သီပေါမြို့နယ် ကုန်းသာရွာအနီး စစ်သားများ ရှိနေဆဲ ရွာသားများ လယ်ဆင်းရန်ခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ တပ်သားများရှိနေသည့် အတွက် ရွာသားများက လယ်ဆင်းရန် ခက်ခဲနေကြောင်း သတင်းသိရသည်။

လက်နက်ကြီး

စစ်ကောင်စီ တပ်ဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲ ဖြစ်ပွားရာ ကုန်းသာရွာတွင် ရွာသားများက ၄ ရက်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ပြီး နေရပ်သို့ ပြန်လာသော်လည်း ယနေ့အချိန်အထိ စစ်ကောင်စီ တပ်သားတို့က ရွာထဲနေရာယူထားကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့ ရွာထဲပြန်ရောက်ပြီး ကိုယ့်အိမ်ကိုယ် နေနေရပေမဲ့ လယ်ယာတွေ မသွားရဲသေးဘူး၊ ဒီအချိန်က စပါးတွေ ၊ နှမ်းတွေ ယူရမဲ့ အချိန်ဖြစ်နေတယ်၊ စစ်သားတွေက ရွာပြင်မှာ ရှိနေလို့ အိမ်ဝန်းထဲမှာပဲ နေကြတယ်၊ လက်နက် တွေ ရမ်းပစ်မှာ၊ လာဖမ်းကြမှာ ကြောက်လို့” ဟု ကုန်းသာရွာခံ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာသားများ အလုပ်ဆင်း တောင်ယာသွားလျှင် စိုးရိမ်ကြောက်လန့်သည့်အပြင် ကုန်းသာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းလည်း တိုက်ပွဲဖြစ်ကတည်းက ယနေ့အထိ ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

“စာသင်ကျောင်းက တိုက်ပွဲဖြစ်ကတည်းက ပိတ်ထားတယ် ဆိုပေမဲ့ ကလေးတွေ စစ်ရှောင်ပြီး ရွာပြန်ရောက်ပြီးလည်း စာသင်ကျောင်းက မဖွင့်ဖြစ်သေးဘူး၊ ဆရာမတွေလည်း သီပေါမြို့ပေါ်ကို ရှောင်ထွက်သွားပြီ၊ စစ်သား တွေက အဲ့နေရာတွေမှာ ရှိနေလို့ ရွာသားရော၊ ကလေးရော၊ ကြောက်နေကြတယ်” ဟု အသက် ၃၅နှစ် အရွယ် အမျိုးသမီးက ဆက်ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းတွင် ကုန်းသာရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းသာကျေးရွာ နှင့် အနီးပတ်ဝန်းကျင်မှ ရွာသားများ ၃၀၀ ကျော်ခန့်သည် သီပေါမြို့ပေါ်သို့ စစ်ရှောင်သွားရပြီး နိုဝင်ဘာလ ၂၈ ရက်နေ့တွင် နေရပ်ပြန်လာခြင်းဖြစ်သည်။

စစ်ရှောင်ပြည်သူများသည် နေရပ်ပြန်လာသော်လည်း တချို့အိမ်များက လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခြင်း၊ စိုးရိမ်ကြောက်လန့်ခြင်းတို့ကြောင့် လယ်ယာသို့ မသွားရဲကြပဲ ရွာအတွင်းမှာပင် နေထိုင်ကြရပြီး စစ်သားများ ရွာအနီးပတ်ဝန်းကျင် လှုပ်ရှားမှု မရှိစေရန် တောင်းဆိုလိုကြောင်းလည်း ကုန်းသာရွာခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလို စစ်သားတွေရှိနေပေမဲ့ ဘာလို့ရွာပြန်လဲဆိုရင် ကျနော်တို့ စစ်ရှောင်ရတာ အနေဆင်းရဲ အစားဆင်းရဲ ဖြစ်တယ်၊ စစ်ရှောင် ၃၀၀ အတွက် တစ်နေ့နှစ်နပ်စာကို ဆန်တစ်အိတ်ကုန်တယ်၊ ဟင်းတွေလည်း ဖြစ်သလိုပဲ၊ ဒါကြောင့် အရဲစွန့်ပြီး နေရပ်ပြန်တာ၊ စစ်သားတွေ ရွာနားမှာ မရှိရင်တော့ ကောင်းတာပေါ့၊ တောင်းလည်းတောင်းဆိုပါတယ်” ဟု ကုန်းသာရွာခံ အသက် ၄၀ အရွယ်ရှိ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကုန်းသာရွာအတွင်းတွင် လက်နက်ကြီးနှင့် ကျည်ဆန်ထိမှန်သော ပြည်သူ့နေအိမ် ၁၄ လုံးထက်မနည်း ရှိနေပြီး ပြန်လည် ပြုပြန်ရန်အတွက် အကူအညီများလည် လိုအပ်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

သီပေါမြို့နယ်သည် အာဏာသိမ်း စစ်ကောင်စီအပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် SSPP/SSA တပ်ဖွဲ့၊ TNLA တပ်ဖွဲ့တို့လည်း သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...