Wednesday, January 28, 2026

ပင်လုံ PDF နာမည်ဖြင့် Viber မှတဆင့်ငွေ လိမ်လည်တောင်း

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နာမည်ဖြင့် ပြည်သူ့ များ၏ Viber မှတဆင့် ငွေလိမ်လည်တောင်းမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

ပင်လုံမြို့

ပင်လုံတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် ဒေါ်ညို ပြန်ပေးဆွဲခံရပြီး သေနတ်ပစ်သတ်ခံရသည့်နောက် ယခုလ (နိုဝင်ဘာလ) အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နာမည်ဖြင့် ပြည်သူများ၏ Viber နံပတ် မှတဆင့် ငွေလိမ်လည်တောင်းမှုများ ရှိနေကြောင်း ပင်လုံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပင်လုံ ရပ်ကွက် ၃ က အိမ်ဆောက်ပစ္စည်းရောင်းတစ်ယောက် ခံရတယ်။ ပိုက်ဆံ သိန်း ၂၀ လောက်ပါသွား တယ်လို့ ပြောတယ်။ သူ့ Viber ကနေပြီးတော့ ကျည်ဆံပုံ၊ လူနာမည်၊ လုပ်ငန်း၊ လမ်း၊ အိမ်နံပါတ်တွေ အတိတကျရေးသားပြီး ပို့လာတယ်။ ခြိမ်းခြောက်ပြီး ငွေတောင်းတယ်။ သူတို့နဲ့ ဆွေးနွေးပြီး ပိုက်ဆံမပေးရင် ဒေါ်ညိုလို ဖမ်းဆီးပြီးသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ခြိမ်းခြောက်ပြီး ငွေတောင်းယူမှု သတင်းနှင့်ပတ်သတ်၍ ပင်လုံဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်နေရကြကြောင်း သိရသည်။

“ ပင်လုံမှာ ဒေါ်ညိုပြန်ပေးဆွဲခံရပြီး သေနတ်ပစ်ခတ်ခံရကတည်းက အားလုံးကြောက်လန့်နေကြတယ်။ အခုလည်း Viber ကနေ ခြိမ်းခြောက်ခံရတဲ့သူ၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်ခံရသူတွေ အရမ်းများနေတယ်။ ဒီသတင်းနဲ့ ပတ်သတ်ပြီးတော့ ဘယ်သူမှအင်တာဗျူး မခံချင်ဘူး။ လုံခြုံရေးအတွက်လည်း စိုးရိမ်ရသေးတယ် “ ဟု ပင်လုံဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများသည် စီးပွားရှာစားရခက်ခဲလာပြီး အလွယ်တကူငွေရရန် အတွက် နည်းလမ်းမျိုးစုံသုံးကာ လုယက်ခြင်း၊ ခြိမ်းခြောက်ပြီး ငွေတောင်းယူခြင်းနှင့် ဓားပြတိုက်ခြင်းတို့ ပြုလုပ်နေလာကြသည်။

ပင်လုံမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မရှိကြောင်း၊ ဒေါ်ညိုသေနတ်ပစ်သတ်ခံရပြီးနောက် ပြည်သူများကို ကြောက်လန့်ပြီး အခွင့်အရေးယူကာ ငွေတောင်းခြိမ်းခြောက်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဒေါ်ညို သေနတ်ပစ်သတ်ခံရခြင်းနှင့် ပတ်သက်ပြီး တရားခံလည်း မဖမ်းမိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

မိုးမိတ်မြို့အနီး စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်းတွင် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
Mogok_PDF_Attacks_SAC

မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

0
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...