မိုင်းရယ်မြို့နယ်မှ သတ္တုတူးဖော်သည့် နေရာတွင် စစ်ကောင်စီမှ လုံခြုံရေး ယူထားပေး

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုယကျးရွာအုပ်စုတွင် တူးဖော်နေသည့် ခဲ နှင့် ငွေ သတ္တုတွင်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ လုံခြုံရေးယူထားပေးနေကြောင်း သတင်းရရှိသည်။

ဘက်ဖိုးကား နဲ့ လမ်းရှင်းလင်းပေးနေပုံ

အဆိုပါ ငွေ၊ သတ္တုတွင်းတူးဖော်နေသည့် နေရာသည် တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့ နယ်စပ်ရှိ မိုင်းရယ် ဘက်ခြမ်း လွိုင်လိန်းတောင်ခြေ ဟိုယကျေးရွာအုပ်စု၏ ရေထွက်ဦး နေရာဖြစ်ကြောင်း သိရသည်။

“ဦးဆောင်ပြီး လုပ်တာကတော့ မန်ပန်ပြည်သူ့စစ်တွေ ဖြစ်တယ်လို့ ကျနော်တို့ သိရတယ်၊ အခုဆို ဘူဒိုဇာကား နဲ့ ဘက်ဖိုးကားတွေက မန်အွယ်ရွာကနေ ဟိုလောင်းရွာ – ကုန်းနားမွန်းရွာတွေဘက်ကို ရောက်လာပြီ၊ စစ်သား အင်အား ၄၀ လောက်က အဲ့နားတစ်ဝိုက်ကင်းလှည့် လုံခြုံရေးယူထားပေးတယ်” ဟု ဟိုယကျေးရွာအုပ်စုမှ ရွာခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သတ္တုတူးရန်အတွက် ဦးဆောင်ပြုလုပ်နေသူသည် မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်နေပြီး ပြီးခဲ့သည့် စက်တင်ဘာလတွင် မန်အွယ်ရွာမှ တံတားကို ဖျက်ကာ လမ်းကြောင်းများ စတင်ဖောက်လုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် လွယ်လိန်းတောင်ခြေ မန်အွယ်ရွာကို ကျော်ပြီး ဟိုလောင်းရွာ၊ ကုန်းနားမွန်းရွာ၊ မန်အွယ်ရွာ၊ မန်ပန်ရွာ တို့ဘက်တွင် ဘူဒိုဇာ နှင့် ဘက်ဖိုးကားများ ရောက်နေကြောင်း ရွာခံအမျိုးသား က ထပ်လောင်း ပြောသည်။

“တစ်ရွာ နဲ့ တစ်ရွာက ၇/၈ မိုင်လောက်ရှိတယ်၊ အခုဆို လွယ်လိန်းတောင်ခြေကို ကျော်ပြီး လွယ်ပန် (ဒေသအခေါ် လွယ်ပန်ဖလား) တောင်ခြေအောက်ရောက်နေပြီ၊ သူတို့တူးဖို့ ပြင်နေတာက ခဲ နဲ့ ငွေဖြစ်တယ်လို့ သိရတယ်၊ အခု ထိတော့ လမ်းတွေဖောက်နေတာနဲ့ တူးတဲ့နေရာလည်း တူးနေပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိ အဆိုပါ ခဲသတ္တုတူးဖော်မှု ကန့်ကွက်ကြောင်းကို သက်ဆိုင်ရာများနှင့် မြို့နယ်ထွေအုပ်ထံသို့ ရွာသားများက စုပေါင်း စာတင်ထားသော်လည်း အကြောင်းပြန်မှုမရှိကြောင်း သိရသည်။

“စစ်သားတွေရှိတယ်ဆိုတော့ ရွာသားတွေလည်း သူတို့ (သတ္တုတူးရာ) အနားကို မကပ်ရဲဘူး၊ ဒါကြောင့် အသေးစိတ် အချက်အလက်တွေတော့ မသိရဘူးပေါ့၊ ဒါပေမဲ့ အကြောင်းအရာတွေကို မြို့နယ် ထွေအုပ်ဆီ စာတင်ထားပြီ၊ အခုထိ ဘာအကြောင်းမှ မထူးသေးဘူး” ဟု ဟိုယကျေးရွာအုပ်စုမှ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

ဟိုယကျေးရွာအုပ်စုသည် ကျေးရွာပေါင်း ၂၀ ကျော်ရှိနေပြီး အဆိုပါ သတ္တုတူးဖော်မှု လုပ်ဆောင်ဖြစ်ပါက ဟိုယကျေးရွာအုပ်စုအတွင်းမှ လယ်ယာများ ရေမရရှိနိုင်သည့်အတွက် လယ်ဆုံးရှုံးနိုင်ကြောင်း ဒေသခံများ က ပြောဆို သုံးသပ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...