မန္တလေး – မူဆယ် ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန် အခွန်ကောက်

မန္တလေး – မူဆယ် ပြည်ထောင်စု ကားလမ်းမကြား လက်နက်ကိုင်တပ်ဖွဲ့များ အဆမတန်အခွန် ကောက်ခံနေခြင်းကြောင့် ကုန်တင်ကားကြီး မောင်းနှင်သူများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

(၁၀၅) မိုင် ကုန်တင်ကားကြီးကွင်း

မန္တလေး မှ နမ့်ခမ်းသို့ ကုန်တင်သွားလာသည့် ကုန်တင်ကားကြီးများမှာ ၁၀၅ မိုင်တွင် စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့၊ သစ်တော ဦးစီးဌာန ၊ လ၀က ၊ အကောက်ခွန်ဦးစီးဌာန၊ ဆရဖ နှင့် ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန တို့ကို အခွန်ဆောင်ရကြောင်း နမ့်ခမ်းဒေသခံ ကုန်တင်ကား မောင်းနှင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် TNLA ၊ KIA နှင့် SSPP တို့ကိုလည်း ထပ်မံ အခွန်ဆောင်ရကြောင်း ကုန်တင်ကား မောင်းနှင်သူ တစ်ဦး ကပြောသည်။

“တစ်ခါတက်ရင် တစ်ခါဆောင်ရတယ်၊ တစ်ခါဆင်းရင် တစ်ခါဆောင်ရတယ်ဗျ။ ၁၀၅ မိုင်ဆိုရင် စစ်ကောင်စီကို အခွန်ဆောင်ပြီး တံဆိပ်ရိုက်ရတယ်။ သူတို့က ပြေစာပေးတယ် ပြေစာကြေးလည်း (ငါးထောင်) ကျပ် ထပ်ပေးရတယ်။ အဓိကတော့ ၁၂ ဘီး နဲ့ ၂၂ ဘီး ကုန်တင်ကားကြီးတွေပေါ့။ TNLA ကို ၆ သိန်း ၅ သောင်း၊ KIA ကို ၈ သိန်း ၅ သောင်း၊ SSPP ဆိုရင် ၈ သိန်းဆိုပြီး အခွန်ဆောင်ရတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

ကချင်လွှတ်လပ်ရေး တပ်မတော် KIA ကို မော်တောင်းတွင် အခွန်ဆောင်ရပြီး သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် SSPP ကို ကျင်စန်းကျော့တွင် အခွန်ဆောင်ရကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သည် ၁၀၅ မိုင် နှင့် မူဆယ်မြို့တွင်း အခွန်ဆောင်ရကြောင်း သိရသည်။

အခွန်ကောက်ခံရခြင်းနှင့် ပတ်သက်၍ SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ဖုန်းဟန်၊ TNLA ပြန်ကြားရေးတာဝန်ခံ တာဘုန်းကျော် နှင့် KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ တို့ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိကြောင်း သိရသည်။

“ ကျနော်တို့ ကုန်တင်ကားကြီး အရမ်းခက်ခဲလာတယ်။ အခွန်မဆောင်ရင် ကားထွက်လို့ မရဘူး။ စစ်တပ်ကို အခွန်ဆောင်ပြီးရင် တိုင်းရင်းသားလက်နက်ကိုင်ကို အခွန်ထပ်ဆောင်ရတယ်။ ကုန်တင်တာက ဘယ်လောက်မှ မရဘူး၊ အခွန်ကိုဆောင်နေရတာတွေ များတယ် “ ဟု မန္တလေး – မူဆယ် ကုန်တင်ကား မောင်းနှင်နေသော အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မူဆယ်မြို့နယ်အတွင်းရှိ ဘဏ်များ၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ အပြင် လက်ရှိ တစ်ပိုင်တစ်နိုင် အိမ်ဆိုင် ဖွင့်လှစ်ထားသော ဈေးသည်များကိုလည်း တိုင်းရင်းသား လက်နက်ကိုင်များက အခွန်တိုးကောက် လာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...