ဖယ်ခုံမြို့နယ် တစ်လအတွင်း အရပ်သား ၆ ဦး လက်နက်ကြီးထိ၊ ၃ ဦး မြေမြှုပ်မိုင်းထိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း သတင်းရရှိသည်။

လက်နက်ကြီး ထိမှန်သူ

ထို နိုဝင်ဘာလ အတွင်း မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကာ ဖယ်ခုံမြို့နယ်ထဲတွင် ကလေး ၂ ဦး၊ အရပ်သား အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၂ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင်လည်း ထိခိုက်ဒဏ်ရာရရှိထားသူများကို လုံခြုံသည့် နေရာသို့ ပို့ဆောင်ထားပြီး ဆေးကုသ နေကြောင်း သိရသည်။

“ဖယ်ခုံ က ထိခိုက်လူနာတွေကတော့ တစ်ချို့လည်း ဆေးကုသနေရသေးတယ်။ ဆေးရုံမှာပို့ထားပေးတယ်။ တစ်ချို့ ဒဏ်ရာမပြင်းထန်တဲ့ သူတွေဆိုရင်တော့ သက်သာလာပါပြီ” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း နိုဝင်ဘာ ၂၈ ရက်နေ့မှ ယမန်နေ့ ၃၀ ထိ စစ်ကောင်စီက ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း တွင် ည ပြည်သူများ အိပ်ချိန်တွင် လက်နက်ကြီးတွေကို ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေလျက်ရှိနေကြောင်း သိရသည်။

“ ၃ ရက်ရှိနေပြီ သူတို့ ပစ်နေတာ။ ည အချိန်မှ ပစ်တာပဲ။ ဖယ်ခုံ အနောက်ဘက်ကမ်းဘက်ကို ပစ်တာ။ ဘယ်နားကျလဲဆိုတာတော့ အတိကျ မသိရသေးဘူး။ ထိခိုက်ဒဏ်ရာရတာရှိမရှိလည်း အသေးစိတ်တော့ မကြားမိသေးဘူး” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မိုးဗြဲမြို့တွင်လည်း စစ်ကောင်စီက ကင်းပုန်းချ တပ်စွဲထားသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် ည ၇ နာရီမှ မနက် ၅ နာရီထိ အပြင်ထွက် သွားလာခြင်းမပြုရန် နှင့် မိုးဗြဲမြို့တွင် ငြိမ်းချမ်းမည်မဟုတ်ကြောင်း နိုဝင်ဘာ ၂၈ ရက်တွင် မိုးဗြဲ PDF မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ ကျေးရွာဘက်က ပြည်သူများတစ်ချို့သည် ညအချိန်တွင် စိုးရိမ် ထိတ်လန့်စွာ နေထိုင်ရပြီး တစ်ချို့ကလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

“ တစ်ချို့တော့လည်း ရွာတွေမှာ လုပ်စရာရှိလို့နေနေကြတာပဲ။ စိုးရိမ်စိတ်နဲ့နေကြရတာပေါ့။ တစ်ချို့လည်း စပါးရိတ်ဖို့နေကြတယ်။ တစ်ချို့ကတော့ တစ်ခြားနေရာက စစ်ဘေးရှောင်စခန်းတွေမှာ သွားနေကြတယ်” ဟု ဖယ်ခုံမြို့နယ်အတွင်း နယ်လှည့်ပေးနေသည့် ကျန်းမာရေး အဖွဲ့ကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ခုံမြို့နယ်ထဲတွင် စစ်ကောင်စီက အောက်တိုဘာ နှင့် နိုဝင်ဘာလတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ တစ်ဖက်သတ် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...