ပင်လုံတွင် ပိုက်ဆံချမ်းသာသည့် သူကိုပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်း

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပိုက်ဆံချမ်းသာသည့် သူများကို ပစ်မှတ်ထားပြီး ဖုန်းမှတဆင့် ခြိမ်းခြောက်ငွေတောင်းယူမှုများ ဆက်တိုက် ပြုလုပ်လာနေကြောင်း သတင်းရရှိသည်။

ပင်လုံမြို့

ဖုန်းမှ တဆင့် ခြိမ်းခြောက်ခံရသည့် သူများမှာ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ဆောက်ပစ္စည်းဆိုင်ခန်း ဖွင့်လှစ်သူများနှင့် ပိုက်ဆံချမ်းသာသည့်သူများ ဖြစ်သည်။

ထိုသူများကို အမည်မသိ အဖွဲ့အစည်းတစ်ဖွဲ့က ဖုန်းမှတဆင့် “ ပိုက်ဆံမပေးရင် ဒေါ်ညိုလို သတ်ပစ်မယ်” ဟုဆိုပြီး ခြိမ်းခြောက် ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ပင်လုံဒေသခံ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖုန်းကနေတဆင့် ဆက်ပြီးခြိမ်းခြောက်တာရှိတယ်။ PDF ဆိုပြီး မြန်မာစာနဲ့ Viber ကနေပြီး ကျည်ဖိုး အလှူခံလာတာလည်း ရှိတယ်။ မပေးရင်လည်း ဒေါ်ညိုလို သေနတ်ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ။ တချို့က သိန်း ၂၀၀ တောင်းတာခံရတယ်။ အချို့ကလည်း သိန်း ၂၀ ပေးလိုက်ရပြီလို့လည်း ပြောတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်လုံမြို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF မရှိသည့်အတွက် အမည်မသိ အဖွဲ့အစည်းတပ်ဖွဲ့ PDF ဟုအမည်ခံပြီး ဖုန်းမှတစ်ဆင့် ဒေသခံများကို ခြိမ်းခြောက်ငွေတောင်းယူမှုများ လုပ်နေကြောင်း သိရသည်။

ထိုဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၊ နားရိုင်း ပြည်သူ့စစ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ခြားသော နယ်မြေဖြစ်ကြောင်း ပင်လုံဒေသခံ တစ်ဦးက ပြောသည်။

“ပင်လုံမှာ တစ်ယောက်ပြီး တစ်ယောက်ခံနေရတယ်။ အခု ခြိမ်းခြောက်ခံထားရတဲ့သူတွေလည်း မပြောရဲဘူး။ သူတို့ ပိုက်ဆံဘယ်လောက်ပါသွားပြီလို့ ပြောလိုက်ရင် တော်ကြာ ထပ်ခံရမှာဆိုတော့ ကြောက်တယ်လေ။ အခုဒီပြဿနာလည်း ဘယ်သူမှ မဖြေရှင်းပေးသေးဘူး။ အဲ့ဒီ ခြိမ်းခြောက်ငွေတောင်းနေတဲ့ အဖွဲ့ကိုလည်း မဖမ်းမိ သေးဘူး “ ဟု ပင်လုံဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပိုက်ဆံချမ်းသာပြီး ဆိုင်ခန်းဖွင့်လှစ်သူများမှာ ယခုတွင် ကြေညာဆိုင်းဘုတ်ကို မတပ်ရဲတော့ဘဲ ယာယီ ဖြုတ်ထားရသလို ဖုန်းနံပါတ် ပြောင်းလဲခြင်း၊ တခြားဒေသသို့ ထွက်ပြေးခိုလှုံရခြင်း စသည်ဖြင့် လုံခြုံရေးကို စိုးရိမ်နေရကြောင်း သိရသည်။

“ အခု ပိုက်ဆံချမ်းသာတဲ့သူတွေ သူတို့ဆိုင်ခန်းရဲ့ ဆိုင်းဘုတ်တွေမတပ်ရဲတော့ဘူး။ ဆိုင်းဘတ်မှာ ဖုန်းနံပါတ် ပါတော့ သူတို့ အဲ့ဖုန်းနံပါတ်ကအတိုင်း ဆက်လာတယ်လေ။ အခု ဆိုင်းဘုတ်ဖြတ်ထားတဲ့ ဆိုင်ခန်းတွေ ၄ ဆိုင် လောက်ရှိတယ်။ တချို့က ဖုန်းနံပါတ်ကို ပြောင်းလိုက်ရတာ၊ အခြားဒေသကို သွားခိုလှုံရတဲ့ထိ ဖြစ်နေတယ် “ ဟု ၎င်းက ဆက်ပြောသည်။

လင်ရှိ ပင်လုံဒေသခံများသည် နေ့ဘက်မှာ ကြောက်စိတ်ဖြင့် သွားလာနေရပြီး ညနေစောင်း အမှောင်ဝင်လာပြီဆို လျှင် အိမ်ပြင်သို့ မထွက်ရဲကြတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် ပင်လုံမြို့ စက်သုံးဆီပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားတစ်ဦးက ကားဖြင့်ခေါ်ဆောင်သွားပြီး ပိုက်ဆံ ကျပ်သိန်း ၅၀၀ တောင်းယူရာ မပေးနိုင်သဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...