Tuesday, January 27, 2026

လျှပ်စစ်မီးမမှန်မှုကြောင့် အေးသာယာ စက်မှုဇုံမှ စက်ရုံများ လည်ပတ်ရန်ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့မှ အေးသာယာစက်မှုဇုံတွင် လျှပ်စစ်မီးမမှန်မှုကြောင့် စက်ရုံများက လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

အေးသာယာ စက်မှုဇုန်

နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့နယ်အပါအဝင် သျှမ်းပြည် တခွင်လုံးရှိ မြို့ကြီးတော်တော် များများတွင် လျှပ်စစ်မီးများကို ၅နာရီမီးလာပြီး ၅နာရီမီး ပြန်ပိတ်ခဲ့သည့် အစီအစဥ် စတင်ခဲ့သည်။

သို့သော် လက်ရှိတွင် လျှပ်စစ်မီး ဓာတ်အားပေးမှုကို အစီအစဥ်အတိုင်းမလုပ်ဆောင်သည့်အပြင် ပျက်ချိန်များ နေသည့် အတွက် စက်မှုလုပ်ငန်းရှင်များက ခက်ခဲနေကြောင်း အေးသာယာစက်မှု လုပ်ငန်းရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်က မီးက ၅နာရီလာ ၅နာရီပျက်ဆိုလည်း မီးလာတဲ့ အချိန်ကို စောင့်ပြီး အလုပ်လုပ်ရတာပေါ့၊ ညနေ ငါးနာရီကနေ သန်းခေါင်ယံအထိ မီးလာရင် သန်းခေါင်ယံအထိ အလုပ်လုပ်ရတာပဲ၊ အလုပ်သမားတွေ ကိုလည်း အချိန်ပိုကြေး ထပ်ပေးရတာပေါ့၊ လူပင်ပန်း ငွေပိုကုန်ခဲ့တယ်၊ အခုဆို မီးက လာချင်တဲ့အချိန်လာလို့ စက်တောင် မလည်ပတ်နိုင်တော့ဘူး” ဟု အေးသာယာစက်မှု လုပ်ငန်းရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၁၄ ရက်မှ စတင်ပြီး လျှပ်စစ်မီးသည် ၁၀ မိနစ်ခြား တစ်ခါ ပျက်တောက်နေသဖြင့် လုပ်ငန်းမလည်ပတ်နိုင်သည့် အပြင် ကုန်ထုတ်လုပ်မှု ပမာဏများလည်း လျှော့ကျသွားရကြောင်း သိရသည်။

လျှပ်စစ်မီးမမှန်မှုကြောင့် စက်ရုံအတွင်းမှ စက်များ လျှပ်စစ်ဝါယာကြိုးများလည်း ရှော့ခ်ဖြစ်တတ် သဖြင့် အလွန် အန္တရာယ်များကြောင်း ၎င်း လုပ်ငန်းရှင်က ဆက်ပြောသည်။

“ကျနော်တို့စက်ရုံက မီးလာတဲ့ ချက်ချင်းအလုပ်တန်းလုပ်လို့ မရဘူး၊ စက်ကို မိနစ် ၂၀၊ နာရီဝက်လောက် အပူပေး ထားရတယ်၊ အဲ့လို စက်ကို အပူပေးထားနေတဲ့ အချိန်မှာပဲ မီးကလာလိုက်ပျက်လိုက် ဖြစ်နေတယ်ဆိုရင်လျှပ်စစ် ဝါယာရှော့ခ် ဖြစ်တတ်လို့ အရမ်းအန္တရာယ်များတယ်၊ အဲ့ကြောင့် အခုဆို ကျနော်တို့ စက်မလည်တော့ဘူး” ဟု အေးသာယာမှ စက်ရုံပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လျှပ်စစ်မီးမမှန်မှုကြောင့် လုပ်ငန်းမလည်ပတ်နိုင်သည့်အတွက် စက်ရုံအလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်ကာ လုပ်ငန်း ထုတ်လုပ်မှုပိုင်းနှင့် ဝင်ငွေပိုင်းလည်း ထိခိုက်မှုများ ရှိလာကြောင်း သတင်းသိ ရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူမှု စတင်သည့် ကာလမှ ယခု တစ်နှစ်ကျော် ကြာလာသည့်အထိ လျှပ်စစ် မီးအား မမှန်မှု နောက်ဆက်တွဲကြောင့် သျှမ်းပြည်ရှိ တန့်ယန်းမြို့၊ လားရှိုးမြို့၊ ပင်လုံမြို့ ၊ တောင်ကြီးမြို့ ၊ အောင်ပန်းမြို့ နှင့် တခြားမြို့များတို့မှ ပြည်သူနေအိမ်များ လျှပ်စစ်ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်ပျက်စီးမှုများ၊ လူသေဆုံးများ လည်း ရှိခဲ့သည်။

ယင်းကဲ့သို့ လျှပ်စစ်မီး မမှန်မှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကယားပြည်၊ လွိုင်ကော်မြို့နယ်၊ ဆောခီးဒေါရွာအနီးရှိ လျှပ်စစ်ဓါတ်အားလိုင်း တာဝါတိုင် တိုင်အမှတ်၊ (၁၁၀)A2 အမျိုးအစား Suspension တိုင်နှင့် တိုင်အမှတ် (၁၁၁) Ba2 အမျိုးအစားTension တို့ ဗုံးကွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...