ကျောက်မဲ နောင်ပိန်ကျေးရွာ လောင်းကစားဝိုင်းလက်နက်ကိုင်တပ်ဖွဲ့ လုံခြုံရေး ယူပေး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ပိန်ကျေးရွာ အုပ်စုမှ လောင်းကစားဝိုင်းကို လက်နက်ကိုင် တပ်ဖွဲ့မှ လုံခြုံရေး ယူပေးနေကြောင်း သတင်းသိရသည်။

လုပ်ပါကျေးရွာ လောင်းကစားဝိုင်း

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် လုပ်ပါဘုရားပွဲကို အကြောင်းပြုပြီး လောင်းကစားဝိုင်းကို လာရောက်ဖွင့်လှစ် ဆော့ကစားကြရာ အရပ်ဝတ်ဖြင့် လက်နက်ကိုင် လူတစ်စုမှ လုံခြုံရေး ယူနေပေးနေကြောင်း ဒေသခံများက ပြောသည်။

လုပ်ပါ ဘုရားပွဲသည် နိုဝင်ဘာ ၇ ရက်မှ စတင်ခဲ့သော်လည်း လောင်းကစားဝိုင်များကို နိုဝင်ဘာ ၄ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ နိုဝင်ဘာ ၁၅ရက်တွင် ဘုရားပွဲပြီး လောင်းစကားဝိုင်းကို နိုဝင်ဘာ ၁၇ ရက်ထိ ဖွင့်ပေးမည် ဟု သိရကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဘုရားပွဲမစခင်ကတည်းက လောင်းကစားဝိုင်းက လုပ်တယ်။ ဘုရားပွဲပြီးတော့လည်း လောင်းကစားဝိုင်းကမပြီးဘူး။ ဘုရားပွဲကိုအကြောင်းပြုပြီး လောင်းကစားဝိုင်းလုပ်တဲ့သဘောပဲ။ နောက်ပြီး အရပ်ဝတ်နဲ့ လက်နက်ကိုင်တစ်စုကလည်း လုံခြုံရေးယူထားတယ်။ လောင်းကစားဝိုင်းက ၂၀ကျော်ရှိတယ်” ဟု အမည်မဖော် လိုသူ ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။

လုပ်ပါကျေးရွာ လောင်းကစားဝိုင်း

အဆိုပါ လောင်းကစားဝိုင်းသည် ဒေသအတွင်းမှ ငွေရှင် ဓနရှင်များ၊ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးများ ပူးပေါင်းပြီး ဖွင့်လှစ်ခြင်းဖြစ်ပြီး လောင်းကစားဝိုင်းအတွင်း အရပ်ဝတ်ဖြင့် ပစ္စတိုသေနတ် များကိုင်ဆောင်သည့် လူတစ်စုက လုံခြုံရေးယူပေးထားကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“ပစ္စတိုတွေနဲ့ လူတစ်စုက ပွဲခင်းထဲရော၊ လောင်းကစားဝိုင်းတွေကို လုံခြုံရေးယူပေးတယ်၊ ဒီနယ်တစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ SSPP/SSA တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရတယ်” ဟု အသက် ၅၀ ကျော် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ ကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးဖုန်းဟန်ကို ဆက်သွယ်မေးမြန်းရာ လောင်းကစားဝိုင်းကို လုံခြုံရေး ယူပေးခြင်းသည် ၎င်းတို့ ပေါ်လစီမဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကိုပြောသည်။


“ကျနော်တို့ လုံခြုံရေး ယူပေးရတဲ့ ပွဲခင်းဆိုရင် လောင်းကစားဝိုင်းတွေကို ပါခွင့်မပေးဘူး၊ ကျနော်တို့ ပိတ်ခိုင်း တယ်၊ လောင်းကစားဝိုင်းတွေကို လုံခြုံရေးယူပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကျနော်တို့မှာ အဲ့လိုပေါ်လစီလည်း မရှိဘူး၊ ကျနော်တို့ နာမည်ကို ဖျက်ချင်လို့ ပြောဆိုကြတယ်ပဲ ထင်တယ်” ဟုSSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က ပြောသည်။

လုပ်ပါကျေးရွာ လောင်းကစားဝိုင်း

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ လုပ်ပါဘုရားပွဲသည် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ပြီးဆုံးသွား သော်လည်း လောင်းကစားဝိုင်းများက နိုဝင်ဘာလ ၁၇ ရက်နေ့ အထိ ဆက်ရှိမည်ဖြစ်နေသည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင်လည်း သျှမ်းပြည် မြောက်ပိုင်း မိုင်းယော်တိုက်နယ်အတွင်း အရပ်ဝတ်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့က လောင်းကစားဝိုင်းကို လုံခြုံရေးယူထားကြောင်းသိရသည်။

ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့် မရှိဘဲယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသည့်အပြင် လောင်းကစားဝိုင်းတွင် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...