မြေမြှုပ်မိုင်း အန္တရာယ်ကြား နေရပ်ပြန်ရတဲ့ စစ်ရှောင်

ရွာကို ရောက်ရောက်ချင်းမှာ လယ်ယာတွေဟာ မြက်ရိုင်းတွေနဲ့ လူနေအိမ်တွေကလည်း ပျက်စီးယိုယွင်းနေပြီး ရွာပျက်တခုလို ဖြစ်နေပါပြီ။

စစ်ရှောင်စခန်း

အဲ့နေရာဟာ မန်တုံမြို့နယ် မန်နားကျေးရွာပါပဲ။ အဲ့ကျေးရွာက အိမ်ထောင်စု ၁၀ စု ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားလို့ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးခိုလှုံ ခဲ့ရသူတွေပါ။

သူတို့တွေဟာ သူတို့အိမ်ယာကို ၆ နှစ်နီးပါး စွန့်ပစ်ပြီး စစ်ရှောင်ခဲ့ရာမှ အခု ၂၀၂၂ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှာတော့ မိမိနေရပ်သို့ ပြန်ပြီး နေထိုင်ကြပါတယ်။

“ရွာကို ရောက်ရောက်ချင်း လယ်တွေလည်း ခြုံတွေနဲ့ အိမ်လည်း ပျက်စီးနေပြီ။ အခု အိမ်ကိုလည်း ပြန်ပြင်ရမယ်။ လောဆယ်တော့ အိမ်ရှေ့မှာ တဲထိုးနေရတယ်”လို့ မန်နားကျေးရွာသို့ နေရပ်ပြန်သွားတဲ့ လုံးလှမောင် က လက်ရှိအခြေအနေကို ပြန်ပြောပြပါတယ်။

စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးရဲ့ ဖိအားပေးမှုကြောင့် နေရပ်ပြန်တဲ့ သူတွေဟာ တိုက်ပွဲပြန်ဖြစ်ပွားမှာကို စိုးရိမ်နေကြသလို မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကြောက်လန့်မှု တွေရှိနေကြပါတယ်။

“ထွေအုပ်တွေဘက်က နေရပ်ပြန်ဖို့ အကြိမ်ကြိမ် လာပြောနေတော့ နေရပ်ပြန်ရတာ။ မြေမြှုပ်မိုင်းနင်းမိမှာတော့ စိုးရိမ်တာပေါ့” လို့ လုံးလှမောင်က ဆိုပါတယ်။

လက်ရှိ နေရပ်ပြန်သွားတဲ့ နေရာဟာ နမ္မတူမြို့နယ် နဲ့ မန်တုံမြို့နယ်အစပ် ဖြစ်ပြီး လတ်တလောမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့နေရာ တစ်ခုဖြစ်ပါတယ်။

စစ်ရှောင်စခန်းမှ အမျိုးသမီး နှင့် ကလေး

“ကျနော်တို့ နေခဲ့တဲ့ နေရာ ကလည်း အခု စစ်တပ်က စခန်းချထားတာ။ အဲ့ဒီအနားမှာ KIA/PDF တွေလည်းရှိနေတယ်၊ ဒီလိုမျိုးတွေ ဖြစ်နေချိန် နေရပ် ပြန်ခိုင်းတော့ ဘယ်လိုပြန်မှာလဲ၊ ဘယ်မှာ သွားနေရမလဲ” ဆိုတဲ့ ဝမ်းနည်းစွာ ရင်ဖွင့်လာသူကတော့ စစ်ရှောင် အိုက်ခမ်း ဖြစ်ပါတယ်။

နေရပ်ပြန်ဖို့အတွက် ရွာမှာကျန်ခဲ့တဲ့ နေအိမ်နဲ့ ဥယျာဉ်ခြံတွေ ပျက်စီးသွားပြီ ဖြစ်သလို စစ်တပ်က ရွာအနီး စခန်းချထားတာကြောင့် တချို့ စစ်ရှောင်တွေကလည်း မပြန်ဘူးလို့ အိုက်ခမ်းက ပြောပါတယ်။

“ရွာကို ပြန်သွားရင်လည်း အိမ်ကတော့ မရှိတော့ဘူး။ စိုက်ပျိုးခဲ့တဲ့ သီးပင်စားပင်တွေကလည်း အားလုံး ပျက်စီးသွားပြီလေ။ ပြီးတော့ ကျနော်တို့ နေခဲ့တဲ့ နေရာ ကလည်း အခု စစ်တပ်က စခန်းချထားတာ။ အဲ့ဒီ အနားမှာ KIA/PDF တွေလည်းရှိနေတယ်၊ ဒီလိုမျိုးတွေ ဖြစ်နေချိန် နေရပ် ပြန်ခိုင်းတော့ ဘယ်မှာ သွားနေ ရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။

စစ်ရှောင်လာရတဲ့ ဇာတိရွာ နဲ့ မိုင်ပေါင်း (၃၀) ကျော်ကွာဝေးတဲ့ ကြူဆော့စစ်ရှောင်စခန်းမှာ နေထိုင်ရင်း နေ့စားအလုပ် ကြုံရာကျပန်းအလုပ်တွေကို ရရင် ရသလို လုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရပေမဲ့ နေရပ်ပြန်ရတာထက် ပိုပြီးလုံခြုံမှု ရှိတယ်လို့ အိုက်ခမ်းက ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှ ကလေးငယ်

“စခန်းကို ထောက်ပံ့ပေးတဲ့ ရိက္ခာနဲ့ တခါတလေ အပြင်ထွက်ပြီး ခြံခုတ် ယာလုပ် နေ့စားလိုက်တယ်၊ ခက်ခဲပေမဲ့ ဒီမှာနေတာက ပိုလုံခြုံမယ်ထင်တယ်၊ ကျနော်တို့ ထွက်ပြေးလာကတည်းက ရွာဘက်ကို မပြန်ရသေးဘူး၊ သူများတွေ လာပြောပြတာက အိမ်တွေ ပျက်စီးကုန်ပြီတဲ့၊ ဖြစ်လောက်မှာပါ၊ အခုချိန် ထိလည်း တိုက်ပွဲက နေ့တိုင်းဖြစ်နေတာပဲ ဆိုတော့ ကျနော် တို့ပြန်ရင် မလုံခြုံဘူး။ စစ်ဘေးရှောင်ဖို့ နေရာသစ်ရဖို့ ရှုပ်ရအုံးမယ်” လို့ ပြောပါတယ်။

၂၀၁၆ ကတည်းက နမ္မတူမြို့နယ် ကြူဆော့စစ်ရှောင်စခန်းကို ရောက်လာကြတဲ့ အိုက်ခမ်းတို့လို စစ်ရှောင်ပြည်သူတွေဟာ မန်တုံမြို့နယ်မှ ပန်ကော်ရွာ၊ လွယ်စပိတ်ရွာ၊ လွယ်ကန်ရွာ နှင့် လွယ်အန်ရွာ တွေဘက်က ဖြစ်ကြပြီး ကြူဆော့စစ်ရှောင်စခန်းမှာ ဦးရေ ၁၀၀ ကျော်ရှိပါတယ်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ကောင်စီတပ် နဲ့ တိုင်းရင်းသား လက်နက်ကိုင်ကြားတိုက်ပွဲ နဲ့ တိုင်းရင်းသား အချင်းချင်းကြား တိုက်ပွဲတွေကြောင့် စစ်ရှောင် ၁ သောင်းခွဲ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် နှစ်ပေါင်း ဆယ်စုနှစ်ကြာ ကွတ်ခိုင်မြို့နယ်က မုံးစီးကျေးရွာအနီးရှိ ပန်ယန်းခါး စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်တွေကိုလည်း စစ်ကောင်စီက နေရပ်ပြန်ရန် ဖိအားလာပေးမှုတွေရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အခုလို မြို့နဲ့နီးတဲ့ နေရာမှာနေထိုင်ရတဲ့ စစ်ရှောင်တွေဟာ စားသောက်ဖို့အတွက် ခက်ခဲနေသလို ကျန်းမာရေးအတွက်လည်း ဆေးဝါးပြတ်လပ်နေတဲ့အချိန်မှာ နေရပ်ပြန်နေရပါက ပိုပြီးကြပ်တည်းနိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။

သျှမ်းပြည်တွင်း တစ်နေရာ စစ်ရှောင်များ နေရပ်သို့ ပြန်သွားစဥ်

“ဖျားနာနေကြတဲ့ သူတွေများပေမဲ့ ဆေးဝါးမရှိဘူး၊ ဆေးရွက်ဆေးမြစ်တွေပဲ ကြိုသောက်ရတယ်၊ စားဖို့အတွက်လည်း ထမင်းကို ပြောင်းဖူးနဲ့ရောလိုက်၊ ဖရုံသီးနဲ့ရောလိုက် စားနေကြရတယ်၊ ပြီးတော့ ဒီလ ကုန်ရင် နေရပ်ပြန်ရင် ပိုခက်ခဲမယ်” လို့ စစ်ရှောင်အမျိုးသမီး က စိတ်မကောင်းစွာ ပြောပါတယ်။

စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းနေတဲ့ သျှမ်းပြည်မြောက်ပိုင်းက နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်၊ ကွတ်ခိုင် မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသေးသလို သျှမ်းပြည်တောင်ပိုင်းက ကရင်နီပြည် (ကယားပြည်) နယ်စပ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။

စစ်အာဏာ သိမ်းပြီးကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သျှမ်း – ကယား နယ်စပ်က ပြည်သူ တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ ဖယ်ခုံနဲ့ မိုးဗြဲဒေသက တိုက်ပွဲတွေကြောင့် သျှမ်းပြည်တောင်ပိုင်းထဲက မြို့နယ်တွေနဲ့ ဆီဆိုင်မြို့နယ်/ပင်လောင်းမြို့နယ်ထဲမှာ အများဆုံးသွားရောက် စစ်ရှောင်နေကြ ရပါတယ်။

လက်ရှိ အခြေအနေအရ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေဟာ စားနပ်ရိပ်က္ခာ အခက်အခဲတွေနဲ့ ကြုံနေကြရသလို လုံခြုံမှုမရှိဘဲ အခုလို အတင်းအဓမ္မ နေရပ်ပြန်ခိုင်းတာလည်း မဖြစ်သင့်ဘူးလို့ ဖယ်ခုံ – မိုးဗြဲ ဘက်လှုပ်ရှားတဲ့ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုပါတယ်။

သျှမ်းပြည်တွင်း တစ်နေရာ စစ်ရှောင်များ နေရပ်သို့ ပြန်သွားစဥ်

“ဒါမဖြစ်သင့်ဘူးလို့ ကျနော် ယူဆပါတယ်၊ ပြီးတော့ ဒီလောက်ထိ အန္တရာယ်များပြီး လုံခြုံမှု မရှိတာကို စစ်ကောင်စီက အတင်း ပြန်ခိုင်းတာဆိုတော့ လူသားချင်း စာနာထောက်ထားမှုဆိုတာ သူတို့ တွေမှာ မရှိတော့ဘူး၊ အခုဆို သူတို့ထောင်ထားတဲ့ မိုင်းအန္တရာယ်ကို ကျနော်တို့ တပ်ဖွဲ့ခွဲတွေက ရှင်းနေရတာ” လို့ ပြောပါတယ်။

သျှမ်းပြည်တောင်ပိုင်းထဲကို ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် အများစုတို့ဟာ နေရပ်စွန့်ခွာ လာခဲ့ကြစဥ် စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေယာဥ်ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောင့် နေအိမ်တွေနဲ့ မှီခိုလုပ်ကိုင်ကြမယ့် လယ်ယာခြံတွေလည်း ပျက်စီးနေပြီဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

“ကျနော်တို့ ရွာအနီးကို လက်နက်ကြီးကျလို့ ထွက်ပြေးလာခဲ့တာပါ၊ အခုက တိုက်ပွဲငြိမ်သွားပေမဲ့ မိုင်းရှင်းလင်းရေးလည်း မလုပ်ရသေးဘူးလို့ ပြောနေကြပါတယ်၊ ပြီးတော့ ကျနော်တို့ အိမ်တွေ ခြံတွေ အကုန်လုံးကို စကစက ဖျက်စီးပြီလို့လည်း သတင်းကြားတယ်၊ ဒါတွကြောင့် ကျနော်တို့ မပြန်နိုင်သေး ဘူး” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ဟာ တိုက်ပွဲတွေ စစ်ရှောင်လာတဲ့ ဒေသအသီးသီးမှာ နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ယခုလို အချိန် နေရပ်ပြန်ရမယ်ဆိုပါက အဆင်မပြေသေးသလို စစ်ရှောင်တွေကလည်း နောက်ထပ်တစ်ခေါက် စစ်ဘေးရှောင် ရမှာကို စိုးရိမ်ကြောက်လန့်နေပါတယ်။

စစ်ကောင်စီတွေအနေနဲ့ ကျေးရွာအနီးဝန်းကျင်တွေမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်းတွေကို ဆုတ်ခွာပေး ရန် လိုအပ်တဲ့ အပြင် ရှိနေတဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ခဲယမ်း အန္တရာယ်တွေအတွက် အကာအကွယ် ပေးမှုတွေ ပြုလုပ်ပြီးမှ နေရပ်ပြန်ရေးကို ဆောင်ရွက်သင့်တယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...