဘာ ၁၆ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကားက မုံးကိုးမှ မူဆယ်မြို့ (၁၀၅)...
နမ္မတူ စစ်ရှောင်အချို့နေရပ်ပြန် နေထိုင်စားသောက်မှု အဆင်မပြေ
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် ကြူဆော့ စစ်ဘေးရှောင်စခန်းမှ နေရပ်သို့ ပြန်သွားသည့် စစ်ဘေးရှောင် ပြည်သူများသည် နေထိုင်စားသောက်ရေး အတွက် အဆင်မပြေကြောင်း သတင်းသိရသည်။ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင် စခန်းသို့ စစ်ရှောင်ရောက်သည့် ပြည်သူများအနက် မန်နားကျေးရွာမှ အိမ်ထောင်စု ၁၀ စု၊ မန်မိုင်ကျေးရွာမှ အိမ်ထောင်စု ၁၃...
အနံ့ဆိုးထွက်သည့် တာချီလိတ်မြို့မှ ကျောက်မီးသွေးသုံး ထုံးဖို ယာယီရပ်နားခံရ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဝလုံးကျေးရွာ အုပ်စု လွယ်သထုံကျေးရွာ အနီးမှ အနံ့ဆိုးများထွက် သည့် ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံသည် ယာယီရပ်နားရန် ညွှန်ကြားခြင်း ခံရကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းအချိန်တွင် ထုံးဖိုတည်ရှိရာ လွယ်သထုံရွာသို့ မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများ၊...
မူဆယ်မြို့တွင်း ပြည်သူသွားလာသည့်နေရာအနီး ဗုံးမဖောက်ရန် တောင်းဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PSDF သည် ပြည်သူ့စစ်ပိုင်သည့် မိုတယ်ကို တိုက်ခိုက်ရာ အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူများ အိမ်ပြင်ထွက်ရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မင်္ဂလာမူဆယ်...
ပင်လုံ PDF နာမည်ဖြင့် Viber မှတဆင့်ငွေ လိမ်လည်တောင်း
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နာမည်ဖြင့် ပြည်သူ့ များ၏ Viber မှတဆင့် ငွေလိမ်လည်တောင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ပင်လုံတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် ဒေါ်ညို ပြန်ပေးဆွဲခံရပြီး သေနတ်ပစ်သတ်ခံရသည့်နောက် ယခုလ (နိုဝင်ဘာလ) အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF...
ကျောက်မဲ နောင်ပိန်ကျေးရွာ လောင်းကစားဝိုင်းလက်နက်ကိုင်တပ်ဖွဲ့ လုံခြုံရေး ယူပေး
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ပိန်ကျေးရွာ အုပ်စုမှ လောင်းကစားဝိုင်းကို လက်နက်ကိုင် တပ်ဖွဲ့မှ လုံခြုံရေး ယူပေးနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် လုပ်ပါဘုရားပွဲကို အကြောင်းပြုပြီး လောင်းကစားဝိုင်းကို လာရောက်ဖွင့်လှစ် ဆော့ကစားကြရာ အရပ်ဝတ်ဖြင့် လက်နက်ကိုင် လူတစ်စုမှ လုံခြုံရေး...
လျှပ်စစ်မီးမမှန်မှုကြောင့် အေးသာယာ စက်မှုဇုံမှ စက်ရုံများ လည်ပတ်ရန်ခက်ခဲနေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့မှ အေးသာယာစက်မှုဇုံတွင် လျှပ်စစ်မီးမမှန်မှုကြောင့် စက်ရုံများက လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့နယ်အပါအဝင် သျှမ်းပြည် တခွင်လုံးရှိ မြို့ကြီးတော်တော် များများတွင် လျှပ်စစ်မီးများကို ၅နာရီမီးလာပြီး ၅နာရီမီး ပြန်ပိတ်ခဲ့သည့် အစီအစဥ် စတင်ခဲ့သည်။ သို့သော် လက်ရှိတွင် လျှပ်စစ်မီး...





