မူဆယ်မြို့တွင်း ပြည်သူသွားလာသည့်နေရာအနီး ဗုံးမဖောက်ရန် တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PSDF သည် ပြည်သူ့စစ်ပိုင်သည့် မိုတယ်ကို တိုက်ခိုက်ရာ အရပ်သား ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြည်သူများ အိမ်ပြင်ထွက်ရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရသည်။

မူဆယ် ဗုံးပေါက်ကွဲမှု

ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မင်္ဂလာမူဆယ် လမ်းမကြီးဘေးရှိ Top One မိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာ ထိုထဲတွင် အသက် (၅)နှစ်အရွယ် ကလေး ၁ဦး၊ အမျိုးသမီး (၃)ဦး ပါဝင်ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ထိုဗုံးပေါက်ကွဲမှုဖြစ်သည့်အချိန်သည် ပြည်သူများအပြင်ထွက် အလုပ်သွားလုပ်ချိန်၊ လမ်းသွားလမ်းလာချိန်ဖြစ်သဖြင့် အရပ်သားပြည်သူဒဏ်ရာရရှိခဲ့သူများပြားရခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိမှာ ပြည်သူများ အိမ်ပြင်ထွက် အလုပ်လုပ်ရန် စိုးရိမ်ပူပန်မှုများစွာ ဖြစ်နေကြသည်။

“ အခုဆိုရင် ကောင်းစွာသွားလာလို့မရတော့ဘူးပေါ့။ ပြီးတော့ လမ်းဘေးတွေမှာ ၊ ပြည်သူတွေသွားလာတဲ့နေရာမှာ ဖြစ်တာဆိုတော့ ပိုပြီးကြောက်ကြတယ်။ လုံခြုံရေးလည်း မရှိတော့ဘူး။ ဘယ်သွားသွား စိုးရိမ်နေရတာပေါ့။ ဘယ်နားဗုံးပေါက်ကွဲမလဲဆိုတာတောင် မသိဘူးလေ” ဟု ဒေသတွင်း လှုပ်ရှားသည့် ပရဟိတအဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့ ဗုံးပေါက်ကွဲသည့်နေရာ

လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင် ပြည်သူများအလုပ်လုပ်သည့်အချိန်တွင် နှင့် သွားလာလှုပ်ရှားသည့်နေရာတွင် သတိထားပြီး ဖောက်ခွဲမှု တိုက်ခိုက်မှု ပြုလုပ်စေလိုကြောင်းလည်း မူဆယ်ဒေသခံများကဆိုသည်။

“ လူတွေ အလုပ်လုပ်ချိန်တွေ သတိထားဖို့လိုပါတယ်။ ဟိုနေ့က ဖြစ်တာကလည်း ပြည်သူတွေသွားလာတဲ့နေရာဖြစ်တယ်။ အဲဗုံးပေါက်ခွဲတဲ့သူလည်း တာဝန်ယူမှုရှိစေချင်တယ်။ ပြီးတော့ လုပ်ရင်လည်း ပြည်သူတွေသွားလာတဲ့နေရာ၊ ရှာဖွေ စားသောက်တဲ့ချိန် မလုပ်စေချင်ဘူး” ဟု ဒေသခံ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသ မူဆယ်မြို့သည် လုပ်ကိုင်စားသောက်မှုခက်ခဲလာပြီး ရုန်းကန်ရှာဖွေစားသောက် နေရသဖြင့် ပြည်သူများကို ငဲ့ညှာသည့်အနေဖြင့် လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကိစ္စကို သတိထားစေလိုကြောင်းလည်း ၎င်းက ဆိုသည်။

“ ဗုံးပေါက်ကွဲမှုတွေ မဖြစ်စေချင်ဘူးပေါ့။ အခုလိုဖြစ်တော့ မိသားစုဝင်တွေကလည်း စိုးရိမ်နေကြရတယ်။ သောကတွေရတယ်။ ထိခိုက်သူတွေကလည်း ငွေကုန်တယ်။ အချိန်ကုန်တယ်။ ပြီးတော့ အခုကလည်း ရှာစား ရတာခက်တဲ့ချိန်ဖြစ်တယ်။ ဖြစ်နိုင်တော့ မဖြစ်စေချင်ဘူး။ ပြည်သူတွေမထိခိုက်စေချင်ဘူး” ဟု Top One KTV ဗုံးပေါက်ကွဲသည့်နေရာအနီးတွင်နေထိုင်သူ အမျိုးသားက ဆိုသည်။

အဆိုပါ မူဆယ်မြို့ Top One KTV ဗုံးပေါက်ကွဲမှုသည် PSDF လက်ချက်ဖြစ်ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ကြောင်း ဝမ်းနည်းမိပါကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအပြင် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ၏ ကင်းပုံးနေရာ၊ စခန်းများ ၊ စီးပွားရေးနေရာများတွင် ရှောင်ရှားပြီး သွားလာကြပါရန် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးအဖွဲ့ PSDF ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

PSDF တို့ ဗုံးပေါက်ခွဲမှုဆက်ပြုလုပ်နေသည့်အပေါ်တွင် ပြည်သူများအပေါ်ဆက်လက်ထိခိုက်လာပါက ပြည်သူများ အမုန်းပွားလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“ သူတို့တော်လှန်ရေးလုပ်တာက နားလည်ပါတယ်။ လုပ်ရင်လည်း သူတို့ကို ထိခိုက်စေတဲ့ နေရာကိုပဲ လုပ်စေချင်တယ်။ ပြည်သူတွေကို မထိခိုက်စေချင်ဘူး။ နောက်ဆက်ပြီး ပြည်သူတွေကိုထိခိုက်လာရင်တော့ ပြည်သူတွေလည်း အမြင်မကြည်ပဲ မုန်းလာနိုင်တယ်လေ” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့သည် မြန်မာ- တရုတ်နယ်စပ်မြို့ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း အများပြားနေထိုင်သည့် ဒေသ တစ်ခုဖြစ်သည်။

လက်ရှိတွင်လည်း မူဆယ်မြို့နယ် လောင်းကစားဝိုင်းတွေများပြားလာပြီး လက်နက်ကိုင်ဆောင်သူများကလည်း များပြား လာကြောင်း လောင်းကစားဝိုင်းသွားလာခဲ့သူက ပြောသည်။

“ လောင်းကစားဝိုင်းတွေကလည်းအရမ်းများလာတယ်။ပြီးတော့ လက်နက်တွေ ကိုင်ဆောင်နေတာက များလာတယ်။ ပြည်သူစစ်အဖွဲ့ထဲမဟုတ်ရင်တောင် ပြည်သူ့စစ်နဲ့ ဆက်သွယ်နေရင်လည်း လက်နက်တွေ ကိုင်ဆောင်လို့ရနေပြီး။ လောင်းကစားဝိုင်းဝင်တဲ့သူတွေက ပစ္စတိုတွေရှိကြတယ်” ဟု လောင်းကစားဝိုင်းတွင် သွားခဲ့သူက ပြောသည်။


စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မူဆယ်မြို့တွင် ဒုစရိုက်တွေ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာပြီး လုံခြုံရေးမရှိတဲ့ မြို့တစ်မြို့ဖြစ်လာကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...