Thursday, January 29, 2026

ဆီဆိုင်မြို့နယ် စစ်ရှောင် နာတာရှည်ရောဂါသည်များ ဆေးဝါးကုသရန် အကူအညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ နာတာရှည်ရောဂါသည်များ ဆေးဝါးကုသခံ အကူအညီလိုအပ်နေကြောင်း သိရသည်။

ဆီဆိုင်စစ်ရှောင်

နာတာရှည်ရောဂါဖြစ်သည့် ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် ကင်ဆာရောဂါ ခံစားနေရသူဆေးဝါးကုသခံရန် အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ(တစ်ထောင်) ဝန်းကျင်ရှိရာ ထိုထဲတွင် နာတာရှည်ရောဂါသည်များသည် (၃၀၀) ဝန်းကျင်ခန့်ရှိပြီး လက်ရှိ ရောဂါခံစားနေရာမှ ဆေးဝါးကုသရန် ငွေရေးကြေးရေး ပြသာနာနှင့် ရင်ဆိုင်နေရသည်။

“ သက်ကြီးရွယ်အို အသက် (၆၀-၇၀) တွေက တော်တော်များပါတယ်။ သူတို့မှာလည်း နာတာရှည် ရောဂါဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ ကင်ဆာရောဂါတို့ ခံစားနေရတာ။ ဆေးဝါးကုသဖို့ကတော့ အလှူရှင်မရှိသလောက်ပဲ။ ဆေး ဝယ်သောက်လို့မရဘူးဗျာ။ ရှိတဲ့အလှူရှင်ဆီတွေနားကပဲ အကန့်အသတ်နဲ့ ဆေးဝယ်သောက်ရတယ်။ ပုံမှန်ဆေးမသောက်ရဘူး၊ ပိုက်ဆံရှိသလို ဝယ်သောက်ရတယ်။ မရှိရင် ဆေးမသောက်ရဘူးပေါ့ “ ဟု ၎င်းကော်မတီဝင် တစ်ဦးက ပြောသည်။

ကင်ဆာရောဂါ၊ လေးဖြတ်နာရောဂါနှင့် ဆီးချိုရောဂါ ခံစားနေရသူ အချို့သည် ဆေးဝါးကုသရန် လုံလောက်မှု မရှိသောကြောင့် ယခု ၂၀၂၂ ခုနှစ် ကာလပတ်လုံးမှာ ၈ ဦးဝန်းကျင် နာတာရှည်ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။

“ တချို့က ဒီမှာသေရမှန်းသိလို့ မသေချင်ဘူးတဲ့ ကိုယ့်နေရပ် မွေးရပ်မြေမှာဘဲ သေမယ်ဆိုပြီး ပြန်သွားတဲ့ သူတွေလည်းရှိတယ်။ ကင်ဆာရောဂါသည် ခံစားနေပြီး နောက်ဆုံးအဆင့်ရောက်နေတဲ့ သူတွေလည်း ဆေးရုံမှာ ဆေးကုသခံယူနေရတယ်။ ပုံမှန်ဆေးဝယ်သောက်လို့ မရတော့ ရောဂါပြင်းမှ ဆေးရုံကိုပို့ရတယ်။ ကျနော်တို့မှာ လည်း အလှူမရှိသလောက်နဲ့ ရှုံးကန်ပြီး ကူညီနေရတယ် “ ဟု ၎င်းကောာ်မတီဝင်တစ်ဦးက ဆက်ပြောသည်။

လက်ရှိ နာတာရှည်ရောဂါ ခံစားနေရသူများက ဆေးဝါးကို ပုံမှန်ဝယ်သောက်ခြင်း မရသဖြင့် ရောဂါခံပြင်းမှ သာလျှင် ဆေးရုံတွင် ဆေးဝါးကုသခံယူရကြောင်း သိရသည်။

ယခု ဆောင်းတွင်းကာလအတွင်း အသက်ကြီးရွယ်အို အများစုသည် ဖျားနာနေကြပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီလိုအပ်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...