Thursday, December 1, 2022

သိန္နီမြို့နယ်ယာဉ်တိုက်မှုဖြစ် လူ ၃ ဦးသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်းသိန္နီမြို့နယ် ချောင်းဆာကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွား၍ လူ ၃ ဦးသေဆုံး ကြောင်းသိရသည်။

ယာဥ်တိုက်မှု

ယနေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၆ ဝန်းကျင် ပြည်ထောင်စုလမ်းမကြီး ကားလမ်းပေါ်ရှိ ရေပူဂိတ် အကျော်တွင် ၆ ဘီးကားတစ်စီးက ၁၂ ဘီးကားတစ်စီးကို နောက်ကနေ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ ၆ ဘီးကားပေါ်မှ အမျိုးသားနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း အနိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှသိရသည်။

“ ဒီနေ့မနက်အစောမှာက မြူ၊ မှိုင်းတွေနဲ့ ပြည့်နေတယ်ဆိုတော့ ယာဉ်ကြီးကိုမတွေ့မိတာလားတော့ မသိဘူး။ ၆ ဘီးကားပေါ်က အမျိုးသားနဲ့ အမျိုးသမီး တစ်ယောက်တော့ ပွဲချင်းပြီးသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာ ဆုံးသွားတယ် “ ဟု ၎င်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိတစ်ဦးက ပြောသည်။

ယာဥ်တိုက်မှု ဖြစ်ပွားပြီးနောက် ၆ ဘီးကားပေါ်မှ မေ့စေ့ကွဲပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးကို သိန္ဒီပြည်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ယခုလ အတွင်း သိန္နီမြို့တွင် ယာဥ်တိုက်မှု ၃ကြိမ်ထက်မနည်း ဖြစ်ပွားနေသဖြင့် ယာဥ်မောင်းများအနေဖြင့် သတိထားသွားလာကြရန်လည်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်တွင် သိန္ဒီမြို့-ကွမ်းလုံလမ်းတွင် ကားနှင့် ဆိုင်ကယ် ယဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်ပေါ်မှ လူတစ်ဦးသေဆုံးခဲ့သလို နိုဝင်ဘာ ၁၄ ရက်တွင်လည်း ကျော်မဲမြို့နယ် မန်တန်ကျေးရွာ တွင် ကားနှင့်ဆိုင်ကယ် တိုက်မိရာလူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article