တာချီလိတ် ကားနှင့်ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်မောင်းသမား ပွဲချင်းပြီးသေဆုံး
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဟုန်ပန်းကွင်း ကားလမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်တစ်စီး တိုက်မိပြီး ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၂၉ ရက် နေ့လည် ၁၁ နာရီခွဲတွင် မြေသယ်ကား ကားတစ်စီးနှင့် အော်တိုကလစ် ဆိုင်ကယ် တစ်စီးတို့ တိုက်မိကြရာ ဆိုင်ကယ်ပေါ်မှ...
သျှမ်းမြောက် PDF အချင်းချင်းကြားသတ်ဖြတ်မှုရဲ့နောက်ကွယ်
SHAN -
အိမ်အောက်ထပ်က ရုတ်တရက် ထွက်ပေါ်လာတဲ့ “ သစ္စာဖောက်ကောင်တွေ အကုန်သတ် ..အကုန်သတ်” ဆိုတဲ့အတူ ဒုန် ..ဒိုင်း သေနတ်သံတွေကြောင့် ကိုဆာဒန်တစ်ယောက် ထိတ်လန့် ကြောက်လန့်မှုတွေဖြစ်ကာ သတိတချက် လွှင့်ထွက်သွားပါတယ်။ အဲ့အချိန်မှာ ကိုဆာဒန်တယောက် အိမ်ပေါ်ထပ်မှာနေပြီး စိတ်လှုပ်ရှားနေပေမယ့် ပြတင်းပေါက်ကိုမြင်လိုက်ရတဲ့ သူ့အသက်ထပ်ရှင်ဖို့အတွက် ပြတင်းပေါက်ကနေ ခုန်းဆင်းပြီး ထွက်ပြေး...
မန္တလေး – မူဆယ် ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန် အခွန်ကောက်
SHAN -
မန္တလေး - မူဆယ် ပြည်ထောင်စု ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန်အခွန် ကောက်ခံနေခြင်းကြောင့် ကုန်တင်ကားကြီး မောင်းနှင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ မန္တလေး မှ နမ့်ခမ်းသို့ ကုန်တင်သွားလာသည့် ကုန်တင်ကားကြီးများမှာ ၁၀၅ မိုင်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့၊ သစ်တော ဦးစီးဌာန...
နေရပ်မပြန်သေးသည့် သီပေါစစ်ဘေးရှောင် မိခင်နှင့် ကလေးဆေးကုသရန် အကူအညီ လိုအပ်
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့သို့ စစ်ဘေးရှောင်ရောက်လာသည့် ကုန်းသာမှ စစ်ရှောင် မိခင် နှင့် ကလေးသည် ဆေးကုသရန်အတွက် အကူအညီများ လိုအပ်နေကြောင်း သတင်းသိရသည်။ ကုန်းသာကျေးရွာအုပ်စုမှ ရပ်ကွက် ၁ တွင် နေထိုင်သူ နေရပ်မပြန်ရသေးသည့် အသက် ၃၁နှစ်အရွယ်ရှိ စစ်ရှောင် နန်းခမ်းလူ နှင့် အသက် (၃)နှစ်အရွယ်ရှိ...
မူဆယ် စီးပွားရေးလုပ်ငန်းရှင်များ မကြာခဏ ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်၊ ပိုက်ဆံချမ်းသာသူများ မကြာခဏ ဓားပြတိုက်ခံရပြီး လုံခြုံရေး မရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။ ယခုလ (နိုဝင်ဘာ ၂၅ ရက်) မူဆယ်မြို့ တောင်ရပ်ကွက်တွင်း နေထိုင်သည့် ပိုက်ဆံချမ်းသာသည့် နေအိမ်တစ်လုံးကို အမည်မသိ အမျိုးသား ၆ ဦးက သေနတ်ဖြင့်...
သီပေါမှ စစ်ဘေးရှောင် တချို့ စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေရပ်ပြန်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှ ကုန်းသာကျေးရွာအုပ်စု ဒေသခံပြည်သူများ တချို့သည် စိုးရိမ်ကြောက် လန့်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း သတင်း သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သီပေါမြို့ ဘိုးတော်အောင်မင်္ဂလာ ကျောင်းတိုက်သို့ ရောက်ရှိလာသော ကုန်းသာကျေးရွာအုပ်စုမှ ဒေသခံ ၄၀၀ ကျော်တို့သည် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေရပ်ပြန်သွားကြောင်း စစ်ရှောင်ကူညီပေးနေသူများက...
ကျောက်မဲမြို့နယ် သျှမ်းနှစ်သစ်ကူးပွဲတော်ထဲ လောင်းကစားဝိုင်းများပါရှိ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်သည့် ၂၁၁၇ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် လောင်းကစားဝိုင်းများ ပါဝင်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်မှစပြီး လက်ရှိအချိန်ထိ ကုန်းသာကျေးရွာထဲတွင် သျှမ်းနှစ်သစ်ကူးပွဲ ပြုလုပ်နေပြီး လောင်းကစားပါရှိကြောင်း ကျောက်မဲ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ သူတို့ သျှမ်းနှစ်သစ်ကူးနဲ့ပွဲထဲမှာ လောင်းကစားဝိုင်းတွေထည့်ပြီးလုပ်နေတာ။...
ကွတ်ခိုင်မြို့ နေအိမ်မီးလောင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး မီးလောင်မှုကြောင့် အသက် သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၇) ရက် ည ၁၀ နာရီကျော်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် ၇ တွင် နေထိုင်သည့် ဦးကျူးချောက်ခန်း၏ နေအိမ်တွင်...
မိုးဗြဲ ပရဟိတကျောင်းနေ ကလေးငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ တောင်ပေါ်ဒေသရှိ ပရဟိတကျောင်းတစ်ကျောင်းတွင် နေထိုင်သည့် ကလေးငယ် ၃ ဦးသည် မြေမြှုပ်မိုင်း နင်းမိကာ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၇) ရက်တွင် မိုးဗြဲ ပရဟိတကျောင်းနေသည့် ကလေး (၃) ဦး တောထဲသွားစဥ် နေ့လည် ၁၂...
လင်းခေးမြို့ ပန်ဆတ်စစ်ဆေးရေးတင်းကြပ်ပြီး ခရီးသွားပြည်သူများ ခြိမ်းခြောက်ပြောဆို
SHAN -
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့အနီးရှိ ပန်ဆတ်အမြောက်တပ်စခန်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီမှ စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်သည့် အပြင် ခရီးသွား ပြည်သူများကိုလည်း ခြိမ်းခြောက်ပြောဆိုမှု ရှိနေကြောင်း စုံစမ်းသိရသည်။ လင်းခေးမြို့ အခြေစိုက် စစ်ကောင်စီအမြောက်တပ်၏ “ပန်ဆတ်” စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားတို့ သည် စစ်ကိုင်းတိုင်း ၊မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊...





