တောင်ကြီး အုပ်ချုပ်ရေးမှူးအသစ် တပ်ထွက်များဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာသစ်ကို စစ်ကောင်စီ တပ်ထွက်များ ခန့်အပ်လိုက်ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးအိမ် ဓားပြတိုက်ခံရ

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ စဝ်စံထွန်းရပ်ကွက်နှင့် ရေးအေးကွင်းရပ်ကွက်များတွင် ယခုလ ( နိုဝင်ဘာလ) အတွင်းမှ စတင်ပြီး စစ်ကောင်စီ တပ်ထွက်များကို ရပ်ကွက် အုပ်ချုပ်ရေးမှုးအသစ်အနေဖြင့် ခန်ံအပ်လိုက်ကြောင်း တောင်ကြီးဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် ကျန်ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာများကိုလည်း အမြန်ဆုံးခန့်အပ်နိုင်ရန် စစ်ကောင်စီက ကြိုးစားနေသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနစ်ရွေးကောက်ပွဲအတွင် ပြင်ဆင်နေခြင်းဖြစ်ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက်အရသိရသည်။

“ တချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာတွေမှာတော့ တပ်ထွက် က ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကိုခန့်ထားတယ်။ ကျန်တဲ့နေရာတွေ ကိုလည်း ဆက်ခန့်ဖို့ရှိတယ်။ လာမယ့်ရွေးကောက်ပွဲ အတွက် အရမ်းကိုပြင်ဆင်နေတဲ့သဘောပဲ” ဦးကြီးခမ်းရပ်ကွက်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တောင်ကြီးမြို့တွင် ရပ်ကွက် ၂၂ ခုရှိသည့်အနက် လက်ရှိ ရပ်ကွက် ၃ မှာ ပထမအကြိမ် အနေဖြင့် စတင်ပြီး အပြောင်းအလဲ ပြုလုပ်နေပြီး ကျန်တဲ့ ရပ်ကွက်များကိုလည်း နောက်လ ဒီဇင်ဘာလအတွင်းမှာ အပြီးအစီး အစားထိုးခန့်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

“ စစ်တပ်ထွက်က ဘယ်လောက်လုပ်နိုင်မှာလဲ၊ ပြည်သူတွေမှ သူတို့မပိုင်ရင် ဘာလုပ်နိုင်မှာလဲ” ဟု ဒေသခံအမျိုးသားက ဆိုပါတယ်။

စစ်ကောင်စီဘက်မှ လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင်းမှာ ရွေးကောက်ပွဲပြုလုပ်သွားမည်ဟု ကြေညာ ထားသော်လည်း စစ်တပ်မှ ပြုလုပ်သောရွေးကောက်ပွဲနှင့် မဲစာရင်းများကို အသိအမှတ် မပြုကြောင်း တောင်ကြီးဒေသခံများက ဆိုသည်။

“ ကျနော်တို့ တောင်ကြီးသားတွေက သူတို့ကို မဲပေးမှာမဟုတ်ဘူး။ သူတို့ပြုလုပ်ရွေးကောက်ပွဲလည်း အသိအမှတ် မပြုဘူး၊ သွားပူးပေါင်းမှာလည်း မဟုတ်ဘူး။ ကျနော်နဲ့ နီးစပ်တဲ့ ဆွေမျိုး၊ အသိုင်းအဝိုင်း၊ သူငယ်ချင်း၊ မိတ်ဆွေ တွေလည်း သူတို့ကိုမထောက်ခံမှာ မဟုတ်ဘူး။ လူထုရဲ့အား မပါဘဲနဲ့ စစ်တပ်ကဘယ်လိုဘဲလုပ်လုပ် ရှုံးမှာက ရှုံးမှာဘဲ “ ဟု ၎င်းဆက်ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် စက်တင်ဘာလ ၂ ရက်မှစပြီး စစ်ကြောင်း ၅ ကြောင်းဖြင့် ပင်းတယ၊ ရွာငံ၊ ညောင်ရွေ နှင့် ရပ်စောက် ဒေသတွင် အခမ်းအနားဖြင့် ကျေးရွောဒေသခံ ပြည်သူများကို ခေါ်ယူပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် စစ်တပ်ကို ထောက်ခံရန်လိုက်လံ စည်းရုံးခဲ့ဖူးကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

မူဆယ် #ကျင်ဆန်ကျော့

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...