ရွာငံမြို့ အဝင်ဂိတ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ဆိုင်ကယ်ဆင်းတွန်းဖြတ်သွားနေရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ ဝင်၊ ထွက်များကို စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်နေပြီး ဆိုင်ကယ်သမားများ ကို လည်း ဆင်းတွန်းဖြတ်ခိုင်းကြောင်း သတင်းရရှိသည်။

ရွာငံ

စစ်ကောင်စီက ရွာငံမြို့နယ်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရှိသည်ဟုဆိုကာ အသွားလာတိုင်းကို စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာတစ်ချို့ထဲတွင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရသည်။

“ သူတို့စစ်ဆေးနေတာက ကြာပြီ။ အခုချိန်ထိပဲ စစ်ဆေးနေတယ်။ မြို့ဝင်၊ မြို့ထွက်ဂိတ်ဆိုရင် ဆိုင်ကယ်သမားတွေ ဆင်းတွန်းပြီး ဖြတ်သွားရတာ။ တစ်ခါတစ်လေဆို သူတို့ စစ်ဆေးတယ်။ ကျေးရွာတွေထဲမှာလည်း သူတို့နေတယ်။ PDF ရှိတယ်ဆိုပြီးတော့ သူတို့က စစ်ဆေးနေတာ” ဟု ရွာငံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးမှုကြောင့် ပြည်သူများ ခရီးကို ဖြောင့်ဖြူးစွာသွားလာခွင့်မရဘဲစစ်ကောင်စီက လွယ်အိတ်များ ဖုန်းများလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ အသွားအလာလုပ်ရတာအရမ်းခက်ခဲတယ်။ ဆင်းတွန်းလိုက်နဲ့ သူတို့စစ်တာခံလိုက်နဲ့ သွားလာနေရတာ။ တစ်ခါတစ်လေကလည်း ရစ်သေးတယ်။ လွယ်အိတ်တွေထဲလည်း အကုန်စစ်တာ” ဟု ကိုယ်တိုင်ခံရသူက ပြောသည်။

ထိုအပြင် စစ်ကောင်စီတပ်က ကျေးရွာထဲတွင် စစ်ရေးထိုးစစ်ဆင်တာရှိသည့်အပြင် နေအိမ်များတစ်ချို့ကိုလည်း မီးရှိုးဖျက်ဆီးလျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်းတွင်လည်း ကျောက်ငှက်ကျေးရွာထဲရှိ နေအိမ်အချို့ကိုလည်း စစ်ကောင်စီက မီးရှိုးဖျက်ဆီးခဲ့ကြောင်း ရွာငံမြို့ ဒေသခံ အမျိုးသမီးပြောပြချက်အရသိရသည်။

“ တစ်ချို့ရွာမှာတွေမှာတော့ စစ်တပ်က အခြေချပြီးနေနေတာရှိတယ်။ အရင်လဆိုရင် စစ်ကြောင်းထိုး တာတွေ ရှိတယ်။ ပြီးတော့ ကျောက်ငှက်ကျေးရွာမှာဆိုရင်လည်း နေအိမ်ကို မီးရှိုးတာဖျက်ဆီးတာ။ ပြည်သူတစ်ချို့ ဆိုရင် ထွက်ပြေးတိမ်းရှောင်နေရတာ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရွာငံမြို့နယ်ထဲတွင် စစ်တပ်ဖွဲ့တွေက အင်အားဖြည့် နေထိုင်လျက်ရှိပြီး တော်လှန်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ နေအိမ်မီးရှိုးခြင်း ကို ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...