သီပေါမြို့နယ် ကုန်းသာရွာအနီး စစ်သားများ ရှိနေဆဲ ရွာသားများ လယ်ဆင်းရန်ခက်ခဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်သားများရှိနေသည့် အတွက် ရွာသားများက လယ်ဆင်းရန် ခက်ခဲနေကြောင်း သတင်းသိရသည်။ စစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားရာ ကုန်းသာရွာတွင် ရွာသားများက ၄ ရက်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ပြီး...
မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...
ပင်လုံတွင် ပိုက်ဆံချမ်းသာသည့် သူကိုပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်း
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပိုက်ဆံချမ်းသာသည့် သူများကို ပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်းယူမှုများ ဆက်တိုက် ပြုလုပ်လာနေကြောင်း သတင်းရရှိသည်။ ဖုန်းမှ တဆင့် ခြိမ်းခြောက်ခံရသည့် သူများမှာ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းဆိုင်ခန်း ဖွင့်လှစ်သူများနှင့် ပိုက်ဆံချမ်းသာသည့်သူများ ဖြစ်သည်။ ထိုသူများကို အမည်မသိ အဖွဲ့အစည်းတစ်ဖွဲ့က ဖုန်းမှတဆင့် “ ပိုက်ဆံမပေးရင် ဒေါ်ညိုလို...
ဖယ်ခုံမြို့နယ် တစ်လအတွင်း အရပ်သား ၆ ဦး လက်နက်ကြီးထိ၊ ၃ ဦး မြေမြှုပ်မိုင်းထိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း သတင်းရရှိသည်။ ထို နိုဝင်ဘာလ အတွင်း မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကာ...
မိုင်းရယ်မြို့နယ်မှ သတ္တုတူးဖော်သည့် နေရာတွင် စစ်ကောင်စီမှ လုံခြုံရေး ယူထားပေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုယကျးရွာအုပ်စုတွင် တူးဖော်နေသည့် ခဲ နှင့် ငွေ သတ္တုတွင်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ လုံခြုံရေးယူထားပေးနေကြောင်း သတင်းရရှိသည်။ အဆိုပါ ငွေ၊ သတ္တုတွင်းတူးဖော်နေသည့် နေရာသည် တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့ နယ်စပ်ရှိ မိုင်းရယ် ဘက်ခြမ်း လွိုင်လိန်းတောင်ခြေ ဟိုယကျေးရွာအုပ်စု၏...
မြေမြှုပ်မိုင်း အန္တရာယ်ကြား နေရပ်ပြန်ရတဲ့ စစ်ရှောင်
SHAN -
ရွာကို ရောက်ရောက်ချင်းမှာ လယ်ယာတွေဟာ မြက်ရိုင်းတွေနဲ့ လူနေအိမ်တွေကလည်း ပျက်စီးယိုယွင်းနေပြီး ရွာပျက်တခုလို ဖြစ်နေပါပြီ။ စစ်ရှောင်စခန်း အဲ့နေရာဟာ မန်တုံမြို့နယ် မန်နားကျေးရွာပါပဲ။ အဲ့ကျေးရွာက အိမ်ထောင်စု ၁၀ စု ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားလို့ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင်စခန်းသို့...
“UWSA” ထိန်းချုပ်ဒေသ ပန်ဆန်းမြို့နယ် ဗုံးပေါက်ကွဲ လူသေဆုံးမှုရှိ
“UWSA” ထိန်းချုပ်သည့်ဒေသ ပန်ဆန်းမြို့နယ် နမ့်လွတ်ကျေးရွာအတွင်း ယနေ့ (နိုဝင်ဘာ ၃၀) ရက် နံနက် ၈ နာရီတွင် ကားတစ်စီးမှ ဗုံးပေါက်ကွဲမှုဖြစ်ကာ လူသေဆုံးမှုရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲသည့်နေရာသည် ပန်ဆိုင်းမြို့တွင်း လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့ရုံးရှေ့ရှိ ခေါက်ဆွဲဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက် သေဆုံးသူများ၏...
ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ ဦးထွန်းထွန်းဟိန် ထောင်ဒဏ် ၂၀ ထပ်မံချမှတ်
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးအကျဉ်းထောင်၌ ဖမ်းဆီး အကျဉ်းချခံထားရသည့် ပြည်သူ့လွှတ်တော် ဒု - ဥက္ကဌ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၉) ရက်တွင် လားရှိုးအကျဉ်းထောင် တရားရုံးမှ ဦးထွန်းထွန်းဟိန်ကို ထောင်ဒဏ် နှစ်...
ကချင်နဲ့သျှမ်း အတူယှဥ်တွဲနေထိုင်ရေး
SHAN -
ကချင်ပြည်မှာ ကချင်တိုင်းရင်းသား နဲ့ သျှမ်းတိုင်းရင်းသားတွေ အတူယှဥ်တွဲ နေထိုင်တာတွေရှိသလို သျှမ်းပြည်မြောက်ပိုင်းမှာ ဆိုရင်လည်း ကချင် နဲ့ သျှမ်း ယှဥ်တွဲနေထိုင်တာတွေရှိပါတယ်။ လက်ရှိ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလ မှာ အမျိုးသမီး အခြေနေတွေနဲ့ လူမျိုးစုကြား စိတ်ဝမ်းမကွဲပဲ အတူယှဥ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ...
ကျိုင်းတုံမြို့တွင် အစိုးရပိုင် လျှပ်စစ်ပစ္စည်းများ ခိုးယူခြင်းခံရ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တပ်ဆင်ထားသည့် လျှပ်စစ်ပစ္စည်းများသည် ခိုးယူခြင်းခံရကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက် ယန်းလောကျေးရွာအုပ်စု၊ နမ့်ခင်ချောင်းအနီးရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ကျိုင်းတုံ)မှ ဆိုလာရေတင် စနစ် ဆောင်ရွက်သည့် ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း...





