ကျောက်မဲမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ခိုမုန်းကျေးရွာအုပ်စုရှိ စစ်ကောင်စီ စစ်ဆေးရေးစခန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံရကြောင်း သတင်းသိရသည်။

ကျောက်မဲမြို့

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် ညနေပိုင်း ၃ နာရီကျော်ဝန်းကျင်တွင် ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ရွာရှိ ငြိမ်းချမ်းရေး ဘုရာကုန်းအနီး ကျောက်မဲမြို့အဝင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ လာရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ညနေ ၃ နာရီကျော်အချိန်မှာ လက်နက်ကြီးနဲ့ လာပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ ဘယ်အဖွဲ့အစည်းလဲတော့ မသိရသေးဘူး၊ ပစ်ခတ်ချိန်လည်း ခဏလေးပဲကြာတယ်၊ လူသူ ထိခိုက်မှုမရှိဘူး၊ အဆောက်အုံတချို့ပဲ ထိခိုက် ပျက်စီးတယ်။” ဟု အသက် ၄၀ ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ငြိမ်းချမ်းရေးဘုရားကုန်းရှိ ဘုရားဝန်းနှင့် ကပ်လျက် ညောင်ပင် အောက်တွင် တည်ရှိနေခြင်းဖြစ်ပြီး စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခဲ့သည်မှာ ၃ နှစ်ကြာခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ထိုပစ်ခတ်တိုက်ခတ်ခံရမှုအပြီး စစ်ကောင်စီတပ်ဖွဲ့မှ မြို့ဝင် မြို့ထွက်နေရာများနှင့် မြို့တွင်းလမ်းမကြီးတွင် စစ်ဆေးမှု တင်းကြပ်ထားပြီး စစ်အင်အားများလည်း နေရာအနှံ့ဖြန့်ထားကြောင်း ကျောက်မဲမြို့နေ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညနေပိုင်းဆေးရုံကနေ ပြန်လာတဲ့အချိန် ရပ်ကွက် ၉ လမ်းတောင့်မှာ စစ်ဆေးခံရတယ်၊ အမျိုးသားတွေ ပါတဲ့ကားတွေဆို ကားပေါ်က ဆင်းခိုင်းပြီးတော့ စစ်တယ်၊ စစ်သားတွေ လည်း နေရာအနံ့ အများကြီးပဲ” ဟု အသက် ၂၀ ကျော် ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ (နိုဝင်ဘာ ၁၆)ရက် ည ၉ နာရီဝန်းကျင်တွင်လည်း ကျောက်မဲမြို့မှ အကြောင်းရင်းမသိ သေနတ်ပစ်ခတ်သံ ၃ ချက်ထက်မနည်း ကြားရကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ကျောက်မဲမြို့မှ ငြိမ်းချမ်းရေး ဘုရာကုန်းအနီး ကျောက်မဲမြို့အဝင် စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရခြင်း နှင့် ပတ်သက်ပြီး အသေးစိတ်အချက်လက်နှင့် ထိခိုက်ကျဆုံးမှုကို သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပေ။

ယခုလ နိုဝင်ဘာလ ၈ ရက်တွင်လည်း ကျောက်မဲမြို့ ခရိုင်ရဲရုံးတွင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရပြီး ရဲတပ်သား ၂ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။

ကျောက်မဲမြို့သည် မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသော ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊သျှမ်းပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် စစ်ကောင်စီ တပ်ဖွဲ့ လှုပ်ရှားသည့်နယ်မြေဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်းရှိ မြို့နယ်အများစု အစိုးရရုံးတွင် ပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...