ဆီဆိုင်မြို့နယ် စစ်ရှောင် နာတာရှည်ရောဂါသည်များ ဆေးဝါးကုသရန် အကူအညီလိုအပ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကယားပြည် (ကရင်နီ) စစ်ရှောင်များထဲမှ နာတာရှည်ရောဂါသည်များ ဆေးဝါးကုသခံ အကူအညီလိုအပ်နေကြောင်း သိရသည်။

ဆီဆိုင်စစ်ရှောင်

နာတာရှည်ရောဂါဖြစ်သည့် ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ နှင့် ကင်ဆာရောဂါ ခံစားနေရသူဆေးဝါးကုသခံရန် အရေးပေါ် အကူညီလိုအပ်နေကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်ဦးရေ(တစ်ထောင်) ဝန်းကျင်ရှိရာ ထိုထဲတွင် နာတာရှည်ရောဂါသည်များသည် (၃၀၀) ဝန်းကျင်ခန့်ရှိပြီး လက်ရှိ ရောဂါခံစားနေရာမှ ဆေးဝါးကုသရန် ငွေရေးကြေးရေး ပြသာနာနှင့် ရင်ဆိုင်နေရသည်။

“ သက်ကြီးရွယ်အို အသက် (၆၀-၇၀) တွေက တော်တော်များပါတယ်။ သူတို့မှာလည်း နာတာရှည် ရောဂါဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ လေးဖြတ်နာရောဂါ၊ ကင်ဆာရောဂါတို့ ခံစားနေရတာ။ ဆေးဝါးကုသဖို့ကတော့ အလှူရှင်မရှိသလောက်ပဲ။ ဆေး ဝယ်သောက်လို့မရဘူးဗျာ။ ရှိတဲ့အလှူရှင်ဆီတွေနားကပဲ အကန့်အသတ်နဲ့ ဆေးဝယ်သောက်ရတယ်။ ပုံမှန်ဆေးမသောက်ရဘူး၊ ပိုက်ဆံရှိသလို ဝယ်သောက်ရတယ်။ မရှိရင် ဆေးမသောက်ရဘူးပေါ့ “ ဟု ၎င်းကော်မတီဝင် တစ်ဦးက ပြောသည်။

ကင်ဆာရောဂါ၊ လေးဖြတ်နာရောဂါနှင့် ဆီးချိုရောဂါ ခံစားနေရသူ အချို့သည် ဆေးဝါးကုသရန် လုံလောက်မှု မရှိသောကြောင့် ယခု ၂၀၂၂ ခုနှစ် ကာလပတ်လုံးမှာ ၈ ဦးဝန်းကျင် နာတာရှည်ရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။

“ တချို့က ဒီမှာသေရမှန်းသိလို့ မသေချင်ဘူးတဲ့ ကိုယ့်နေရပ် မွေးရပ်မြေမှာဘဲ သေမယ်ဆိုပြီး ပြန်သွားတဲ့ သူတွေလည်းရှိတယ်။ ကင်ဆာရောဂါသည် ခံစားနေပြီး နောက်ဆုံးအဆင့်ရောက်နေတဲ့ သူတွေလည်း ဆေးရုံမှာ ဆေးကုသခံယူနေရတယ်။ ပုံမှန်ဆေးဝယ်သောက်လို့ မရတော့ ရောဂါပြင်းမှ ဆေးရုံကိုပို့ရတယ်။ ကျနော်တို့မှာ လည်း အလှူမရှိသလောက်နဲ့ ရှုံးကန်ပြီး ကူညီနေရတယ် “ ဟု ၎င်းကောာ်မတီဝင်တစ်ဦးက ဆက်ပြောသည်။

လက်ရှိ နာတာရှည်ရောဂါ ခံစားနေရသူများက ဆေးဝါးကို ပုံမှန်ဝယ်သောက်ခြင်း မရသဖြင့် ရောဂါခံပြင်းမှ သာလျှင် ဆေးရုံတွင် ဆေးဝါးကုသခံယူရကြောင်း သိရသည်။

ယခု ဆောင်းတွင်းကာလအတွင်း အသက်ကြီးရွယ်အို အများစုသည် ဖျားနာနေကြပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီလိုအပ်နေသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...