လျှပ်စစ်မီးမမှန်မှုကြောင့် အေးသာယာ စက်မှုဇုံမှ စက်ရုံများ လည်ပတ်ရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့မှ အေးသာယာစက်မှုဇုံတွင် လျှပ်စစ်မီးမမှန်မှုကြောင့် စက်ရုံများက လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

အေးသာယာ စက်မှုဇုန်

နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့နယ်အပါအဝင် သျှမ်းပြည် တခွင်လုံးရှိ မြို့ကြီးတော်တော် များများတွင် လျှပ်စစ်မီးများကို ၅နာရီမီးလာပြီး ၅နာရီမီး ပြန်ပိတ်ခဲ့သည့် အစီအစဥ် စတင်ခဲ့သည်။

သို့သော် လက်ရှိတွင် လျှပ်စစ်မီး ဓာတ်အားပေးမှုကို အစီအစဥ်အတိုင်းမလုပ်ဆောင်သည့်အပြင် ပျက်ချိန်များ နေသည့် အတွက် စက်မှုလုပ်ငန်းရှင်များက ခက်ခဲနေကြောင်း အေးသာယာစက်မှု လုပ်ငန်းရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က မီးက ၅နာရီလာ ၅နာရီပျက်ဆိုလည်း မီးလာတဲ့ အချိန်ကို စောင့်ပြီး အလုပ်လုပ်ရတာပေါ့၊ ညနေ ငါးနာရီကနေ သန်းခေါင်ယံအထိ မီးလာရင် သန်းခေါင်ယံအထိ အလုပ်လုပ်ရတာပဲ၊ အလုပ်သမားတွေ ကိုလည်း အချိန်ပိုကြေး ထပ်ပေးရတာပေါ့၊ လူပင်ပန်း ငွေပိုကုန်ခဲ့တယ်၊ အခုဆို မီးက လာချင်တဲ့အချိန်လာလို့ စက်တောင် မလည်ပတ်နိုင်တော့ဘူး” ဟု အေးသာယာစက်မှု လုပ်ငန်းရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၁၄ ရက်မှ စတင်ပြီး လျှပ်စစ်မီးသည် ၁၀ မိနစ်ခြား တစ်ခါ ပျက်တောက်နေသဖြင့် လုပ်ငန်းမလည်ပတ်နိုင်သည့် အပြင် ကုန်ထုတ်လုပ်မှု ပမာဏများလည်း လျှော့ကျသွားရကြောင်း သိရသည်။

လျှပ်စစ်မီးမမှန်မှုကြောင့် စက်ရုံအတွင်းမှ စက်များ လျှပ်စစ်ဝါယာကြိုးများလည်း ရှော့ခ်ဖြစ်တတ် သဖြင့် အလွန် အန္တရာယ်များကြောင်း ၎င်း လုပ်ငန်းရှင်က ဆက်ပြောသည်။

“ကျနော်တို့စက်ရုံက မီးလာတဲ့ ချက်ချင်းအလုပ်တန်းလုပ်လို့ မရဘူး၊ စက်ကို မိနစ် ၂၀၊ နာရီဝက်လောက် အပူပေး ထားရတယ်၊ အဲ့လို စက်ကို အပူပေးထားနေတဲ့ အချိန်မှာပဲ မီးကလာလိုက်ပျက်လိုက် ဖြစ်နေတယ်ဆိုရင်လျှပ်စစ် ဝါယာရှော့ခ် ဖြစ်တတ်လို့ အရမ်းအန္တရာယ်များတယ်၊ အဲ့ကြောင့် အခုဆို ကျနော်တို့ စက်မလည်တော့ဘူး” ဟု အေးသာယာမှ စက်ရုံပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လျှပ်စစ်မီးမမှန်မှုကြောင့် လုပ်ငန်းမလည်ပတ်နိုင်သည့်အတွက် စက်ရုံအလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်ကာ လုပ်ငန်း ထုတ်လုပ်မှုပိုင်းနှင့် ဝင်ငွေပိုင်းလည်း ထိခိုက်မှုများ ရှိလာကြောင်း သတင်းသိ ရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူမှု စတင်သည့် ကာလမှ ယခု တစ်နှစ်ကျော် ကြာလာသည့်အထိ လျှပ်စစ် မီးအား မမှန်မှု နောက်ဆက်တွဲကြောင့် သျှမ်းပြည်ရှိ တန့်ယန်းမြို့၊ လားရှိုးမြို့၊ ပင်လုံမြို့ ၊ တောင်ကြီးမြို့ ၊ အောင်ပန်းမြို့ နှင့် တခြားမြို့များတို့မှ ပြည်သူနေအိမ်များ လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်ပျက်စီးမှုများ၊ လူသေဆုံးများ လည်း ရှိခဲ့သည်။

ယင်းကဲ့သို့ လျှပ်စစ်မီး မမှန်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကယားပြည်၊ လွိုင်ကော်မြို့နယ်၊ ဆောခီးဒေါရွာအနီးရှိ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင် တိုင်အမှတ်၊ (၁၁၀)A2 အမျိုးအစား Suspension တိုင်နှင့် တိုင်အမှတ် (၁၁၁) Ba2 အမျိုးအစားTension တို့ ဗုံးကွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...