နောင်ချိုမြို့နယ် မန္တလေးPDF နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်- ပြင်ဦးလွင်မြို့ကြား မန္တလေး PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ရေးတင်းမာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

မန္တလေးတိုင်း PDF

ယခု နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတို့ဘက် စစ်ဆေးထိုးဆင်လာပြီး ထိတွေ့မှုတွေရှိလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ အခုတော့ စစ်ရေးတင်းမာနေတယ်။ တိုက်ပွဲမဖြစ်တာ၂ ရက်ရှိနေပြီ။ တိုက်ပွဲဖြစ်ပွားတာက နောင်ချိုမြို့နယ် နဲ့ ပြင်ဦးလွင်ကြားမှာဖြစ်တာ။ သူတို့ဘက်ကနေ စစ်ဆေးလုပ်ပြီး ထိတွေ့မှုတွေရှိလို့ တိုက်ပွဲဖြစ်ပွားခဲ့တာ” ဟု မန္တလေး PDF ကိုမိုးကြိုးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ ဒီနေ့ထိတော့ တိုက်ပွဲပြန်မဖြစ်သေးဘူး။ ၁၆ ရက်နေ့တုန်းကပဲဖြစ်တာ။ သူတို့ဘက်ကတော့ ခန့်မှန်းခြေ အင်အား ၁၀၀ ကျော်လောက်စစ်ရေးထိုးလာတာ။ ကျနော်တို့ဘက်တော့ ရဲဘော် ၄ ဦး ဒဏ်ရာအနည်းငယ်ရလာကြတယ်။ မစိုးရိမ်ရဘူး” ဟု အထက်ပါ မန္တလေး PDF မှ ရဲဘော်မိုး ကြိုးက ပြောသည်။

အလားတူ နိုဝင်ဘာ ၈ နှင့် ၉ ရက်တွင်လည်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့တိုက်ပွဲဖြစ်ပွားခဲပြီး စစ်ကောင်စီဘက်မှ အရာရှိအဆင့် တစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒိုးပင်ကျေးရွာ၊ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာမှ ပြည်သူ ၁ထောင် ဝန်းကျင်က စစ်ဘေးတိမ်းရှောင် လာခဲ့ရကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...