တရုတ်လမုန့် ပွဲ နာမည်ခံ သိန္နီမြို့ လောင်းကစားပွဲတော်

ဘောလုံးကွင်း တကွင်းစာခန့်ရှိသော မြေလွတ်တစ်နေရာတွင် လူတွေက “ဖားဖား…၊ ကျားကျား..၊ ဆင်ဆင်..”ဟု အော်သူကအော်ပြီး ဆော့သူကဆော့ကာ အများအကြိုက် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆော့ကစားနေကြသည်။

အများသူဌာသည် လမုန့်စားပွဲတော်ဟု နှုတ်ကနေပြောဆိုသော်လည်း အမှန်တကယ်တွင် လောင်းကစား ပွဲတော်ပင် ဖြစ်နေသည်။

ထိုနေရာသည် တချိန်တခါက သျှမ်းစော်ဘွား နန်းစိုက်ရာ သိန္နီမြို့ဖြစ်ပြီး၊ လက်ရှိတွင် ကိုးကန့်တပ် MNDAA က ထိန်းချုပ်ထားသော မြို့တစ်မြို့ ဖြစ်သည်။

စစ်ရေးတည်ငြိမ်နေသည့် အချိန်ကာလအတွင်း သိန္နီမြို့ ပြည်သူများသည် တပေါင်းကွင်းကို စိတ်အားခဲ့ပြီး ဈေးရောင်းဈေးဝယ် ပျော်ပွဲရွှင်ပွဲနှင့် သျှမ်းရိုးရာဓလေ့ပွဲ ကျင်းပမည်ကို စိတ်ကူးဖြင့် ဝမ်းသာနေကြရသော်လည်း ယခုအခါ လောင်းကစားဝိုင်းများနှင့် စည်းကားနေသဖြင့် စိတ်ဂတိဂအောင့် ဖြစ်နေကြသည်။

ထိုလောင်းကစားဝိုင်းတွင် ဒေသခံတွေသာမက သိန္နီမြို့တွင် လာရောက်ရင်းနှီးမြှုပ်နှံကြသော တရုတ်လောပန်း (သူဌေး) များလည်း တရုတ်ယွမ်ငွေများဖြင့် အပြိုင်အဆိုင် လောင်းနေကြသည်။

လောင်းကစားဆိုသည့် သဘောကလည်း နိုင်လျှင်စွဲ၊ ရှုံးလျှင်မဲ နောက်ဆုံးတွင် ဘဝ ပျက်တတ်သည်မဟုတ်လား။

“အခုခြံထဲ ပြောင်းထွက်တဲ့အချိန်လေ၊ ရွာကလူတွေ မြို့ထဲပြောင်းလာရောင်းတယ်ဆိုပြီး အိမ်ပြန်တော့ ပိုက်ဆံမပါသွားတော့ဘူး။ တချို့အိမ်ကလူတွေဆို တစ်အိမ်လုံး သွားဆော့ကြတာ” ဟု နန်းစိန် (အမည်လွှဲ) က ပြောသည်။

ထိုလောင်းကစားဝိုင်းကို သီတင်းကျွတ်မတိုင်ခင် စက်တင်ဘာလ ၁၄ ရက်ကတည်းက ကိုးကန့်တပ်ဖွဲ့ MNDAA သည် တရုတ်လမုန့်စားပွဲတော်ကို အကြောင်းပြကာ ဖွင့်လှစ်လာခဲ့ရာ ယနေ့အချိန်ထိ ဖွင့်လှစ်နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။

တပေါင်းကွင်းရှိ လောင်းကစားဝိုင်းထဲတွင် ခြောက်ကောင်ဂျင် ၃၀ ခုံ၊ လေးကောင်ဂျင် ၅ ခုံ၊ ဖဲဝိုင်း ၁၃ ခုံ စုစုပေါင်း ၄၈ ခုံရှိပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံရေးအပြည့် ယူထားသည်။

ထိုလောင်းကစားဝိုင်းကို စီးပွားလုပ်ငန်းရှင်များနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အပေးအယူလုပ်ကာ နံနက် ၁၀ မှ ည ၁ နာရီအထိ ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောသည်။

လောင်းကစားဝိုင်းသည် ကန်ထရိုက်ဆွဲသည့် စီပွားရေးလုပ်ငန်းရှင်များနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အတွက် အကျိုးအမြတ်ရသော်လည်း စီးပွားရေးကျဆင်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ရင်ဆိုင်နေရသော ဒေသခံအများစုသည် လောင်းကစားတွင်ပင် နစ်မျောနေကြသည်။

သီန္နီလောင်းကစား

“ဒီလောက် ငွေရှာခက်ပြီး အဖက်ဖက်က ကျပ်တည်းနေတဲ့အချိန်မှာ ထမင်းမေ့၊ ဟင်းမေ့ ငွေကိုတန်းဖိုးမထားဘဲ ဆော့နေကြတာ။ လောဘကြောင့် ဆော့တာလား၊ အဆင်ပြေချင်လို့ ဆော့တာလား၊ ဝါသနာကြီးလို့ ဆော့တာလား မသိတော့ဘူး” ဟု နန်းစိန်က ပြောသည်။

လောင်းကစားဝိုင်းများသည် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဒေသတို့တွင် ပေါ်ပေါ်တင်တင် ပြုလုပ်နေကြသည်မှာ သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ပြီးချိန် ကတည်းကပင် ဖြစ်သည်။

သိန္နီမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်အထူးဒေသ (၁) အတွင်း ထည့်သွင်းထားခြင်း ဖြစ်သည်။

ထို့ပြင် သိန္နီမြို့သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများအတွက် အရေးပါသည့် မြို့တစ်မြို့ ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အလွန်အရေးပါသည့် သိန္နီမြို့နယ်တွင် မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးအတွက် MNDAA ၏ အခွန်ဌာနစစ်ဆေးရေးဂိတ် ၆ ခုဖွင့်လှစ်ထားပြီး ၂၄ နာရီ ဖြတ်သန်း ကုန်သွယ်နိုင်အောင် ဆောင်ရွက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း သိန္နီမြို့ ပြန်ပေးရေးကိစ္စနှင့် ပတ်သက်ပြီး စစ်ကော်မရှင်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တွေ့ဆုံညှိနှိုင်းမှု ၅ ကြိမ်အထိ ရှိခဲ့ကြောင်း သတင်းထွက်ပေါ်သော်လည်း နှစ်ဖက်စလုံးမှ သတင်းထုတ်ပြန်ခြင်း မရှိပေ။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အဓိကထားဦးတည်ကာ နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ဆောင်ရွက်နေသော စစ်ကော်မရှင်တပ်သည် တရုတ်နိုင်ငံ၏ ကြားဝင်ပေးမှုဖြင့် ယခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လားရှိုးမြို့ကို ပြန်ရခဲ့သည်။

စစ်ကော်မရှင်တပ်သည် လားရှိုးမြို့အား တရုတ်အားကိုးမှုဖြင့် တောင်းယူခဲ့ပြီးနောက် သိန္နီမြို့ကိုပါ ပြန်လည်တောင်းယူရန် ကြိုးပမ်းနေသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ TNLA ထိန်းချုပ်ထားသော ကျောက်မဲနှင့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီး သီပေါမြို့ကိုပါ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...